ငြိမ်းစုစီမတင်ဘဲ ရွေးကောက်ပွဲရလဒ်ကိစ္စ မရမ်းကုန်းမှာ ဆန္ဒပြ

ဇန်နဝါရီ ၁၈ -၂၀၂၁
အေးချမ်းသူ(VOM)

တရားမျှတမှုမရှိသော ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှုမရှိလို့ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ် ၊ ပါရမီလမ်းဆုံမီးပွိုင့်အနီးမှာ ဒီကနေ့နေ့လယ်ပိုင်းက လူ၂၀ဦးခန့်က ငြိမ်းစုစီမတင်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်သူဒေါ်မြင့်ကြည်က ” ရွေးကောက်ပွဲရလဒ်က တရားမျှတမှုမရှိပါဘူး။ မဲသမာမှုတွေလည်း တစ်နိူင်ငံလုံးအတိုင်းအတာအထိဖြစ်နေတယ်၊ ဒါကြောင့် တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲရလဒ်ကို အလိုမရှိပါဘူး”လို့ ပြောပါတယ်။

အခုလို ငြိမ်းစုစီမတင်ဘဲ ဆန္ဒပြတာနဲ့ပတ်သတ်ပြီး မရမ်းကုန်းမြို့မရဲစခန်းကို VOMက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဆန္ဒပြသူတွေဟာ ” တရားမမျှတသောရွေးကောက်ပွဲရလဒ်အလိုမရှိ”၊ “ပြည်ထောင်စုလွှတ်တော်တွင် တရားဥပဒေစိုးမိုးရေး ဒို့အရေး”၊
“စာချွန်တော်လက်ခံမှု အမြန်ဆုံးကြားနာဆုံးဖြတ်ပေးရေး ဒို့အရေး “၊ ” ပြည်သူ့ဆန္ဒအမှန်မဟုတ်သော ရွေးကောက်ပွဲရလဒ်အလိုမရှိ”စတဲ့စာသားပါ စက္ကူချပ်တွေကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ဒီကနေ့နေ့လယ်ပိုင်းကလည်း ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံရှေ့မှာ ရွေးကောက်ပွဲကော်မရှင်ကိုကန့်ကွက်ကြောင်း ဆန္ဒပြဖို့အတွက် ကျောက်တံတားမြို့မရဲစခန်းမှာ စာတင်ခဲ့ပြီးနောက်ပိုင်း ဦးဆောင်တဲ့သူ နေမကောင်းလို့ ဆန္ဒပြပွဲ ပျက်ခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရွေးကောက်ပွဲကိစ္စ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW