မိုးကုတ်နားက TNLA နဲ့ အစိုးရတပ်တို့ တိုက်ပွဲမှာ သေဆုံးဒဏ်ရာရသူတွေရှိ

မန္တလေး-နိုဝင်ဘာ-၂၅-၂၀၂၀
တာတီး+နေလင်း(VOM)

မိုးကုတ်နဲ့ ၆ မိုင်အကွာလောက်မှာရှိတဲ့ ပိန်းပြစ်ရွာ ဓါတ်တော်တောင်နဲ့ ချောင်းကြီးကြားမှာ TNLA နဲ့ အစိုးရတပ်တို့ နိုဝင်ဘာ ၂၄ရက် ည ၇ နာရီကျော်ကနေ ၉နာရီဝန်းကျင်ထိ တိုက်ပွဲဖြစ်လို့ ဒဏ်ရာရတဲ့သူတွေ မိုးကုတ်ဆေးရုံကို တချို့ရောက်လာတယ်လို့သိရပါတယ်။ မနေ့ညက တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချူပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းကြည့်တော့

“တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေတာ မိုးကုတ်မြောက် မီတာ ၂၀၀၀ မှာ သတင်းရလို့ ကင်းပုန်းဝတ်တော့ မန်နားရွာဘက်ကလာတဲ့ TNLA ၃၀ လောက်ထိတွေ့မှုဖြစ်တာပါ၊ TNLA က မြောက်ဘက်ထွက်သွားတော့ လိုက်လံရှင်းတာကနေ အပြန်လှန်ပစ်ခတ်မှုဖြစ်တာ၊ ည ၇ နာရီ ၅၀ ကနေ ၉ နာရီလောက်ထိဖြစ်တယ်။ မြို့လုံခြုံရေးသတင်းရလို့ ကင်းပုန်းဝတ်ရင်းနဲ့ ဖြစ်တာပါ။ မိုးကုတ်မှာကလည်း TNLA ကနေ လွန်ခဲ့တဲ့ ၄လလောက်က မိုးကုတ်ကနေဆင်းတဲ့ ရဲတွေဖမ်းတာ စိမ့်ဝင်လှုပ်ရှားနေတာ သိရတယ်။ ထိခိုက်ကျဆုံးကတော့ ကျနော်တို့ဘက်က စစ်သည် ၁ဦးကျပြီး တယောက်ဒဏ်ရာရပါတယ်” လို့ ဖြေပါတယ်။

ဒီတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး TNLA ကိုVOM က ဆက်သွယ်နေပေမယ့် အဆက်သွယ်မရသေးလို့ သူတို့ဘက်က တုံ့ပြန်ချက်ကို မသိရသေးပါဘူး။ အမည်မဖေါ်လိုတဲ့ မိုးကုတ်ဒေသခံတယောက်ပြောပြတာကတော့
“မိုးကုတ်တိုက်ပွဲဖြစ်စဥ်က ဆက်ကြေးလာကောက်လို့ တပ်နဲ့ထိတွေမှုဖြစ်တာမဟုတ်ပါဘူး၊ မူးယစ်ဆေးဝါးတွေကို TNLA နယ်မြေကိုဖြတ်ကျော်ပြီးသယ်နေလို့. လာရောက်ပြီး မူးယစ်ဆေးဝါးမသုံးဖို့၊ မသယ်ဖို့လာပြောတယ်။ ရွာတွေက မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ခေါ်ဆုံးမတာတွေရှိတယ်။ တပ်ကလည်းဒေသအတွင်းအပြောင်းအရွှေ့လုပ်နေတော့ နယ်မြေကလည်း TNLA ဝင်လို့ရတဲ့နယ်မြေမဟုတ်ဘူး ဒါကြောင့်ထိတွေမှုဖြစ်တာပါ” လို့ဆိုပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ တိုက်ပွဲနဲ့ဆက်စပ်ပြီး မိုးကုတ်ဆေးရုံကို ထိခိုက်ဒဏ်ရာရ လူနာ ၄ယောက်ရောက်လာတယ်လို့သိရပါတယ်။ မိုးကုတ်မြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက်ကိုမေးကြည့်တော့

“ ဒီမနက်ပိုင်းမှာ ငြိမ်တယ် အပြင်မှာအသံတချို့ကြားတာတော့ တပ်က အနည်းကျဉ်းထိလို့ ဆေးရုံရောက်တယ်ကြားတယ် သွာကြည့်လို့တော့မရဘူး ရွေဂူကြီးကျောင်းကို စစ်ရှောင် ၂၀ ကျော်ထပ်ရောက်တယ် အရင်က ၆၀ ကျော်ရှိတယ် လတ်တလော ဘုန်းကြီးကကျွေးထားပါတယ်” လို့ပြောပါတယ်။

ခါတိုင်းနှစ်တွေကလည်း ဒီလိုပွင့်လင်းရာသီအစမှာ တိုက်ပွဲငယ် ခဏတဖြုတ်ဖြစ်တတ်ပေမယ့် ခဏနေရင် အေးချမ်းသွားတတ်လို့ ဒေသခံတွေကတော့ အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

#Voiceofmyanmar #VOM #မိုးကုတ်တိုက်ပွဲ #TNLA

zawgyi

မိုးကုတ္နားက TNLA နဲ႔ အစိုးရတပ္တို႔ တိုက္ပြဲမွာ ေသဆုံးဒဏ္ရာရသူေတြရွိ

မႏၲေလး-ႏိုဝင္ဘာ-၂၅-၂၀၂၀
တာတီး+ေနလင္း(VOM)

မိုးကုတ္နဲ႔ ၆ မိုင္အကြာေလာက္မွာရွိတဲ့ ပိန္းျပစ္႐ြာ ဓါတ္ေတာ္ေတာင္နဲ႔ ေခ်ာင္းႀကီးၾကားမွာ TNLA နဲ႔ အစိုးရတပ္တို႔ ႏိုဝင္ဘာ ၂၄ရက္ ည ၇ နာရီေက်ာ္ကေန ၉နာရီဝန္းက်င္ထိ တိုက္ပြဲျဖစ္လို႔ ဒဏ္ရာရတဲ့သူေတြ မိုးကုတ္ေဆး႐ုံကို တခ်ိဳ႕ေရာက္လာတယ္လို႔သိရပါတယ္။ မေန႔ညက တိုက္ပြဲျဖစ္စဥ္နဲ႔ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဴပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ေမးျမန္းၾကည့္ေတာ့

“တပ္မေတာ္က နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္ေနတာ မိုးကုတ္ေျမာက္ မီတာ ၂၀၀၀ မွာ သတင္းရလို႔ ကင္းပုန္းဝတ္ေတာ့ မန္နား႐ြာဘက္ကလာတဲ့ TNLA ၃၀ ေလာက္ထိေတြ႕မႈျဖစ္တာပါ၊ TNLA က ေျမာက္ဘက္ထြက္သြားေတာ့ လိုက္လံရွင္းတာကေန အျပန္လွန္ပစ္ခတ္မႈျဖစ္တာ၊ ည ၇ နာရီ ၅၀ ကေန ၉ နာရီေလာက္ထိျဖစ္တယ္။ ၿမိဳ႕လုံၿခဳံေရးသတင္းရလို႔ ကင္းပုန္းဝတ္ရင္းနဲ႔ ျဖစ္တာပါ။ မိုးကုတ္မွာကလည္း TNLA ကေန လြန္ခဲ့တဲ့ ၄လေလာက္က မိုးကုတ္ကေနဆင္းတဲ့ ရဲေတြဖမ္းတာ စိမ့္ဝင္လႈပ္ရွားေနတာ သိရတယ္။ ထိခိုက္က်ဆုံးကေတာ့ က်ေနာ္တို႔ဘက္က စစ္သည္ ၁ဦးက်ၿပီး တေယာက္ဒဏ္ရာရပါတယ္” လို႔ ေျဖပါတယ္။

ဒီတိုက္ပြဲျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး TNLA ကိုVOM က ဆက္သြယ္ေနေပမယ့္ အဆက္သြယ္မရေသးလို႔ သူတို႔ဘက္က တုံ႔ျပန္ခ်က္ကို မသိရေသးပါဘူး။ အမည္မေဖၚလိုတဲ့ မိုးကုတ္ေဒသခံတေယာက္ေျပာျပတာကေတာ့
“မိုးကုတ္တိုက္ပြဲျဖစ္စဥ္က ဆက္ေၾကးလာေကာက္လို႔ တပ္နဲ႔ထိေတြမႈျဖစ္တာမဟုတ္ပါဘူး၊ မူးယစ္ေဆးဝါးေတြကို TNLA နယ္ေျမကိုျဖတ္ေက်ာ္ၿပီးသယ္ေနလို႔. လာေရာက္ၿပီး မူးယစ္ေဆးဝါးမသုံးဖို႔၊ မသယ္ဖို႔လာေျပာတယ္။ ႐ြာေတြက မူးယစ္ေဆးဝါးသုံးစြဲသူေတြကို ေခၚဆုံးမတာေတြရွိတယ္။ တပ္ကလည္းေဒသအတြင္းအေျပာင္းအေ႐ႊ႕လုပ္ေနေတာ့ နယ္ေျမကလည္း TNLA ဝင္လို႔ရတဲ့နယ္ေျမမဟုတ္ဘူး ဒါေၾကာင့္ထိေတြမႈျဖစ္တာပါ” လို႔ဆိုပါတယ္။
အတည္မျပဳႏိုင္ေသးတဲ့ သတင္းေတြအရ တိုက္ပြဲနဲ႔ဆက္စပ္ၿပီး မိုးကုတ္ေဆး႐ုံကို ထိခိုက္ဒဏ္ရာရ လူနာ ၄ေယာက္ေရာက္လာတယ္လို႔သိရပါတယ္။
မိုးကုတ္ၿမိဳ႕ေပၚက ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတေယာက္ကိုေမးၾကည့္ေတာ့

“ ဒီမနက္ပိုင္းမွာ ၿငိမ္တယ္ အျပင္မွာအသံတခ်ိဳ႕ၾကားတာေတာ့ တပ္က အနည္းက်ဥ္းထိလို႔ ေဆး႐ုံေရာက္တယ္ၾကားတယ္ သြာၾကည့္လို႔ေတာ့မရဘူး ေ႐ြဂူႀကီးေက်ာင္းကို စစ္ေရွာင္ ၂၀ ေက်ာ္ထပ္ေရာက္တယ္ အရင္က ၆၀ ေက်ာ္ရွိတယ္ လတ္တေလာ ဘုန္းႀကီးကေကြၽးထားပါတယ္” လို႔ေျပာပါတယ္။ ခါတိုင္းႏွစ္ေတြကလည္း ဒီလိုပြင့္လင္းရာသီအစမွာ တိုက္ပြဲငယ္ ခဏတျဖဳတ္ျဖစ္တတ္ေပမယ့္ ခဏေနရင္ ေအးခ်မ္းသြားတတ္လို႔ ေဒသခံေတြကေတာ့ အေျခအေနကို ေစာင့္ၾကည့္ေနၾကတယ္လို႔ သိရပါတယ္။

#Voiceofmyanmar #VOM #မိုးကုတ္တိုက္ပြဲ #TNLA

 

 

Related posts

Leave a Comment

VOM News

FREE
VIEW