ရုပ်လှတာကြည့်ရွေးပြီး စိတ်ဓါတ်မကောင်းရင် အိမ်ထောင်ရေးအဆင်မပြေနိုင်ဘူးဆိုတဲ့ မြနှင်းရည်လွင်

နိုဝင်ဘာ ၂၆-၂၀၂၀

မျက်ပြေ(VOM)

မာယာလှည့်ကွက် ဇာတ်လမ်းတွဲမှာ ဟန်နီချိုဆိုတဲ့ ဇာတ်ကောင်ရဲ့သရုပ်ဆောင်ချက်နဲ့ ကိုက်ညီလွန်းလို့ ပရိသတ်သဘောကျခဲ့ရတဲ့  မြနှင်းရည်လွင်က ကိုဗစ်ကာလမှာတော့ အိမ်မှာနေရင်း ဘုရားတရားအလုပ်​‌ေတွနဲ့ ဇာတ်လမ်းတွဲတွေပဲ ကြည့်ဖြစ်နေတယ်လို့သိရပါတယ်။ ရရှိတဲ့ ကာရိုက်တာကို ပေါ်လွင်အောင် သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်အားပေးမှုများစွာ ရရှိနေသူတစ်ဦးဖြစ်ပြီး ပြင်ပလောကက သူမရဲ့ အချစ်ရေးကိစ္စကိုလဲ စိတ်ဝင်စားမှုခံနေရသူလည်း ဖြစ်ပါတယ်

 

“ လက်ရှိမှာ အချစ်ရေးနဲ့ ပတ်သတ်ပြီး ပရိသတ်ကို အသိမပေးချင်ပေမယ့် ကိုယ့်ထက်အသက်ကြီးသူကိုသာ ရွေးချယ်ပြီး မှီခိုအားကိုးချင်သူတစ်ဦး ပါ၊ ရုပ်ရည်လှပတာတစ်ခုပဲကြည့်ပြီး ရွေးချယ်ရင်လည်း စိတ်ဓါတ်မကောင်းရင် ဘာမှလုပ်လို့မရဘူးလေ။ ဒီအသက်အရွယ်မှာ အချစ်ကြောင်းပြောလို့မကောင်းဘူးဆိုပေမယ့် တစ်ယောက်တည်းနေတော့မယ် ပြောပြီးမှ အိမ်ထောင်ပြုဖြစ်ခဲ့ရင်လည်း မကောင်းဘူး ကြိုမသိနိုင်ဘူးလေ” ဆိုပြီး အိမ်ထောင်ရေးနဲ့ပတ်သတ်တဲ့ သူမရဲ့ ရွေးချယ်ချင်တဲ့ အိမ်ထောင်ဖက်ပုံစံကို ပြောပါတယ်။

 

လက်ရှိမှာတော့ သူမပါဝင် ရိုက်ကူးထားတဲ့ ကြမ္မာနွံ ဇာတ်လမ်းတွဲကို MRTVရုပ်သံမှာပြသလျက်ရှိပြီး ဇနီးချောများကွန်ယက် ဇာတ်လမ်းတွဲကိုတော့ MNTV ရုပ်သံမှာ ပြသတော့မယ်လို့ သိရပါတယ်။ ရိုက်ကူးဖို့ပြောထားတဲ့ ဇာတ်ကားတွေ ရှိပေမယ့် ကိုဗစ်ကာလကြောင့် မရိုက်ဖြစ်သေးဘူးလို့ လည်းသိရပါတယ်။

 

#voiceofmyanmar #VOM #အနုပညာ # မြနှင်းရည်လွင်

zawgy

႐ုပ္လွတာၾကည့္ေ႐ြးၿပီး စိတ္ဓါတ္မေကာင္းရင္ အိမ္ေထာင္ေရးအဆင္မေျပႏိုင္ဘူးဆိုတဲ့ ျမႏွင္းရည္လြင္

ႏိုဝင္ဘာ ၂၆-၂၀၂၀
မ်က္ေျပ(VOM)

မာယာလွည့္ကြက္ ဇာတ္လမ္းတြဲမွာ ဟန္နီခ်ိဳဆိုတဲ့ ဇာတ္ေကာင္ရဲ႕သ႐ုပ္ေဆာင္ခ်က္နဲ႔ ကိုက္ညီလြန္းလို႔ ပရိသတ္သေဘာက်ခဲ့ရတဲ့ ျမႏွင္းရည္လြင္က ကိုဗစ္ကာလမွာေတာ့ အိမ္မွာေနရင္း ဘုရားတရားအလုပ္ေတြနဲ႔ ဇာတ္လမ္းတြဲေတြပဲ ၾကည့္ျဖစ္ေနတယ္လို႔သိရပါတယ္။ ရရွိတဲ့ ကာ႐ိုက္တာကို ေပၚလြင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္သူျဖစ္တာေၾကာင့္ ပရိသတ္အားေပးမႈမ်ားစြာ ရရွိေနသူတစ္ဦးျဖစ္ၿပီး ျပင္ပေလာကက သူမရဲ႕ အခ်စ္ေရးကိစၥကိုလဲ စိတ္ဝင္စားမႈခံေနရသူလည္း ျဖစ္ပါတယ္

“ လက္ရွိမွာ အခ်စ္ေရးနဲ႔ ပတ္သတ္ၿပီး ပရိသတ္ကို အသိမေပးခ်င္ေပမယ့္ ကိုယ့္ထက္အသက္ႀကီးသူကိုသာ ေ႐ြးခ်ယ္ၿပီး မွီခိုအားကိုးခ်င္သူတစ္ဦး ပါလို႔ ဆိုပါတယ္။ ႐ုပ္ရည္လွပတာတစ္ခုပဲၾကည့္ၿပီး ေ႐ြးခ်ယ္ရင္လည္း စိတ္ဓါတ္မေကာင္းရင္ ဘာမွလုပ္လို႔မရဘူးေလ။ ဒီအသက္အ႐ြယ္မွာ အခ်စ္ေၾကာင္းေျပာလို႔မေကာင္းဘူးဆိုေပမယ့္ တစ္ေယာက္တည္းေနေတာ့မယ္ ေျပာၿပီးမွ အိမ္ေထာင္ျပဳျဖစ္ခဲ့ရင္လည္း မေကာင္းဘူး ႀကိဳမသိႏိုင္ဘူးေလ” ဆိုၿပီး အိမ္ေထာင္ေရးနဲ႔ပတ္သတ္တဲ့ သူမရဲ႕ ေ႐ြးခ်ယ္ခ်င္တဲ့ အိမ္ေထာင္ဖက္ပုံစံကို ေျပာပါတယ္။

လက္ရွိမွာေတာ့ သူမပါဝင္ ႐ိုက္ကူးထားတဲ့ ၾကမၼာႏြံ ဇာတ္လမ္းတြဲကို MRTV႐ုပ္သံမွာျပသလ်က္ရွိၿပီး ဇနီးေခ်ာမ်ားကြန္ယက္ ဇာတ္လမ္းတြဲကိုေတာ့ MNTV ႐ုပ္သံမွာ ျပသေတာ့မယ္လို႔ သိရပါတယ္။ ႐ိုက္ကူးဖို႔ေျပာထားတဲ့ ဇာတ္ကားေတြ ရွိေပမယ့္ ကိုဗစ္ကာလေၾကာင့္ မ႐ိုက္ျဖစ္ေသးဘူးလို႔ လည္းသိရပါတယ္။

#voiceofmyanmar #VOM #အႏုပညာ # ျမႏွင္းရည္လြင္

 

 

Related posts

Leave a Comment

VOM News

FREE
VIEW