UEC ပြန်လည်ဖွဲ့စည်းပေးဖို့အတွက် လူ ၃၀၀ ခန့် ဆန္ဒပြ

နိုဝင်ဘာ ၂၁-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေပိုင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အလိုမရှိတဲ့အတွက် အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ ဒီကနေ့မနက်ပိုင်းက လူအင်အား ၃၀၀ကျော်
တို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာ ဦးဆောင်ဟောပြောတဲ့ သာကေတမှ ဦးစံလှကတော့” တရားမျှတာမရှိဘူး၊ ဘက်လိုက်မှုတွေရှိတယ်။ ဒါကြောင့် အခုရှိနေတဲ့ UECကို အလိုမရှိဘူး။ အသစ်ပြန်လည်ဖွဲ့စည်းပေးစေချင်တယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ စံ ၅ ရပ်ထားပြီး ၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ပြောဆိုပြီး အမှန်တကယ်လုပ်ဆောင်တဲ့အခါ ကိုယ့်သဘောနဲ့ကိုယ်လုပ်ဆောင်ခဲ့တာကြောင့် မည်သည့်အတိုင်းအတာဖြင့်ယုံကြည့်ရမလဲ”လို့ ပြောပါတယ်။

အခုလိုဆန္ဒဖော်ထုတ်ရာမှာ မြို့နယ်အုပ်ချုပ်ရေးပိုင်းကို စာတင်ထားခြင်းမရှိတဲ့အတွက် ဆန္ဒဖော်ထုတ် ဦးဆောင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့အကြား စကားအချေအတင်ဖြစ်ခဲ့ကြပါတယ်။

” UECအလိုမရှိလို့ ပြောဆိုရခြင်းဟာ မြန်မာပြည်ရဲ့ အနာဂတ်မသေဖို့ဖြစ်ပြီး နိူင်ငံတော်ကိုအုပ်ချုပ်တဲ့ အစိုးရက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်ကိုလက်ကိုင်ထားပြီး မိမိထင်ရာလုပ်ထင်ရာပြောပြီး မဲခိုး၊မဲလိမ်နေခြင်းဟာ မြန်မာနိူင်ငံအတွက်ဂုဏ်သိက္ခာကျဆင်းတယ်”လို့ ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်သူ ဒဂုံအရှေမြို့နယ်မှ ကိုတင်
ထွန်းကပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ပြန်လည်ဖွဲ့စည်းပေးရေးအတွက် ဆန္ဒထုတ်ဖော်သူတွေဟာ သာကေတ၊တောင်ဒဂုံနဲ့ ဒဂုံမြို့သစ်အရှေပိုင်းတို့ကဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ မနေ့နိုဝင်ဘာ ၂၀ရက်နေ့ကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကြောင်း အင်းစိန်၊ ဒလမြို့နဲ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတာတွေပြုလုပ်ခဲ့ပြီး အင်းစိန်မြို့မှာ ပြုလုပ်ခဲ့သူ ၅ဦးကိုတော့ ရဲတပ်ဖွဲ့က ငြိမ်းစုစီပုဒ်မ-၁၉နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #UECပြန်ဖွဲ့ပေးဖို့ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW