ပြည်မြို့မှာ နေအိမ်ထဲဝင်ပြီး ရိုက်နှက်လုယက်ဖြစ်ပွား

ဇန်နဝါရီ ၁၆ -၂၀၂၁
သိင်္ဂီထွန်း(VOM)

ပြည်မြို့၊ဆံတော်ရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်း ဝင်ရောက်လုယက်မှုဖြစ်စဉ် ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မနက် ၉ နာရီခန့်က အမျိုးသားတစ်ဦး နေအိမ်အတွင်းဝင်ရောက်လာပြီး ကလေးပုခက်လွှဲချိန် အသုံးပြုတဲ့ ဝါးလုံးတုတ်နဲ့ နေအိမ်ပိုင်ရှင်သမီးဖြစ်သူကို ရိုက်နှက်ကာ ဝတ်ဆင်ထားတဲ့နားကပ်အပြင် စိန်နားကပ်တစ်ရံလည်း လုယူသွားခဲ့တယ်လို့ သိရပါတယ်။

” အခုက ရှာနေတုန်းပဲ။ CCTVမှာပြန်ကြည့်နေတုန်းပဲ။ဘကြီးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်နေတယ်။ အမျိုးသမီးကလည်း ၆၀ နီးပါးလောက်ရှိတယ်။ အဲ့ဒါကို တုတ်နဲ့ရိုက်သွားတယ်။ နားက နားကပ်ဖြုတ်ယူသွားတယ်။ စိန်နားကပ်တစ်ရံပါသွားတယ်ပြောတယ်။ လောလောဆယ် အဲ့ဒါပဲသိရသေးတယ်။ ဘာတွေပါသလဲကတော့ မိသားစုဆုံမှသိမယ်”လို့ ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က ရာအိမ်မှူး ဦးဝင်းမောင်ကပြောပြပါတယ်။

လက်ရှိ ပြည်မြို့နယ်ရဲတပ်ဖွဲ့နဲ့ရပ်ကွက်တာဝန်ရှိသူတွေ ပူးပေါင်းပြီး တရားခံဖမ်းဆီးရမိရေး CCTV ကနေ စုံစမ်းမှုပြုလုပ်နေတယ်လို့ သိရပါတယ်။

အရိုက်ခံခဲ့ရတဲ့ အိမ်ရှင်ရဲ့သမီးဖြစ်သူကတော့ အရိုက်ခံရတဲ့ဒဏ်ရာနဲ့ ပြည်မြို့ကုတင် ၅၀၀ ဆေးရုံကြီးကိုပို့ဆောင်ထားပြီး အခြေအနေကောင်းမွန်တယ်လို့ သိရပါတယ်။

Photo – ပြည်သတင်း
#voiceofmyanmar #VOM #ပြည် #လုယက်ရိုက်နှက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW