အငြင်းပွားဖွယ်နယ်စပ်မှာ အိန္ဒိယနဲ့တရုတ် တပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပွားပြန်

ဒေလီ၊ ဇန်နဝါရီ ၂၅ -၂၀၂၁
မျိုးဆက် (VOM)

အငြင်းပွားနေတဲ့ နယ်စပ်မှာ အိန္ဒိယနဲ့ တရုတ်တပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခထပ်မံဖြစ်ပွားတာကြောင့် နှစ်ဘက်စလုံးမှာ ဒဏ်ရာရရှိမှုတွေဖြစ်ခဲ့တယ်လို့ အိန္ဒိယအခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ဆစ်ကင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး အသေးစားပဋိပက္ခတစ်ခုကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အိန္ဒိယစစ်ဘက် ထုတ်ပြန်ထားပါတယ်။

အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြား ကမ္ဘာ့အကြာရှည်ဆုံး နယ်စပ်အငြင်းပွားမှုတွေကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။ နှစ်ဘက်စလုံးကတော့ နယ်စပ်တစ်လျှောက်မှာ နယ်မြေပိုင်ဆိုင်မှုပိုမိုတယ်လို့ အခိုင်အမာဆိုထားကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း လာဒက်ဒေသမှာ နှစ်ဘက်တပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတွေကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

ခုနောက်ဆုံးဖြစ်တဲ့ ပဋပက္ခကတော့ တရုတ်ကင်းလှည့်အဖွဲ့က အိန္ဒိယပိုက်နက်ထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့်ဖြစ်ပြီး သူတို့ကို ပြန်ပို့ခဲ့တယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောပါတယ်။

Ref: BBC
Photo: Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW