YDPပါတီတွဲဖက်အတွင်းရေးမှူးကို ခရိုင်UECက ငြိမ်းစုစီနဲ့ အမှုဖွင့်

ဇန်နဝါရီ ၁၂-၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လူစုလူဝေးနဲ့ တပ်မတော်ထောက်ခံပဲွဲ ဦးဆောင်ပြုလုပ်ခဲ့တဲ့ အခြေခံလူတန်းစားဘဝတိုးတက်မြှင့်မားရေးပါတီ(YDP)မှ တွဲဘက်အတွင်းရေးမှူးကို ရန်ကုန်အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ငြိမ်းစုစီဥပဒေနဲ့ ကျောက်တံတားမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

ငြိမ်စုစီပုဒ်မနဲံ အရေးယူဆောင်ရွက်ခံရသူဒေါ်မိုးမိုးခိုင်က “အစ်မကို အနောက်ပိုင်းခရိုင်ကော်မရှင်က ငြိမ်းစုစီပုဒ်မ-၂၀နဲ့ အမှုဖွင့်တယ်၊ အစ်မ အဆင့်ဆင့်တင်ထားတာလေ ငြိမ်းစုစီတင်တာကို အမှုဖွင့်တာ၊ တပ်မတော်ထောက်ခံပွဲကို ဥပဒေနဲ့အညီဆောင်ရွက်ခဲ့ပေမယ့်လည်း အခုလိုရွေးကောက်ပွဲကော်မရှင်ရဲ့ စေခိုင်းချက်အရ အမှုဖွင့်ခဲ့တာကို ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်တယ်”လို့ ပြောပါတယ်။

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီမှ တွဲဖက်အတွင်းရေးမှူးဒေါ်အေးအေးခိုင်ကို အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းနိူင်ဟာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံပွဲပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး မနေ့ ဇန်နဝါရီ ၁၁ရက်နေ့ညပိုင်းက (ပ) ၇/၂၀၂၁၊ ငြိမ်းစုစီပုဒ်မ-၂၀ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်တယ်လို့ ကျောက်တံတားမြို့မရဲစခန်းကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ အခြေခံလူတန်းစားဘဝမြှင့်မားရေးပါတီမှ ဦးဆောင်ပြီး တပ်မတော်ထောက်ခံပဲွဲပြုလုပ်ခဲ့ရာ လူဦးရေ ၂၈ဦးသာ စာတင်ခဲ့ပေမယ့် ဝန်းရံသူ ရာနဲ့ချီပြီး ရှိခဲ့တာလည်းဖြစ်ပါတယ်။

အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်က လက်ရှိအခြေအနေမှာ အမှုဖွင့်ထားပြီး တရားရုံးတင်မယ့်နေ့ကိုတော့ အတိအကျမသိရသေးဘဲ ဒီကနေ့မှာတော့ ကိုယ်ပိုင်ခံဝန်နဲ့ အမှုရင်ဆိုင်မှာဖြစ်တယ်လို့ ဒေါ်မိုးမိုးခိုင်ကပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီး UEC ရဲ့ လုပ်ဆောင်ချက်တွေကို တရားမျှတမှုမရှိဘူးဆိုကာ ရန်ကုန်မြို့ရှိ မြို့နယ်အချို့မှာ ဆန္ဒဖော်ထုတ်တာတွေပြုလုပ်ခဲ့ကြပြီး ဆန္ဒပြလို့ ဖမ်းဆီးခံရသူတွေနဲ့ လက်ရှိအချိန်ထိ တရားစွဲဆိုခံရသူတွေလည်း အများအပြားရှိနေပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #တပ်မတော်ထောက်ခံပွဲ #ဦးဆောင်ပြုလုပ်သူ #အမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW