ဒီဇင်ဘာ ၁၄-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ဝါမြို့၊ စပ်စုကျေးရွာ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ နဲ့ မြေစာရင်းဌာနကို မြေနုကျွန်းပြဿနာ ပြေလည်အောင် ဖြေရှင်းစီမံပေးခြင်းမရှိဘူးလို့ဆိုပြီး ဒေသခံ တောင်သူ ၂၀ ကျော်က ဒီကနေ့မနက်ပိုင်းက စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ကျေးရွာဥက္ကဋ္ဌ နဲ့ သူ့လူတွေက စိုက်ပျိုးလုပ်ကိုင်နေသူတွေကို ရန်ရှာတယ်။ ဝန်ကြီးချုပ်ညွန်ကြားချက်ကို အရေးတယူမလုပ်ပေးဘဲ ကျွန်တော်တို့လုပ်ကိုင်စားသောက်လာတာ ၉ နှစ်လောက်ရှိတဲ့ စိုက်ခင်သီးနှံတွေကို ဖျက်ဆီးတယ်။ ပြီးတော့ တိုင်ချင်ရာတိုင်ပုံစံလုပ်နေလို့ ကျေးရွာလယ်/စီ နဲ့မြေစာရင်းဌာနကို အရေးယူပေးဖို့ဆန္ဒပြတာပါ”လို့ ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဦးတိုးဝင်းက ပြောပါတယ်။ စပ်စုကျေးရွာအနီး စစ်တောင်းမြစ်ကမ်း မြေနုကျွန်းတွေကို မူလ လယ်သမားတွေနဲ့မြေယာမဲ့တွေကို ဧက ၅၀၀ ကျော်ချထားလုပ်ကိုင်ခွင့်ပေးထားပြီး အခုဆန္ဒဖော်ထုတ်နေသူ ဦးတိုးဝင်းနဲ့ အပေါင်းအပါ ၇၄ ဦးကို ခွဲဝေချထားတဲ့ မြေဧကများသာ ပြဿနာဖြစ်ပွားနေကြတာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ” ဝန်ကြီးချုပ်ကိုယ်တိုင်…
Read MoreYear: 2020
ပဲခူးတိုင်းအစိုးရအဖွဲ့နဲ့ ပြဿနာဖြစ်တဲ့ တိုင်းအတွင်းရေးမှူး ပြောင်းရွှေ့ခံရ
ဒီဇင်ဘာ ၁၄-၂၀၂၀ သူရိန်(VOM) ပဲခူးတိုင်းအစိုးရအဖွဲ့နဲ့ နှစ်ကြိမ်တိုင်တိုင် ပြဿနာဖြစ်ပွားခဲ့တဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးကို ပြောင်းရွေ့တာဝန်ထမ်းဆောင်စေခဲ့တယ်လို့ သိရပါတယ်။ “အစိုးရကတ်ဘိနက်အစည်းအဝေးမှာ စကားများကြတာပါ။ အပြင် မှာပြောသလို ထိုးတာကြိတ်တာမရှိပါဘူး။ အော်ကြီးဟစ်ကျယ်စကားများတာလောက်ပဲရှိတယ် အဲ့ဒါကြောင့်ပါ။ သူက အခု ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီလေ။ ပထမတစ်ကြိမ်တုန်းကလည်း အစည်းအဝေးမှာ အစိုးရအဖွဲ့နဲ့ ပြဿနာတက်ဖူးလို့ သတိပေးခံထားရပြီးပြီ။ အခု ဒုတိယအကြိမ်ထပ်ဖြစ်တော့ အပြင်ကိုပေါက်သွားတာ။ အဲ့ဒါနဲ့ ပါတီကခေါ်ပြီး အစိုးရအဖွဲ့က အရေးယူပေးဖို့ပြောတဲ့အတွက် ဝန်ကြီးက နေပြည်တော်ကောင်စီကို တိုက်ရိုက်စာပို့ပြီး အစိုးရအဖွဲ့ကို အယုံအကြည်ပျက်စေတဲ့အတွက် အကျဉ်းချုပ်ဖြစ်စဉ်ရေးပြီး ပို့လိုက်တာပါ။ ညကတောင် သူ့ရဲ့နှုတ်ဆက်ပွဲလုပ်သွားသေးတယ်”လို့ အစိုးရအဖွဲ့နဲ့အနီးဆုံးသူတစ်ဦးကပြောပါတယ်။ လက်ရှိတာဝန်ရွေ့ပြောင်းခံရတဲ့ တိုင်းအတွင်းရေးမှူးဦးခင်မောင် ဆန်းဟာ နိုဝင်ဘာ ၂၅ ရက်ကကျင်းပပြုလုပ်တဲ့ ပဲခူးတိုင်းအစိုးအဖွဲ့အစည်းအဝေးမှာ ပဲခူးတိုင်းအစိုးရအဖွဲ့ဝင်တွေကို မချေမငံဆက်ဆံပြောဆိုရာကနေ အငြင်းပွားမှုဖြစ်ပေါ်ခဲ့လို့ တိုင်ကြားခံထားရပြီး တစ်ပတ်ခန့်အကြာမှာ နေပြည်တော်ကိုပြောင်းရွေခံရတာ ဖြစ်ပါတယ်။ “ပုံမှန်ကျွန်တော်တို့က ဒီလိုအစိုးရအဖွဲ့တွေပြောင်းတဲ့အချိန်မှာတော့ တာဝန်ခံတို့ အုပ်ချူပ်ရေးအဖွဲ့တွေ…
Read Moreဦးဖြိုးမင်းသိန်းအနေနဲ့ ပါတီရဲ့CEC အစည်းအဝေးကို ကျန်းမာရေးအရ မတက်ရောက်ဖြစ်
ဒီဇင်ဘာ ၁၃-၂၀၂၀ သူရိန်(VOM) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအပြီး ပထမဆုံးပြုလုပ်တဲ့ ပါတီ CEC အစည်းအဝေးကိုလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း မတက်ရောက်ဖြစ်တာဟာ ကျန်းမာရေးအရဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့ ကိုဗစ်ရောဂါကူးစက်ခံနေရပြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှာလည်း ရောဂါကူးစက်ခံရမှုရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NLDပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “ဝန်ကြီးချုပ်က သူတို့အစည်းအဝေးတွေလုပ်တာရှိတော့ Q ဝင်နေရတဲ့သဘောပေါ့နော် ။အဲ့ဒါကြောင့်အစည်းအဝေးကို မတက်ခိုင်းတာပါ”လို့ ပြောပါတယ်။ ” ဝန်ကြီးချုပ်ကြီးက ဘာမှမဖြစ်ပါဘူး ကျန်းမာပါတယ်။ ဆေးစစ်တာလည်း N ထွက်ပါတယ်။ ပထမ နေပြည်တော်အစည်းအဝေး သွားမလို့ စစ်တာပါ။ နောက်မှပျက်သွားတာ။ ပါတီက ကျန်းမာရေးအရ မတက်ခိုင်းတာပါ။ ဝန်ကြီးချုပ် Page ကိုကြည့်လိုက်ပါ။ သူရဲ့အိမ်တော်မှာ ပုံမှန်အစည်းအဝေးတွေ လုပ်နေပါတယ်။ ဝန်ကြီးချုပ်အပြင်မထွက်တော့လည်း ဒီလိုပဲပြောကြတာပါ။ သူက ကျန်းမာရေး ၁၀၀ ရာခိုင်နှုန်းကောင်းပြီး မိသားစုနဲ့ပျော်ပျော်ရွင်ရွင်ပါပဲ”လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့အနီးကပ်ဝန်ထမ်းတစ်ဦးကလည်း အတည်ပြုပြောဆိုထားတာဖြစ်ပါတယ်။ #voiceofmyanmar…
Read Moreစတေးဟုမ်းမြို့နယ်ကပြန်လာတဲ့ ယာဉ်နောက်လိုက်တစ်ဦး ကွာရန်တင်းမဝင်ဘဲ ထွက်ပြေး
ဒီဇင်ဘာ ၁၃-၂၀၂၀ သိင်္ဂီထွန်း (VOM) ပြည်မြိ့ု့က ကွာရန်တင်းစင်တာမှာ ကွာရန်တင်းနေထိုင်ဖို့ ခေါ်ဆောင်လာတဲ့ ပုသိမ်ပြန် ယာဉ်နောက်လိုက်တစ်ဦးဟာ Quarantine စင်တာကနေ ထွက်ပြေးမှု မနေ့ ဒီဇင်ဘာ ၁၂ရက်နေ့က ဖြစ်ပွားခဲ့ပြီး အခုချိန်ထိ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။ “ကမ့်ဝင်ခါနီးမှာ ထွက်ပြေးသွားတာပါ။ အခုထိတော့ မမိသေးဘူး။ ခုကတော့ ရှာတာကို ခနရပ်ထားပြီး သတင်းစုံစမ်းနေတယ်။သူသွားတတ်တဲ့နေရာတွေ ၊ ဆွေးမျိုးအရင်းတွေရှိတဲ့နေရာ စုံစမ်းနေတယ်” လို့ ကွာရန်တင်းမဝင်ဘဲ ထွက်ပြေးနေသူကို လိုက်လံရှာဖွေရာမှာ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောပါတယ်။ မနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ဝက်ထီးကန်မြို့၊ ပနီပင်အုပ်စု၊ ထိန်ရုံရွာမမှာ ပုသိမ်ပြန် ယဉ်နောက်လိုက်တစ်ဦးကို အေးသုခအောင်ပရဟိတအဖွဲက ပြည်မြို့ရှိ သူနာပြုဆောင် F.Q.C ကို ပို့ဆောင်ခဲ့ပေမယ့် ကမ့်ဝင်ခါနီးမှာ ယာဉ်နောက်လိုက်က ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယာဉ်နောက်လိုက်ကို ပို့ဆောင်ပေးခဲ့တဲ့ အေးသုခအောင်ပရဟိတအဖွဲ့ ဝင်…
Read Moreကျောင်းအုပ်ဆရာမတစ်ဦး နာမည်တပ်ပြီး ဂုဏ်သိက္ခာထိခိုက်စေတဲ့စာရေးသားသူကို အမှုဖွင့်
ဒီဇင်ဘာ ၁၃-၂၀၂၀ သူရိန်(VOM) ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ကျိုက်ပိတိုက်နယ် အခြေခံပညာ အထက်တန်းကျောင်း တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြူက လူမှုကွန်ယက် Facebook စာမျက်နှာပေါ်မှာ သူ့ရဲ့ နာမည်တပ်ပြီး မဟုတ်မမှန် လုပ်ကြံရေးသားထားတယ်လို့ဆိုပြီး လရောင်ကောင်းကင် Facebook အကောင့်ပိုင်ရှင်ကို ကျိုက်ပိနယ်မြေရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။ ”ဟုတ်ပါတယ် သက်သက် အပုပ်ချတာပါ၊ ရွာလေးဖြစ်တဲ့အတွက် ကျွန်မသာတကယ်လို့ မဟုတ်တာလုပ်ခဲ့မယ်ဆို အခုမှ ဒီစာကြီး တက်လာစရာအကြောင်းမရှိပါဘူး၊ နစ်နာတဲ့သူတွေက အစကတည်းက တိုင်ကြားမှာဖြစ်ပါတယ်၊ ဒါဟာ အမျိုးသမီးတစ်ယောက်ကို ဆရာမ တစ်ယောက်ကို ကျွန်မတို့ရဲ့ပညာရေးဌာနကို အနိုင်ကျင့်စော်ကားလိုက်တာပါပဲ၊ ကျွန်မကို မလိုလို့ ရေးတဲ့ ရေးသားနည်းတွေဖြစ်ပါတယ်၊ ကျန်တာကတော့ သူရဲ့စိတ်ကို မမြင်နိုင်တာဖြစ်တဲ့အတွက် မသိဘူး”လို့ ကျိုက်ပိတိုက်နယ် အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြူကပြောပါတယ်။ လရောင်ကောင်းကင် Facebook အကောင့်ကနေ ဒီဇင်ဘာ ၈ ရက် မနက်…
Read Moreနိုင်ဂျီးရီးယားရှိ စာသင်ကျောင်းကို သေနတ်သမားတွေဝင်စီး၊ ကျောင်းသားရာပေါင်းများစွာ ပျောက်ဆုံးနေ
အဘူဂျာ၊ ဒီဇင်ဘာ-၁၃-၂၀၂၀ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အလယ်တန်းကျောင်းတစ်ကျောင်းကို သေနတ်သမားတွေ ဝင်ရောက်စီးနှင်းပြီးနောက် ကျောင်းသားရာပေါင်းများစွာ ပျောက်ဆုံးနေပါတယ်။ သေနတ်သမားတွေဟာ မော်တော်ဆိုင်ကယ်တွေနဲ့ ရောက်ရှိလာချိန်မှာ လူတွေထွက်ပြေးတာကြောင့် သေနတ်တွေကို လေထဲကို ပစ်ဖောက်ခဲ့ကြပါတယ်။ သူတို့ဟာ ကတ်စီနာပြည်နယ်ရှိ ကျောင်းသား ၈၀၀ ကျော်တက်ရောက်နေတဲ့ အစိုးရရဲ့သိပ္ပံ အလယ်တန်းကျောင်းကို ဒီဇင်ဘာ ၁၀ ရက်ညနေပိုင်းက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာတော့ သေနတ်သမားတွေ ပုန်းအောင်းနေတဲ့ တောအုပ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ နိုင်ဂျီးရီးယားစစ်ဘက်က ပြောပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေ မသေချာသေးပေမယ့် ကျောင်းသားတွေ ထိခိုက်သေဆုံးတဲ့ သတင်းမကြားရသေးပါဘူး။ ဒီတိုက်ခိုက်နဲ့ပတ်သက်ပြီး နိုင်ဂျီးရီးယားသမ္မတ ဘူဟာရီက ပြစ်တင်ရှုတ်ချလိုက်ပြီး ပျောက်ဆုံးနေတဲ့ ကျောင်းသားတွေကို ရှာဖွေဖို့ အမိန့်ထုတ်ထားပါတယ်။ Ref: BBC Photo: GAIL KANKARA #voiceofmyanmar #VOM #အဘူဂျာ
Read Moreမုံရွာသတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံမှူ ၄ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပပြုလုပ်
ဒီဇင်ဘာ ၁၃-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရုံကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ညနေပိုင်းက မုံရွာမြို့အခြေစိုက် အလဲဗင်းသတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှူ ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မုံရွာမြို့ခံ သတင်းထောက်တွေက နှာခေါင်းစည်းတွေနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။ ” သတင်းထောက် တစ်ယောက် လုပ်ကြံသတ်ဖြတ်ခံရတဲ့ အမှုကိစ္စ အမှုမှန် မပေါ်ပေါက်သ၍ ကျန်သတင်းထောက်ထုကို ခြိမ်းခြောက်နေတယ်လို့ ခံစားရတယ်။ သတင်းထောက်တွေဆိုတာ တိုင်းပြည်ရဲ့ နားမျက်စိတွေဖြစ်သလို ပြည်သူတွေအတွက်လည်း ပြည်စောင့်ခွေးတွေဖြစ်တယ် ၊ အမှုမှန်ပေါ်ဖို့ အချိန်တွေ ကျန့်ကြာနေတာဟာ ပြည်စောင့်ခွေးတွေ မဟောင်ရဲအောင် ပိတ်ပင်ထိန်းချုပ်တာနဲ့တူတယ် ” လို့ ဓာတ်ပုံ သတင်းထောက် ကိုအောင်နေမျိုးက ပြောပါတယ်။ သတင်းထောက် ကိုစိုးမိုးထွန်းဟာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် ည ၁၁ နာရီကျော်…
Read Moreပြည်တွင်းလေကြောင်းလိုင်းတွေ ဒီဇင်ဘာလ ၁၆ ရက်ကစပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲခွင့်ပြု
ဒီဇင်ဘာ ၁၃-၂၀၂၀ သိင်္ဂီထွန်း (VOM) ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေ (Domestic Scheduled ၊ Flights)ကို ဒီဇင်ဘာ ၁၆ ရက်နေ့စပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ “ခရီးစဉ်တွေကတော့အရင်လောကြောင်းလိုင်းတွေပြေးဆွဲတဲ့မြို့အကုန်လုံးအားလုံးပြေးဆွဲမှာပါ။ ကျနော်တို့ကတော့ အရင်ပုံမှန်လိုပဲ သွားလို့ရတယ်ဆိုပြီး ပြန်ဖွင့်တာပါ၊ ဒါပေမယ့် ခရီးသွားတွေကတော့ ကိုယ်သွားမယ့် ဒေသ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့စည်းကမ်းချက်တွေကိုလိုက်နာရမှာပါ။ ကျန်းမာရေးက လိုက်နာရမယ့်စည်းကမ်းချက်တွေနဲ့အညီ လုပ်ဆောင်ရမယ်။ ကျန်းမာရေးက PSO ထွက်လိမ့်မယ်၊ အဲ့ဒါတွေကိုလိုက်နာပြီး ရောဂါကာကွယ်ရေးအတွက် လမ်းညွန်ချက်တွေနဲ့အညီ ပြေးဆွဲမှာဖြစ်တယ်။ ၁၆ ရက်နေ့ကနေစပြီးတော့ပြန်ပြေးဆွဲခွင့်ပြုတယ်၊ လေကြောင်းလိုင်းတွေကနေ လက်မှတ်ရောင်းပြီးသား အဆင်သင့်ရှိတယ်ဆိုရင်တော့ တန်းပြေးဆွဲလို့ရေးတာပေါ့”လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးမျိုးမင်းဦးကပြောပါတယ်။ အခုလိုပြန်လည်ပြေးဆွဲခွင့်ပြုတဲ့အပေါ် ခရီးသွားတွေ၊ လေဆိပ်မှာတာဝန်ထမ်းဆောင်ကြသူတွေ ၊လေယာဉ်မှူးတွေ၊လေယာဉ်ဝန်ထမ်းတွေ စတဲ့ လေကြောင်းလိုင်းနဲ့ဆက်စပ်သူတွေကတော့ ကျန်းမာရေးကထုတ်ပြန်မယ့် ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားတွေအနေနဲ့ လေယာဉ်မစီးနင်းမှီ Test…
Read Moreရန်ကုန်မြို့က စားသောက်ဆိုင်တွေ ပြန်ဖွင့်ဖို့တင်ပြထားပေမယ့် လက်ရှိအချိန်ထိ ဖွင့်ခွင့်မရသေး
ဒီဇင်ဘာ ၁၃-၂၀၂၀ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့ရှိ စားသောက်ဆိုင်တွေဟာ လက်ရှိ ကိုဗစ်ကာလမှာ အခက်အခဲများစွာရှိနေတဲ့အတွက် ဆိုင်ခန်းတွေကို စနစ်တကျနဲ့ ပြန်လည်ဖွင့်ပေးစေလိုပါတယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ အမှတ် (၁) တိုင်းကိုယ်စားလှယ် ဦးလှဌေးက VOM ကိုပြောပါတယ်။ “ကျွန်တော်က လက်ရှိမှာ ပြည်သူလူထုအတွက် လွှတ်တော်ထဲမှာ ပြောဆိုပြီး တောင်းဆိုချင်တာပါ။ ဒါပေမယ့် လွှတ်တော်ကလည်း ကိုဗစ်ကူးစက်မှုတွေကြောင့် ပိတ်ထားတဲ့အတွက် အခုလိုပြောပြီး ပြည်သူကိုယ်စားတောင်းဆိုပါတယ်။ ဆိုင်သမားတွေကို ဘယ်လိုပုံသဏ္ဍာန်မျိုးနဲ့ ရောဂါပိုးမရှိအောင် ထိန်းသိမ်းပြီးတော့ လုပ်ပေးရင်ရနိုင်မလဲ ရနိုင်မယ့်နည်းလမ်းတွေလည်း ရှိပါတယ်။ စနစ်တကျကိုင်တွယ်ပြီးတော့ ဖွင့်ပေးဖို့ပါ”လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ အမှတ် (၁) တိုင်းကိုယ်စားလှယ် ဦးလှဌေးက VOM ကိုပြောပါတယ်။ ကိုဗစ်ကာလ ရှည်ကြာလာတဲ့အခါ လုပ်ငန်းရှင်တွေအနေနဲ့ ဆိုင်ခန်းတွေကို နှစ်ချုပ်ဌားရမ်းထားရပြီး အခုအခါ ပါဆယ်စနစ်နဲ့ရောင်းနေရတာကြောင့် အိတ်ထဲကနေ ဆိုက်ထုတ်နေမှုက အဆင်မပြေမှုတွေရှိနေတဲ့အပြင် ဝန်ထမ်းတွေရဲ့ လစာတစ်ဝက်ရရှိမှုတွေကလည်း…
Read MoreNLD ဗဟိုအလုပ်အမှုဆောင်အစည်းဝေးမှာ ဦးဝင်းထိန်ကို တက်ရောက်မခံဆိုတဲ့ သတင်းမှား ပျံ့နေ
မန္တလေး-ဒီဇင်ဘာ-၁၃-၂၀ ဆွေလင်းထွန်း(VOM) ဒီဇင်ဘာ ၁၂ရက်နေ့က နေပြည်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့တဲ့ NLD ဗဟိုအလုပ်အမှုဆောင်အစည်းဝေးကို ဗဟိုကော်မတီ နာယကတဦးဖြစ်တဲ့ ဦးဝင်းထိန် တက်ရောက်ခွင့်မရဆိုတဲ့ သတင်းမှားတခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ အဲဒီသတင်းဟာ သတင်းမှားဖြစ်ပါတယ်။ အဲဒီသတင်းမှားကို Nay Thurain ဆိုတဲ့ ဖေ့ဘုတ်အကောင့်က စတင်ထားတာဖြစ်ပြီး react ပြုလုပ်သူ ၈၀၀ ကျော်၊ မှတ်ချက်ပေးသူ ၅၀ကျော်နဲ့ ပြန်လည်မျှဝေသူ ၂၇၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။ ဒေါင်းမိုးသခဲမုန်းတဲ့ဒေါ်သီရိ၊ Nade Ayeyar၊ U Zaw M Htet၊ လူကလေးဖြိုး-မနောမြေ၊ U Aung၊ Aung Thura၊ Htet Myat၊ Thaw Zin Mg၊ Kyaw Phogat၊ Leo Tun စတဲ့ အကောင့်တွေက…
Read More