ပဲခူးအကျဉ်းထောင်က အကျဉ်းသား ၇၇ ဦးမှာ ကိုဗစ်ပိုး ထပ်မံတွေ့ရှိ

ဇန်နဝါရီ ၈ -၂၀၂၁ သိင်္ဂီထွန်း (VOM) ပဲခူးအကျဉ်းထောင်က အကျဉ်းသား ၇၇ ဦးမှာ ကိုဗစ်ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိရတယ်လို့ ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကသတင်းထုတ်ပြန်မှုအရ သိရပါတယ်။ ဒါကြောင့် အခုဆိုရင် ပဲခူးအကျဉ်းထောင်မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတဲ့ အကျဉ်းသားပေါင်း ၁၃၃ ဦးရှိနေပြီဖြစ်ပါတယ်။ ” ပဲခူး အကျဉ်းထောင်ကနေ ကိုဗစ်ပိုးတွေ့တာ ၇၇ ဦးလို့ သိရတယ်။ကျန်းမာရေးဘက်ကလည်း သတင်းထုတ်ပြန်ထားတာတွေ့တယ်။ထောင်အရှေ့လမ်းတောင် ဖြတ်သန်းခွင့်မပေးဘူး”လို့ ပဲခူးဒေသခံဖြစ်သူ ကိုဝင်းကပြောပါတယ်။ မနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ ပဲခူးမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိတဲ့လူနာအသစ် ၁၀၀ ရှိခဲ့ပြီး အဲ့ဒီအထဲမှာ ပဲခူးအကျဉ်းထောင်က ပိုးတွေ့ရှိမှုအများဆုံးဖြစ်တယ်လို့ ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းစံကို ဆက်သွယ်မေးမြန်းခဲ့ရာ ” အသေးစိတ်အတိကျတော့မသိသေးဘူး။ ကျန်းမာရေးမှူးကတော့ တိုးလာနိုင်တယ်ဆိုပြီး ကိုဗစ်အစည်းအဝေးမှာပြောတာရှိတယ်။ တိုးတယ်ဆိုတာတော့ သိတယ်။ ဘယ်လောက်အတိကျတော့ မသိသေးတာပေါ့။ အကျဉ်းထောင်ဘယ်လိုလုပ်ထားလဲဆိုရင် မနေ့က…

Read More

ဒဂုံမြို့သစ်တောင်းပိုင်းမှာ တရားဥပဒေစိုးမိုးမှုအားနည်းလို့ နေ့စဉ် လုယက်မှုတွေများနေ

ဇန်နဝါရီ ၇ -၂၀၂၀ ယဉ်ပပထွန်း (VOM) ရန်ကုန်မြို့၊ ဒဂုံမြိုသစ်တောင်ပိုင်းမှာ နေ့စဉ်ရက်ဆက် ခိုဆိုးလုယက်မှုတွေများနေတဲ့အတွက် တရားဥပဒေစိုးမိုးရေးက အရမ်းကို အားနည်းနေပါတယ်လို့ ဒဂုံမြိုသစ်တောင်ပိုင်း အမှတ်(၁)တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက VOM ကိုပြောပါတယ် ။ “ တောင်ဒဂုံက တရားဥပဒေစိုးမိုးရေး အားနည်းပါတယ်။ တနေရာ မဟုတ် တနေရာမှာတော့ ဆွဲကြိုးလုရတာနဲ့ ပိုက်ဆံအိတ်လုပြေးတာတို့ ဆိုင်ကယ်ကိုလုပြေးတာတို့က ဖြစ်နေကျတယ်။ ကျွန်တော်တို့မြို့နယ်ကနဲ့စာရင် အိမ်ယာအတည်တကျမရှိဘဲနဲ့ သွားလာနေထိုင်တဲ့သူတွေဆိုတာကိုလည်း သိထားရပါတယ်။ ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေ ဆေးဝါးသုံးစွဲွအတွက် လုလာရတာကို တွေ့လာရပါတယ်၊ အခုကိစ္စကို ရန်ကုန်တိုင်း နယ်/လုံ ဝန်ကြီးကို တင်ပြထားတယ်၊ သက်ဆိုင်ရာကို တင်ပြပေးမယ်ဆိုတဲ့အကြောင်း လှည့်ကင်းတွေကိုဖြည့်တင်းပေးမယ့်ဆိုတဲ့အကြောင်း ပြောခဲ့တယ်၊ ကောင်းမွန်သေချာတဲ့ စီမံချက်တွေကို ပြည်သူကို ချပြနိုင်ရမယ်လေ။ ပြည်သူကို ပွင့်လင်းမြင်သာ စွာချပြပေးနိုင်မှ မဟုတ်တာလုပ်မယ့်အရာတွေက တန့်သွားမယ်လေ ။ အခုဟာက လုပ်ပေးပါမယ်ဆိုတဲ့အရာနဲ့ လမ်းဆုံးသွားတာ…

Read More

SNA အဖွဲ့ ဖမ်းဆီးသွားတဲ့ ဆယ်ဇင်ရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက်ပြန်လွတ်လာ

ဇန်နဝါရီ ၇ -၂၀၂၁ ကိုတိုးကြီး (VOM) ပြီးခဲ့တဲ့ ၂၀၂၀၊ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းက (SNA) ရှမ်းနီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာက အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက်ဟာ မနေ့ ဇန်နဝါရီ ၆ ရက်ညပိုင်းက ပြန်လည် လွတ်မြောက်လာခဲ့တယ်လို့ ဆယ်ဇင်ရွာခံတွေပြောပြချက်အရ သိရပါတယ်။ ” ညက သူတို့ ၃ ယောက် ကျန်းမာစွာနဲ့ပဲ ပြန်လည်လွတ်မြောက်လာခဲ့တယ်၊ ဘာကိစ္စကြောင့် ဖမ်းတယ်ဆိုတာ ပြောဖို့ အချိန်စောသေးတယ်၊ အခုလောလောဆယ်ကတော့ ပြန်လွတ်လာပြီဆိုတာကိုပဲ အတည်ပြုပြောလို့ရသေးတဲ့အချိန်ဖြစ်ပါတယ်”လို့ ပြန်လည်လွတ်မြောက်လာသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ SNA အဖွဲ့ရဲ့ ၁၁ ရက်ကြာ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ၃ ယောက်ဟာ ဆယ်ဇင်းကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံ ဦးလင်းခိုင်ဖြိုး ၊ အမှတ် ၄ ရပ်ကွက်မှူး…

Read More

စစ်ကိုင်းတိုင်းမှာ ၂၀၂၀ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄၄၈ ဦးရှိခဲ့

ဇန်နဝါရီ ၇ -၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း တစ်တိုင်းလုံးမှာ ၂၀၂၀ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၂ နာရီအချိန်ထိ ယာဉ်တိုက်မှုဖြစ်စဉ်ပေါင်း (၁၂၄၉) မှုဖြစ်ပွားခဲ့တယ်လို့ အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)၊ အမှတ်(၁၇) ယာဉ်ထိန်းရဲ ဒု-တပ်ဖွဲ့ခွဲမှူးရုံး(မုံရွာ)ကနေ သိရပါတယ်။ “ယာဉ်အသုံးပြုသူတွေနဲ့ ယာဉ်တင်သွင်း ဝင်ရောက်မှု အရေအတွက်ဟာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာတယ် ၊ အဲ့ဒါကြောင့် ယာဉ်အသုံးပြုပုံနဲ့ လမ်းအသုံးပြုပုံတွေ စည်းစနစ်ကျဖို့ အများပြည်သူ လိုက်နာဖို့ နေ့စဉ် အသိပညာပေး လုပ်ဆောင်နေတယ်”လို့ အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒု-တပ်ဖွဲ့ခွဲမှူး ယာယီရဲမှူး လှထွန်းက ပြောပါတယ်။ စစ်ကိုင်းတိုင်းမှာ ခရိုင် ၁၀ ခရိုင်၊ မြို့နယ် ၃၇ မြို့နယ်မှာ ၂၀၂၀ခုနှစ် ရဲ့ ၁ နှစ်တာအတွင်း ယာဉ်မတော်တဆမှု…

Read More

ဒေါ်နယ်ထရန့်ထောက်ခံသူတွေ ပါလီမန်ကိုဝင်စီး၊ ဝါရှင်တန်ဒီစီမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားရ

ဝါရှင်တန်၊ ဇန်နဝါရီ-၇-၂၀၂၁ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ထောက်ခံသူတွေဟာ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲအနိုင်ရလဒ်ကို လွှတ်တော်အမတ်တွေ အပြီးသတ်ရေတွက်အတည်ပြုနေတဲ့ ပါလီမန်အဆောက်အဦကို ဝင်ရောက်စီးနှင်းခဲ့ကြပါတယ်။ ဒီလိုဝင်ရောက်စီးနှင်းမှုကြောင့် မဲရလဒ်အတည်ပြုနေတဲ့ လုပ်ငန်းစဉ်ခေတ္တဆိုင်းငံ့ခဲ့ရပေမယ့်လည်း အခြေအနေ ပြန်လည်တည်ငြိမ်ပြီးနောက် ကွန်ဂရက်က ပြန်လည်စတင်ခဲ့ပါတယ်။ ထရန့်ထောက်ခံသူလူအုပ်ကြီးဟာ ရဲတပ်ဖွဲ့ရဲ့အတားအဆီးတွေကို ဖြတ်ကျော်ပြီး အဆောက်အဦရဲ့ လသာဆောင်သို့ဝင်ရောက်ခဲ့ကာ နောက်ပိုင်းမှာတော့ အထက်လွှတ်တော်၊ အောက်လွှတ်တော်နဲ့ လွှတ်တော်အမတ်အချို့ရဲ့ ရုံးခန်းတွေကိုပါ ထိုးဖောက်ဝင်ရောက်ခဲ့ကြပါတယ်။ ဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး နောက်ပိုင်းမှာ သေဆုံးသွားတယ်လို့ အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပြီး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲကပြောပါတယ်။ ဝါရှင်တန်မြို့တော်ဝန်က ညမထွက်အရအမိန့်ထုတ်ပြန်ထားပြီး နယ်မြေလုံခြုံရေးအတွက် အဓိကရုဏ်းရဲတပ်ဖွဲ့နဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကို ဖြန့်ကြက်ချထားလိုက်ပါတယ်။ ဒီဖြစ်စဉ်ဟာ အမေရိကန်ဒီမိုကရေစီကို ခြိမ်းခြောက်မှုရဲ့ အရိပ်လက္ခဏာဖြစ်ကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်းဒင်က ထုတ်ဖော်ပြောဆိုပါတယ်။ ဒေါ်နယ်ထရန့်ဟာ သူ့ကိုထောက်ခံသူတွေကို ဝါရှင်တန်ဒီစီမှာ အကြီးအကျယ်ဆန္ဒပြဖို့ ကနဦး…

Read More

ကျောင်းပြန်ဖွင့်ရရင် အ.ထ.ကကျောင်းတွေကို စဖွင့်ပေးမှာဖြစ်လို့ ကျောင်း ၇၀၀၀ကျော်ကို စစ်ဆေးမှုပြုလုပ်နေ

ဇန်နဝါရီ ၇-၂၀၂၁ သိင်္ဂီထွန်း(VOM) စာသင်ကျောင်းတွေ ပြန်ဖွင့်ခဲ့ရင် အရင်ကနည်းတူ အထက်တန်းကျောင်းတွေကိုသာ စတင်ဖွင့်လှစ်မှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။ ဒါကြောင့် ကျောင်းတွေ ပြန်လည်ဖွင့်ဖို့ ခွင့်ပြုချက်ရတာနဲ့ အဆင်သင့်ဖြစ်နေဖို့အတွက် ကျောင်းသား/ ကျောင်းသူတွေကို COVID -19ရောဂါကူးစက်မှုကနေ ကာကွယ်နိုင်ဖို့ အထက်တန်းကျောင်း ၇၀၀၀ ကျော်ကို စစ်ဆေးပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။ အထက်တန်းကျောင်း အားလုံးဖွင့်လှစ်ပြီးမှသာ ကျန်တဲ့ အခြေခံပညာ အဆင့်၊ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကို ဖွင့်လှစ်ဖို့ စီစဉ်မှုတွေ ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ သိရပါတယ် ။ “အခုက ကလေးတွေ Save ဖြစ်ဖို့အတွက် ကျောင်းတွေကို ကိုဗစ် စည်းကမ်းချက်တွေနဲ့အညီ ပြင်ဆင်နေတယ်။ တစ်ဆင့်ချင်းစီ သွားရမှာဖြစ်တယ်။ အတိအကျတော့ မပြောနိုင်သေးဘူး။ ကိုဗစ် ဗဟိုကော်မတီက ညွှန်ကြားချက်ကိုလိုက်နာရတာပါ”လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ် ။ လက်ရှိအချိန်ဟာ ကိုဗစ်ကပ်ရောဂါကာလဖြစ်လို့…

Read More

ပြည်သူ့စစ်အယောင်ဆောင်သူ တစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိ

ဇန်နဝါရီ ၇-၂၀၂၁ ကိုတိုးကြီး(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ၊ လားရှိုးမြို့မရဲစခန်းမှာ မနေ့ ဇန်နဝါရီ ၆ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့စစ် အယောင်ဆောင် လူငယ်တစ်ယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ ” လားရှိုး ၊အမှတ် ၇ ရပ်ကွက်၊ နယ်မြေ-၆၊ အေးသာယာလမ်းထဲက ဖမ်းမိတာပါ၊ စစ်ဆေးနေတဲ့ ကာလမို့ အခြားဘာမှ ပြောလို့မရသေးပါဘူး”လို့ လားရှိုးမြို့မရဲစခန်းမှ ခေတ္တစခန်းမှူးက ပြောပါတယ်။ ဖမ်းဆီးရေးအဖွဲ့ဟာ အေးသာယာလမ်းထဲက အိမ်အမှတ် (ဆ/၆/၃၃၂)ကို သတင်းပေးချက်အရ သွားရောက်ခဲ့ပြီး ရှာဖွေစစ်ဆေးတာတွေကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် နေအိမ်ထဲမှာ လီဖူရှိုး(ခ)စန်းတီ ဆိုသူဟာ နေအိမ်ထဲမှာ အသင့်ရှိနေပြီး လက်ထဲမှာ မောင်းပြန်ရိုင်ဖယ် သေနတ် ၁ လက်ကို အသင့်ကိုင်ဆောင်ကာ ခါးမှာ ၅ လုံးပြူးသေနတ် ၁ လက်ချိတ်ဆွဲထားတာကို ဖမ်းဆီးရေးအဖွဲ့က တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။…

Read More
VOM News

FREE
VIEW