ပျဉ်းမနား-ဒီဇင်ဘာ-၁၉-၂၀၂၀ ကိုထွန်း(VOM) ၂၀၂၁ -၂၀၂၂ ကြံရာသီအမီ ကြံသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေး ကူညီဖြေရှင်းပေးဖို့ ကြံတောင်သူတွေက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနတွေကို စာပို့ပြီးတော့ သတင်းစာရှင်းလင်းပွဲကိုလည်း ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းက ပျဥ်းမနားသကြားစက်အနီးက ကြံတောင်သူ ဦးကျော်ဝင်းရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၁ -၂၀၂၂ ခုနှစ်ကြံရာသီမှာ ပျဉ်းမနားသကြားစက် ပိတ်မှာဖြစ်လို့ ကြံမဝယ်တော့ဘူးလို့ အကြောင်းကြားလာတာမို့ ပျဥ်းမနားသကြားစက် ဆက်လက်လည်ပတ်နိုင်ရေးနဲ့ ကြံသီးနှံစိုက်ပျိုးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌဆီကိုအသနားခံစာပေးပို့တဲ့ကိစ္စ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကြံစိုက်တောင်သူ ဦးသိန်းရွှေက ”ပျဥ်းမနားသကြားစက်ရှိ စက်ရုံ(၃)ရုံကို ယုဇနကုမ္ပဏီလီမိတက်က အစိုးရထံမှ နှစ်သုံးဆယ်စာချုပ်ဖြင့် (၃၀.၈.၂၀၁၁)ခုနှစ်မှ စတင်ငှားရမ်းလည်ပတ်ခဲ့ပါကြောင်း ၂၀၂၀ -၂၀၂၁ ကြံရာသီအထိ (၉)နှစ်လည်ပတ်ခဲ့ပြီး ၂၀၂၁ -၂၀၂၂ လာမည့်နှစ်ကြံရာသီမှစ၍ ကြံဝယ်ယူခြင်းမပြုတော့ကြောင်း ကြံတောင်သူများကို…
Read MoreYear: 2020
လေကြောင်းနဲ့ ခရီးသွားမယ့်သူတွေကို COVID-19 ပိုး ရှိမရှိ စစ်ဆေးပေး
မန္တလေး၊ ဒီဇင်ဘာ ၁၉- ၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးမြို့ကနေ လေကြောင်းနဲ့ ခရီးသွားလာမယ့် သူတွေကို COVID-19 ပိုး ရှိမရှိ ကွာရန်တင်း ၁ ရက်ဝင်ခိုင်းကာ စစ်ဆေးပေးနေတယ်လို့ ချမ်းမြသာစည်မြို့နယ် ဒု-အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းက ပြောပါတယ်။ ” အခုကတော့ ပိုးရှိမရှိ စစ်ပေးတဲ့ အစီအစဉ်ကိုတော့ ပြောင်းထားတယ်၊ ဘာလို့လဲဆိုတော့ စစ်ဆေးမယ့်သူလာရင် PPE ဝတ်ရတယ်ဗျာ၊ နောက်တစ်ယောက်လာရင်လည်း ဝတ်ရတယ်ဗျာ၊ နောက်တစ်ခုက ဘာလို့လဲဆိုရင် အဲ့ဒီမှာစစ်လို့ မပြောကောင်း မဆိုကောင်း Positive ထွက်လို့ရှိရင် တွေ့တွေ့ချင်း ဆေးရုံကို ချက်ချင်းကြီး ပို့လို့ရပေမယ့် လေယာဉ်နဲ့သွားမယ့်သူတွေကို ကွာရန်တင်းစင်တာတွေမှာ စစ်ပါ့မယ်၊ တစ်ရက်ကြိုပြီး စာရင်းပေးရမယ်၊ ငွေသွင်းပေးရမယ်၊ နောက်တစ်နေ့ကြမှ သူတို့ရဲ့ သတ်မှတ်ထားတဲ့ ကွာရန်တင်းစင်တာ ၂ ခုမှာ လာစစ်ရမယ်၊ တကယ်လို့ ပိုးတွေ့ပြီဆိုလို့ရှိရင် ကွာရန်တင်းစင်တာထဲမှာ တစ်ခါထဲထိန်းထားပြီးတော့…
Read Moreမန္တလေးလေဆိပ်မှာ ပြည်တွင်းလေကြောင်း ပြန်လည်ပြေးဆွဲ
မန္တလေး၊ ဒီဇင်ဘာ- ၁၉-၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မန္တလေး<>ရန်ကုန်၊ မန္တလေး<>မြစ်ကြီးနားခရီးစဉ် ပြည်တွင်းလေကြောင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ပါတယ်။ “အန်တီက ဒီနေ့လာမယ့်ခရီးမှာ မနေ့က Touris Burma မှာ ဆေးစစ်ရတယ် သူတို့ကနေ ကျန်းမာရေးက negative ဖြဝ်တယ်ဆိုတဲ့အကြောင်း ထုတ်ပေးတယ်၊ ကျန်းမာရေးဝန်ကြီးဌာနကတော့ Stay at Home to Stay at Home ဆိုရင် No Quarantine ပေါ့ Stay at Home ကနေ Non Stay at Home ဆို ကွာရန်တင်းဝင်ရမယ်လို့သိတယ်” လို့ ရန်ကုန်မြို့၊ သင်္ကန်းကျွန်းကလာတဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။ ဒီနေ့ ရန်ကုန်ကနေ လေကြောင်းခရီးစဉ်နဲ့ အမျိုးသား၊ ၇ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၄ ဦး…
Read Moreတာဝေးပစ် ခရုဇ်ဒုံးပျံသစ် ထုတ်လုပ်ဖို့ ဂျပန်အစိုးရဆုံးဖြတ်
တိုကျို၊ ဒီဇင်ဘာ ၁၉-၂၀၂၀ မျိုးဆက် (VOM) ဂျပန်အစိုးရဟာ ပြင်ပကတိုက်ခိုက်လာတဲ့ ဒုံးပျံတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနိုင်တဲ့ တာဝေးပစ် ဒုံးပျံအမျိုးအစားသစ် ထုတ်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၈ ရက်ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဒုံးပျံကာကွယ်ရေး မူဝါဒသစ်ကို ဂျပန်အစိုးရက အတည်ပြုခဲ့တာဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ ရန်သူနယ်မြေအတွင်းရှိ ပဲ့ထိန်းဒုံးပျံတွေကို ဖျက်ဆီးဖို့နဲ့ ရန်သူ့စခန်းတွေကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ဒုံးပျံတွေပိုင်ဆိုင်ရေးနဲ့ တိုက်ရိုက်ပတ်သက်မှုမရှိပါဘူး။ ဂျပန်အစိုးရအနေနဲ့ နိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည် ပိုမိုခိုင်မာတောင့်တင်းဖို့အတွက်သာ ဒုံးပျံသစ်ထုတ်လုပ်ရေးကို ဆက်လက်လေ့လာမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဂျပန်အစိုးရဟာ လက်ရှိမြေပြင်မှတစ်ဆင့် သင်္ဘောတွေကိုပစ်ခတ်နိုင်တဲ့ ဒုံးပျံတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဖို့စီစဉ်နေပါတယ်။ အသစ်ထုတ်လုပ်မယ့် တာဝေးပစ်ခရုဇ်ဒုံးပျံတွေကတော့ စစ်သင်္ဘောနဲ့ လေယာဉ်တွေပေါ်ကနေလည်း ပစ်ခတ်နိုင်မှာဖြစ်ပါတယ်။ Rer: NHK Photo: Getty Images #voiceofmyanmar #VOM #တိုကျို
Read Moreအသည်းနုတဲ့လူကြမ်းကြီး အောင်ခိုင်နဲ့ ဇနီးချောဝါဝါအောင်တို့ ကိုဗစ်ကာလမှာ ဘာလုပ်နေသလဲ
မျက်ပြေ(VOM) ကိုလူချော အဖွဲ့ဝင်မဟုတ်ပေမယ့် လူကြမ်းရယ်လို့ သတ်သတ်မှတ်မှတ် လုပ်နေသူတွေကို အဖွဲ့စည်းမျဉ်းလေးတွေအတိုင်း လူကြမ်းတွေအကုန်လံုး ကိုလူချောအဖွဲ့ဝင်ဖြစ်အောင် လုပ်ပေးဖို့ရှိတယ်ဆိုတဲ့ ဦးအောင်ခိုင် နဲ့ မမများအဖွဲ့ဖွဲ့စည်းထားတာ ၁၈နှစ်လောက်ရှိပြီ အဖွဲ့ထဲမှာလည်း အရမ်းအဆင်မပြေတဲ့သူတွေ ရှိတယ်ဆိုတဲ့ ဝါဝါအောင် တို့ရဲ့ ရင်ဖွင့်သံများ #voiceofmyanmar #VOM #အောင်ခိုင် #ဝါဝါအောင်
Read Moreတရုတ်အစိုးရက နှစ်ရှည်ဖမ်းဆီးထားတဲ့ မြန်မာနိူင်ငံသား ၁၄၀ကျော်ကို ပြန်လွှတ်ပေး
ဒီဇင်ဘာ ၁၉-၂၀၂၀ အေးချမ်းသူ(VOM) တရုတ်ပြည်မှာ နှစ်ရှည်ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာနိူင်ငံသား ၁၄၆ ဦးကို မနေ့ ဒီဇင်ဘာ ၁၈ရက် နေ့လယ်ပိုင်းက ပြန်လည်လွှတ်ပေးခဲ့တယ်လို့ မူဆယ်တရုတ်ကျောင်း ထောင်လွဲ ကွာရန်တင်းစင်တာ တာဝန်ခံ ဦးမန်းမျိုးမြင့်က VOMကိုပြောပါတယ်။ “တရုတ်ပြည်မှာ အလုပ်သွားလုပ်နေတဲ့ မြန်မာတွေ အကြောင်းအမျိုးမျိုးကြောင့် ထောင်ကျနေတဲ့သူတွေပေါ့၊ နှစ်ရှည်ထောင်ကျနေတဲ့သူတွေ ပါသလို၊ လပိုင်းလောက်ပဲ ထောင်ကျနေတဲ့သူတွေလည်း ပါတယ်”လို့ ဦးမန်းမျိုးမြင့်က VOMကိုပြောပါတယ်။ တရုတ်နိူင်ငံရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းကျနေသူ မြန်မာနိူင်ငံသား ကျား ၇၉ ၊ မ ၆၇ဦး စုစုပေါင်း ၁၄၆ဦးကို တရုတ်အစိုးရက ပြန်လည်လွှတ်ပေးခဲ့တာဖြစ်ပြီး ပြစ်ဒဏ်ကျခံရသူတွေအထဲမှာ ထောင်ဒဏ် လေးလ ကနေ အနှစ် ၂၀အထိပါဝင်ကြောင်း ဦးမန်းမျိုးမြင့်က ရှင်းပြပါတယ်။ ဒါ့အပြင် ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာလူမျိုးတွေကို ဒီကနေ့မနက်မှာ ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးပြီး ရောဂါပိုးမရှိတဲ့သူတွေကို နေရပ်ပြန်နိူင်ရေးအတွက်…
Read Moreအိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်းမှာ ဘင်္ဂလားဒေ့ရှ်ပါဝင်လို
ဒါကာ၊ ဒီဇင်ဘာ ၁၈-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယကဦးဆောင်စီစဉ်နေတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်းမှာ ဘင်္ဂါလားဒေ့ရှ်အနေနဲ့ ပါဝင်လိုတယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက အိန္ဒိယဝန်ကြီးချုပ်မိုဒီကို ပြောကြားလိုက်ပါတယ်။ အဲ့ဒီစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ပိုးလမ်းမစီမံကိန်းအပေါ် အိန္ဒိယနိုင်ငံရဲ့ တုံ့ပြန်မှု တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံရေးအကဲခတ်တွေက ရှုမြင်ထားကြပါတယ်။ ပိုးလမ်းမစီမံကိန်းကတော့ တရုတ်နိုင်ငံကို အရှေ့တောင်အာရှ၊ တောင်အာရှနဲ့အခြားဒေသတွေနဲ့ ကုန်သွယ်ရေး ဆက်သွယ်ကူးလူးနိုင်ဖို့ ဆိပ်ကမ်း၊ ရထားလမ်းနဲ့ ကားလမ်းတွေ ချိတ်ဆက်တည်ဆောက်မှာဖြစ်ပါတယ်။ အိန္ဒိယဦးဆောင်တဲ့ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကတော့ သူ့ရဲ့အရှေ့မျှော်မူဝါဒရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသ၊ အာရှပစိတ်ဖိတ်ဒေသတွေနဲ့ စီးပွားရေးနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့ အိန္ဒိယနိုင်ငံက ကြိုးစားနေတာဖြစ်ပါတယ်။ ကီလိုမီတာ ၁၃၆၀ အရှည်ရှိတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးဟာ ဒေါ်လာသန်း ၁၄၀ တန်ကြေးရှိပြီး အိန္ဒိယနိုင်ငံအရှေ့ပိုင်း မဏိပူရပြည်နယ်ရှိ မိုရေးကို ထိုင်းနိုင်ငံမဲဆောက်နဲ့ မြန်မာနိုင်ငံမှတစ်ဆင့် ဆက်သွယ်ဖို့ ရည်ရွယ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်…
Read Moreပထမဦးဆုံး ရန်ကုန် – ကျိုက်ထီးရိုး – ဘားအံ့- ရန်ကုန်ခရီးစဉ် လေယာဉ်အနိမ့် ပျံသန်းမယ်
ဒီဇင်ဘာ ၁၈-၂၀၂၀ ယဉ်ပပထွန်း ( VOM) မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် အနိမ့်ပျံသန်းမယ့် ရန်ကုန် -ကျိူက်ထီးရိုး – ဘားအံံ့ – ရန်ကုန်ခရီးစဉ်ကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းနဲ့ မြန်မာအမျိုးသားလေကြောင်းရဲ ့ATR-72 လေယာဉ်နဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်(၉ )နာရီကနေ စတင်ပျံသန်းသွားမှာဖြစ်ပါတယ်။ ပျံသန်းရာမှာ ရန်ကုန်လေဆိပ်ကနေ ကျိုက်ထီးရိုး – ဘားအံ ဝန်းကျင်တစ်ဝိုက်အထိ အမြင့်ပေ ၃၀၀၀ ခန့်မှပျံသန်းကာ ရန်ကုန်လေဆိပ်ကို ပြန်လည်ဆင်းသက်မှာ ဖြစ်ပါတယ်။ ပျံသန်းနေချိန်အတွင်းမှာ ဘားအံ့ တစ်ဝိုက်ရှိ ကောင်းကင်မှ ရှုခင်းအလှအပများကြည့်နိုင်မှာဖြစ်သလို ကျိုက်ထီးရိုးစေတီတော်ကြီးကိုလည်း ကောင်းကင်ကနေ ဖူးမျှော်ကြည်ညိုနိုင်ဖို့အတွက် စေတီတော်တစ်ဝိုက်ပတ်ပြီး ပျံသန်းပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ” ခရီးစဉ်က နေ တိုင်းမထွက်ပါဘူး ။ လေယာဉ်ကိုတော့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက စင်းလုံးဌာနက ပျံသန်းတာဖြစ်ပါတယ်။ ကျနော်တို့နဲ့ သူတို့အသင်းနဲ့ပူးပေါင်းပြီးလုပ်တာပါ”လို့ မြန်မာအမျိုးသားလေကြောင်းလိုင်းတာ တာဝန်ရှိသူတစ်ဦးကပြောပါတယ်…
Read Moreမောင်တောအခြေစိုက် DMG သတင်းထောက်တစ်ဦး ပုဒ်မ-၆၆(ဃ) နဲ့ အမှုဖွင့်ခံရ
ဒီဇင်ဘာ ၁၈- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ Development Media Group(DMG)က မောင်တော်မြို့နယ် အခြေစိုက်သတင်းထောက်တစ်ဦးကို လမ်းတံတားအထူးအဖွဲ့မှ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ) နဲ့ မောင်တော်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ DMG သတင်းဌာနက ဒီကနေ့မနက်ပိုင်းမှာပဲ ထုတ်ပြန်ချက်တစ်ခု ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ နေ့က DMG သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ မောင်တောခရိုင် (၃) မိုင် လမ်းတံတားကို ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီဖြစ်တဲ့ သတင်းနဲ့ပတ်သက်ပြီး လမ်းတံတားအထူးအဖွဲ့က အင်ဂျင်နီယာ တစ်ဦးနဲ့ ခရီးသည်တင်ကား ယာဉ်မောင်းတစ်ဦးတို့ကို အသံစုံစုံနဲ့ ဖော်ပြပေမယ့် တံတားကို ပြန်လည်ပြုပြင်ရာမှာ သစ်တန်ချိန် (၃၀) လောက်ကုန်သွားပြီဖြစ်တယ်လို့ ဖြေကြားခဲ့တာမရှိဘဲ သတင်းမှာဖော်ပြတယ်ဆိုပြီး မောင်တောအခြေစိုက်သတင်းထောက်ကို အမှုဖွင့်တရားစွဲဆိုခံထားရတာဖြစ်တယ်လို့ DMG သတင်းဌာနကနေ သိရပါတယ်။ DMG သတင်းဌာန ဒု-တာဝန်ခံအယ်ဒီတာ ဦးနေဝင်းစံကတော့ “အဲဒီ သတင်းမှာပါတဲ့…
Read Moreဗစ်တိုးရီးယားအမှုမှာ မှားဖမ်းခံရတဲ့ ကိုအောင်ကြီးက နစ်နာကြေးငွေ သိန်း ၅၀၀၀ ရလိုမှုနဲ့ တရားစွဲထားတဲ့အမှု ပထမဆုံးရုံးချိန်
နေပြည်တော်၊ ဒီဇင်ဘာ- ၁၈- ၂၀၂၀ တာတီး(VOM) နေပြည်တော်က ဗစ်တိုးရီးယားအမှုမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကိုအောင်ကြီးကို မှားယွင်းဖမ်းဆီးခဲ့တဲ့အတွက် နစ်နာကြေး သိန်း ၅ထောင်ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြန်လည်တရားစွဲခဲ့တဲ့ ကိုအောင်ကြီးရဲ့ ပထမဆုံးရုံးချိန်းကို ဒက္ခိဏခရိုင်တရားရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ “ဒီကနေ့ကျွန်တော်တို့တင်တဲ့အဆိုလွှာမှာအကျအပေါက်၊ အတိမ်းအစောင်းမရှိဘူးလို့ တရားရုံးကဆုံးဖြတ်ပါတယ်၊ အကျအပေါက်အတိမ်းအစောင်းမရှိတဲ့အတွက်ကြောင့် အဆိုလွှာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပို့ပြီးတော့ တရားမမှုတွေရဲ့ သဘောသဘာဝအရ ငြင်းချက်သမ္မာန်စာတစ်ဖက်ကိုထုတ်ရတယ်၊ အဆိုလွှာနဲ့တွဲပြီးငြင်းချက်သမ္မာန်စာထုတ်ရတယ်၊ ချိန်းတဲ့နေ့မှာငြင်းဆိုမယ်ဆိုရင်ခင်ဗျားသော်၎င်း၊ကိုယ်စားလှယိသော်၎င်းရှေ့နေသော်၎င်း၊တရားရုံးကိုခြေပလွှာတင်ပါဆိုပြီးတရားရုံးကတစ်ဖက်ကိုငြင်းချက်သမ္မာန်စာထုတ်ရပါတယ်၊ အဲလိုဖြစ်စဉ်တွေရှိလို့ တရားရုံးကအမိန့်ချလိုက်ပြီ ။ ရဲချုပ်ကိုဦးတည်ပြီးတော့ တရားရုံးကအမိန့်ဒီနေ့ထုတ်ပါပြီ၊ ဘယ်သူလာမယ်ဆိုတာတော့မသိဘူး၊ကျွန်တော်တို့ကစွဲထားတာကမြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့ရဲ့ဦးစီးဦးဆောင်ကရဲချူပ်ပေါ့နော်..သူကတော့တစ်ယောက်ယောက်ကိုတာဝန်ပေးမယ်ပေါ့နော်ဘယ်လိုဖြစ်ဖြစ်တရားရုံးကဆင့်ခေါ်ပြီဖြစ်တဲ့အတွက် လာရမယ်.လာရမယ့်နေ့က ဇန်နဝါရီ ၁၅ ရက်နေ့ဖြစ်ပါတယ်၊” “လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ တရားရုံးက ငြင်းချက်ထုတ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဆင့်ခေါ်စာထုတ်ဖို့ဆုံးဖြတ်ခဲ့ပြီး ရုံးချိန်းကိုတော့ ဇန်နဝါရီ ၁၅ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ ကာယကံရှင် ကိုအောင်ကြီးကတော့ အမှုမဖြစ်ခင်နေရတဲ့ပုံစံနဲ့…
Read More