ဒဂုံမြို့သစ်တောင်းပိုင်းမှာ တရားဥပဒေစိုးမိုးမှုအားနည်းလို့ နေ့စဉ် လုယက်မှုတွေများနေ

ဇန်နဝါရီ ၇ -၂၀၂၀
ယဉ်ပပထွန်း (VOM)

ရန်ကုန်မြို့၊ ဒဂုံမြိုသစ်တောင်ပိုင်းမှာ နေ့စဉ်ရက်ဆက် ခိုဆိုးလုယက်မှုတွေများနေတဲ့အတွက် တရားဥပဒေစိုးမိုးရေးက အရမ်းကို အားနည်းနေပါတယ်လို့ ဒဂုံမြိုသစ်တောင်ပိုင်း အမှတ်(၁)တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက VOM ကိုပြောပါတယ် ။

“ တောင်ဒဂုံက တရားဥပဒေစိုးမိုးရေး အားနည်းပါတယ်။ တနေရာ မဟုတ် တနေရာမှာတော့ ဆွဲကြိုးလုရတာနဲ့ ပိုက်ဆံအိတ်လုပြေးတာတို့ ဆိုင်ကယ်ကိုလုပြေးတာတို့က ဖြစ်နေကျတယ်။ ကျွန်တော်တို့မြို့နယ်ကနဲ့စာရင် အိမ်ယာအတည်တကျမရှိဘဲနဲ့ သွားလာနေထိုင်တဲ့သူတွေဆိုတာကိုလည်း သိထားရပါတယ်။ ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေ ဆေးဝါးသုံးစွဲွအတွက် လုလာရတာကို တွေ့လာရပါတယ်၊ အခုကိစ္စကို ရန်ကုန်တိုင်း နယ်/လုံ ဝန်ကြီးကို တင်ပြထားတယ်၊ သက်ဆိုင်ရာကို တင်ပြပေးမယ်ဆိုတဲ့အကြောင်း လှည့်ကင်းတွေကိုဖြည့်တင်းပေးမယ့်ဆိုတဲ့အကြောင်း ပြောခဲ့တယ်၊ ကောင်းမွန်သေချာတဲ့ စီမံချက်တွေကို ပြည်သူကို ချပြနိုင်ရမယ်လေ။ ပြည်သူကို ပွင့်လင်းမြင်သာ စွာချပြပေးနိုင်မှ မဟုတ်တာလုပ်မယ့်အရာတွေက တန့်သွားမယ်လေ ။ အခုဟာက လုပ်ပေးပါမယ်ဆိုတဲ့အရာနဲ့ လမ်းဆုံးသွားတာ များနေတော့ ပြည်သူတွေအတွက် ရတက်မအေးစရာပါပဲ“လို့ ဦးညီညီက ပြောပါတယ်။

အရင်က ရန်ကုန်လွှတ်တော်မှာလည်း တောင်ဒဂုံမြို့နယ်အတွင်း အခြေခံပြီးတော့ ရန်ကုန်တိုင်းအတွင်းမှာ တရားဥပဒေစိုးမိုးစေဖို့အတွက် တောင်ဒဂုံမြို့နယ်မှာ တနေရာ မဟုတ် တနေရာ ခိုးဆိုးလုယက်မှုတွေ ဖြစ်နေတယ်ဆိုတဲ့အကြောင်း ရဲအင်အားဖြည့်တင်းပေးဖို့အတွက် စီမံချက်တွေ ကောင်းမွန်စွာရေးဆွဲနိုင်စေဖို့အတွက် မြို့နယ်ရဲတပ်ဖွဲ့တွေအနေနနဲ့လည်း နေ့စဉ်မပျက် လှည့်ကင်းတွေ လုပ်နေတယ်ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့ပြီးဖြစ်ပေမယ့် သိသာထင်ရှားတဲ့ ပြောင်းလဲမှုမျိုးကို မတွေ့ရဘူးလို့ ဒဂုံမြိုသစ်တောင်ပိုင်း အမှတ်(၁)တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဆက်ပြောပြပါတယ်။

ဒဂုံတောင်ပိုင်းမှာနေထိုင်တဲ့ကိုထူးမြတ်ကလည်း “ကျွန်တော်တို့တောင်ဒဂုံဘက်က အဲ့ဒါလေးတော့နည်းနည်းလေးပြောချင်စရာပေါ့။ ညနေပိုင်း မိန်းကလေးတွေ အလုပ်သွား၊ အလုပ်ပြန်ကျတဲ့အခါမှာဆိုရင် ဖုန်းလေးတွေကိုင်လာတာမျိုးရှိတယ်။ အဲ့ဒါမျိုးဆိုရင် နောက်ကနေပြီး ဆိုင်ကယ်နဲ့ကောင်လေးသုံးယောက်လောက်က ဖုန်းကိုလုသွားတာရှိတယ်။ လစာထုတ်ရက်တွေဆိုရင် ပိုက်ဆံအိတ်လုတာရှိတယ်။ လမ်းလျှောက်ပြီး ဖုန်းပြောသွားတာတို၊့ဘာတို့တွေကိုပါ သူတို့ကမှတ်ထားကြတယ်။ အများဆုံးအလုခံရတာက ၁၅ နှစ်ကနေ ၁၈ နှစ်ကောင်မလေးတွေများတယ် ။ ဆိုင်ကယ်နဲ့လုပြေးတယ်ဆိုတာကလည်း ကျွန်တော်တို့ဘက်မှာက ဆိုင်ကယ်တွေကများတော့ ဘယ်ဆိုင်ကယ်မှန်းလဲမသိရဘူးလေ။ ညနေပိုင်းဆိုရင် လူသွားလူလာပြတ်တဲ့အချိန်တွေဆိုရင်တော့ နည်းနည်းလေးစိုးရိမ်နေရပါတယ်”လို့ ပြောပါတယ်။

ဒါ့ကြောင့် မြို့နယ်တစ်မြို့နယ်မှာ ဖွံ့ဖြိုးမှုတွေရှိနေပေမယ့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနဲ့ ဥပဒေစိုးမိုးမှုမရှိဘူးဆိုရင် မြို့နယ် အေးချမ်းမှာမဟုတ်တဲ့အပြင် နိုင်ငံတော်လည်း အေးချမ်းမှာမဟုတ်တဲ့အတွက် တရားဥပဒေစိုးမိုးရေးကို အဓိကထားဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒဂုံမြိုသစ်တောင်ပိုင်း အမှတ်(၁)တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကပြောပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဒဂုံတောင်ပိုင်း #နေ့စဉ်လုယက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW