လူ ၃၀ သာရှိတဲ့ ဦးမောင်ရုံးဘိုးဘွားရိပ်သာမှာ၂၇ဦး ကိုဗစ်ပိုးတွေ့

နိုဝင်ဘာ ၂၈-၂၀၂၀
အေးချမ်းသူ(VOM)

ဥက္ကံမြို့မှာ လူဦးရေ ၃၀ သာ ရှိတဲ့ ဦးမောင်ရုံး+ဒေါ်ရင် ဘိုးဘွားရိပ်သာမှာ ကိုဗစ်ပိုးတွေ့လူနာ ၂၇ဦး အထိရှိပြီး ရန်ကုန်တိုင်းနဲ့ ချိတ်ဆက်ကာ လိုအပ်တဲ့ကိစ္စတွေကို ကူညီပေးနေတယ်လို့ ဥက္ကံမြို့ရှိမေတ္တာရေစင်လူနာတင်ယာဉ်အသင်းမှ ဦးညိုပြာက ပြောပါတယ်။

ဦးမောင်ရုံးဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအားအနံ့ပျောက်နေတဲ့အတွက် မနေ့ နိုဝင်ဘာ ၂၇ရက်နေ့က စစ်ဆေးရာ ဒု-ရိပ်သာမှူး တစ်ဦး၊ အဘိုးအဘွား ၉ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဥက္ကံမြို့နယ် COVID-19 ရောဂါ ကာကွယ်တုံ့ပြန်မှုကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဦးဇာနည်ကပြောပါတယ်။

“ဒီနေ့ မနက်ထပ်စစ်တယ်ဗျ ၁၇ဦးထပ်တွေ့တယ်၊ လော့ခ်ဒေါင်းချထားတယ်၊ ရန်ကုန်ကိုပို့မှာပါ အကုန်လုံးကို”လို့ ဦးဇာနည်ကပြောပါတယ်။

မြို့နယ်COVID-19 ရောဂါ ကာကွယ်တုံ့ပြန်မှုကြီးကြပ်ရေးကော်မတီက ဒီကနေ့မနက်ပိုင်းမှာ RDT Tast Kitနဲ့ စစ်ဆေးခဲ့ရာ အဖိုး(၈)ဦး၊ အဖွား(၉)ဦး စုစုပေါင်း(၁၇)ဦးမှာပါ ကိုဗစ်ရောဂါ (Positive)ဖြစ်ပြီး အဖွား(၁)ဦးနဲ့ အမျိုးသမီးဝန်ထမ်း နှစ်ဦးသာ ရောဂါကူးစက်ခံရမှုမ‌တွေ့ရှိ(Negative)ဘူးလို့ ဦးဇာနည်က ရှင်းပြပါတယ်။

လက်ရှိမှာတော့ ဦးမောင်ရုံး+ဒေါ်ရင် ဘိုးဘွားရိပ်သာကို လော့ခ်ဒေါင်းချထားတဲ့အပြင် ဆက်စပ်နေသူတွေကိုရှာဖွေသွားမှာဖြစ်ပြီး ကျန်ရှိတဲ့ အဖွား(၁)ဦးနှင့် ရိပ်သာမှူးအပါအဝင် ဝန်ထမ်း(၃)ဦးကိုပါ ထပ်မံစစ်ဆေးသွားမည်ဖြစ်တယ်လို့ မြို့ နယ်COVID-19 ရောဂါ ကာကွယ်တုံ့ပြန်မှုကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။

ကိုဗစ်ပိုးတွေ့တဲ့ ရိပ်သာ တာဝန်ရှိသူတွေနဲ့ ဘိုး၊ဘွား ၂၇ဦးကို သက်ဆိုင်ရာ ကိုဗစ်ရောဂါ ကုသရေးစင်တာတွေကို နိုဝင်ဘာ ၂၉ရက်နေ့မှာ ပို့ဆောင်သွားမှာဖြစ်တယ်လို့ မြို့ COVID-19 ရောဂါ ကာကွယ်တုံ့ပြန်မှုကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်ဦးဇာနည်ကပြောပါ
တယ်။

Photo – AT(မီးအိမ်ရှင်)
#voiceofmyanmar #VOM #ဥက္ကံ #ဘိုးဘွားရိပ်သာ #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW