(၇၆)နှစ်မြောက် တပ်မတော်နေ့ ကျင်းပဖို့ စီစဥ်နေပြီ

နေပြည်တော်-ဇန်နဝါရီ၁၈-၂၀၂၁
ကိုထွန်း(VOM)

(၇၅) နှစ်မြောက် တပ်မတော်နေ့ မကျင်းပဖြစ်တာကြောင့် (၇၆) နှစ်မြောက်တပ်မတော်နေ့ ကျင်းပမယ်လို့ တပ်မတော်အသိုင်းအဝိုင်းမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးကြည့်တော့ “ကျင်းပဖို့စီစဥ်ထားပါတယ်(၇၅)နှစ်မြောက်တပ်မတော်နေ့ကို COVID 19 ကြောင့်မလုပ်ဖြစ်ခဲ့ဘူး (၇၆)နှစ်မြောက် တပ်မတော်နေ့ကိုတော့ (၇၅)နှစ်မြောက်နဲ့ (၇၆)နှစ်မြောက် နှစ်ကြိမ်ကိုပေါင်းပြီးတော့ ၂၀၂၁ ခုနှစ်၊မတ်လ(၂၇)ရက်နေ့မှာ တပ်မတော်နေ့အခမ်းအနား ကျင်းပဖြစ်မှာဖြစ်ပါတယ်” လို့ VOM ကိုပြောပါတယ်။

ကျင်းပမယ့်ပုံစံကတော့ COVID 19 ရောဂါဖြစ်ပွားမှုအခြေအနေပေါ်မူတည်ပြီး COVID 19 စည်းမျဥ်း၊စည်းကမ်းတွေအတိုင်း ကျင်းပမှာဖြစ်ပါတယ်၊ ကျင်းပမယ့်ပုံစံကိုတော့ တိတိကျကျမသတ်မှတ်ရသေးပါဘူး၊ ကျင်းပမှာတော့သေချာပါကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

#voiceofmyanmar #VOM #တပ်မတော်နေ့

 

 

Related posts

Leave a Comment

VOM News

FREE
VIEW