မူဆယ်က ပြည်သူ့စစ်ခေါင်းဆောင်ရဲ့နေအိမ် အသံမိုင်းနဲ့ ပစ်ခံရ

မူဆယ်၊ နိုဝင်ဘာ – ၂၆- ၂၀၂၀
တာတီး+ရှိုင်းအောင်(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်က ဦးဟန်ဝင်းရဲ့ နေအိမ်အတွင်းကို နိုဝင်ဘာ ၂၅ ရက်နေ့ ညပိုင်းမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ဦးရောက်ရှိလာပြီး နေအိမ်ရှေ့ကားလမ်းပေါ်ကနေ လက်လုပ်မိုင်းတစ်ခု နေအိမ်ဝန်း အတွင်း ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

မူဆယ်မြို့မစခန်း စခန်းမှူး ဒုရဲမှူးသန့်ဇော်ဦးကို VOM က ဆက်သွယ်မေးကြည့်တော့
“ သူတို့ကတော့ ဆီဆိုင်၊ ဘိလပ်မြေလုပ်ငန်းနဲ့ ဟိုတယ်တွေဖွင့်ထားတာ။ အသံမိုင်းကတော့ အုံး ဆိုပြီး အသံရိုက်ခက်မှုပဲရှိတာပါ၊ အသံမိုင်းရဲ့ သဘာဝက ဗျောက်အိုးတွေလို အသံပဲထွက်တာပါ လူတွေထိခိုက်နိုင်တာမျိုးတော့ ဘာမှမရှိနိုင်ပါဘူး လို့ ပြောပါတယ်။

အဲ့ဒီအသံမိုင်းက လုံထန် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကင်းသမားတွေ အိပ်တဲ့အဆောင် တံစက်မြိတ်
မျက်နှာကျက်ပေါ်ကို ပြုတ်ကျပျက်စီးခဲ့တာဖြစ်ပြီး အသံမိုင်းပေါက်ကွဲမှုကြောင့် လူတွေထိခိုက်မှုမရှိဘဲ အလုပ်သမားတန်းလျား ကော်ရစ်တာ မျက်နှာကျက်အလျား ၃၀ ပေ၊ အနံ ၄ ပေနှင့် ပြတင်းပေါက်မှန် ၂ ချပ် ကွဲအက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နေအိမ်အနီးက အောင်ချမ်းသာဟိုတယ်မှာ တပ်ဆင်ထားတဲ့ CCTV မှတ်တမ်းတွေကို ကြည့်ရှုစစ်ဆေးခဲ့တဲ့အချိန်မှာ ပန်ခမ်း တံတားဘက်ကနေ မူဆယ်မြို့ထဲကို အနွေးထည်အင်္ကျီ အနက်ရောင်ဝတ်ဆင်ထားတဲ့ အမျိုးသား(၂)ဦးက နံပါတ်မပါတဲ့ ဆိုင်ကယ်ကိုမောင်းနှင်ပြီး ခြံဝန်းနှင့် ကိုက်(၃၀)ခန့် အကွာနေရာမှာ အနောက်က လိုက်ပါလာတဲ့ အမျိုးသားက ဆိုင်ကယ်ပေါ်ကဆင်းပြီး ခြံဝင်းထဲကို အသံမိုင်း ပစ်ပြီး ထွက်ပြေးသွားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦးသတင်းပေးပို့ချက်တွေအရ သိရပါတယ်။

လုံထန် ပြည်သူ့စစ် ခေါင်းဆောင် ဦးဟန်ဝင်း ရဲ့ နေအိမ်အတွင်းကို အသံမိုင်းပစ်ဖောက်ခွဲသွားခဲ့တဲ့ အမျိုးသားနှစ်ယောက်ကို (ပ)၇၅၁/၂၀၂၀၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ဈ) နဲ့ မူဆယ်မြို့မ ရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့သိရပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ မိုင်းပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာကို နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး တရားခံ ၂ ယောက်ကို ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေ စစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

#VOM #voiceofmyanmar #မူဆယ် #အသံမိုင်းဖောက်ခွဲခံရ #ပြည်သူ့စစ်အိမ်မိုင်းနဲ့တိုက်ခိုက်

zawgyi

မူဆယ္က ျပည္သူ႔စစ္ေခါင္းေဆာင္ရဲ႕ေနအိမ္ အသံမိုင္းနဲ႔ ပစ္ခံရ

မူဆယ္၊ ႏိုဝင္ဘာ – ၂၆- ၂၀၂၀
တာတီး+ရႈိင္းေအာင္(VOM)

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕၊ စြမ္ေစာ္ရပ္ကြက္က ဦးဟန္ဝင္းရဲ႕ ေနအိမ္အတြင္းကို ႏိုဝင္ဘာ ၂၅ ရက္ေန႔ ညပိုင္းမွာ ဆိုင္ကယ္စီးလာတဲ့ အမ်ိဳးသား ၂ ဦးေရာက္ရွိလာၿပီး ေနအိမ္ေရွ႕ကားလမ္းေပၚကေန လက္လုပ္မိုင္းတစ္ခု ေနအိမ္ဝန္း အတြင္း ပစ္ခတ္ခံရၿပီး ေပါက္ကြဲမႈျဖစ္ပြားခဲ့ပါတယ္။

မူဆယ္ၿမိဳ႕မစခန္း စခန္းမႉး ဒုရဲမႉးသန႔္ေဇာ္ဦးကို VOM က ဆက္သြယ္ေမးၾကည့္ေတာ့
“ သူတို႔ကေတာ့ ဆီဆိုင္၊ ဘိလပ္ေျမလုပ္ငန္းနဲ႔ ဟိုတယ္ေတြဖြင့္ထားတာ။ အသံမိုင္းကေတာ့ အုံး ဆိုၿပီး အသံ႐ိုက္ခက္မႈပဲရွိတာပါ၊ အသံမိုင္းရဲ႕ သဘာဝက ေဗ်ာက္အိုးေတြလို အသံပဲထြက္တာပါ လူေတြထိခိုက္ႏိုင္တာမ်ိဳးေတာ့ ဘာမွမရွိႏိုင္ပါဘူး လို႔ ေျပာပါတယ္။

အဲ့ဒီအသံမိုင္းက လုံထန္ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္ကင္းသမားေတြ အိပ္တဲ့အေဆာင္ တံစက္ၿမိတ္
မ်က္ႏွာက်က္ေပၚကို ျပဳတ္က်ပ်က္စီးခဲ့တာျဖစ္ၿပီး အသံမိုင္းေပါက္ကြဲမႈေၾကာင့္ လူေတြထိခိုက္မႈမရွိဘဲ အလုပ္သမားတန္းလ်ား ေကာ္ရစ္တာ မ်က္ႏွာက်က္အလ်ား ၃၀ ေပ၊ အနံ ၄ ေပႏွင့္ ျပတင္းေပါက္မွန္ ၂ ခ်ပ္ ကြဲအက္ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။

 

ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေနအိမ္အနီးက ေအာင္ခ်မ္းသာဟိုတယ္မွာ တပ္ဆင္ထားတဲ့ CCTV မွတ္တမ္းေတြကို ၾကည့္ရႈစစ္ေဆးခဲ့တဲ့အခ်ိန္မွာ ပန္ခမ္း တံတားဘက္ကေန မူဆယ္ၿမိဳ႕ထဲကို အေႏြးထည္အက်ႌ အနက္ေရာင္ဝတ္ဆင္ထားတဲ့ အမ်ိဳးသား(၂)ဦးက နံပါတ္မပါတဲ့ ဆိုင္ကယ္ကိုေမာင္းႏွင္ၿပီး ၿခံဝန္းႏွင့္ ကိုက္(၃၀)ခန႔္ အကြာေနရာမွာ အေနာက္က လိုက္ပါလာတဲ့ အမ်ိဳးသားက ဆိုင္ကယ္ေပၚကဆင္းၿပီး ၿခံဝင္းထဲကို အသံမိုင္း ပစ္ၿပီး ထြက္ေျပးသြားတယ္လို႔ ရဲတပ္ဖြဲ႕ရဲ႕ ကနဦးသတင္းေပးပို႔ခ်က္ေတြအရ သိရပါတယ္။

လုံထန္ ျပည္သူ႔စစ္ ေခါင္းေဆာင္ ဦးဟန္ဝင္း ရဲ႕ ေနအိမ္အတြင္းကို အသံမိုင္းပစ္ေဖာက္ခြဲသြားခဲ့တဲ့ အမ်ိဳးသားႏွစ္ေယာက္ကို (ပ)၇၅၁/၂၀၂၀၊ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒပုဒ္မ-၅၀(ဈ) နဲ႔ မူဆယ္ၿမိဳ႕မ ရဲစခန္းမွာ အမႈဖြင့္ေဆာင္႐ြက္ထားတယ္လို႔သိရပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကေတာ့ မိုင္းေပါက္ကြဲမႈျဖစ္ပြားတဲ့ ေနရာကို နယ္ေျမခံလုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြက သြားေရာက္ၿပီး မိုင္းရွင္းလင္းေရးလုပ္ငန္း ေဆာင္႐ြက္ခဲ့ၿပီး တရားခံ ၂ ေယာက္ကို ဖမ္းဆီးရမိေရးအတြက္ ပိတ္ဆို႔ရွာေဖြ စစ္ေဆးေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။

#VOM #voiceofmyanmar #မူဆယ္ #အသံမိုင္းေဖာက္ခြဲခံရ #ျပည္သူ႔စစ္အိမ္မိုင္းနဲ႔တိုက္ခိုက္

 

 

Related posts

Leave a Comment

VOM News

FREE
VIEW