YDPပါတီ တွဲဘက်အတွင်းရေးမှူး ဒေါ်မိုးမိုးခိုင်ကို အီလက်ထရောနစ်ဥပဒေနဲ့ ဖမ်းဆီး

ဇန်နဝါရီ ၂၅ -၂၀၂၁
အေးချမ်းသူ(VOM)

အခြေခံလူတန်းစားဘဝ တိုးတက်မြှင့်မားရေးပါတီမှ တွဲဘက်အတွင်းရေးမှူး ဒေါ်မိုးမိုးခိုင်ကို အီလက်ထရောနစ်ဥပဒေပုဒ်မနဲ့ ဒီကနေ့နေ့လယ်ပိုင်းက မြောက်ဒဂုံမြို့နယ်မှာ ဖမ်းဆီလိုက်တယ်လို့ တောင်ဒဂုံမြို့မရဲစခန်းကနေ သိရပါတယ်။

တောင်ဒဂုံမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက “ဖမ်းလိုက်တာတော့ဟုတ်ပါတယ်၊ မြောက်ဒဂုံမှာ ဖမ်းမိတာပါ၊ စခန်းမှူးကိုယ်တိုင် အီလက်ထရောနစ်ဥပဒေပုဒ်မ-၃၃နဲ့ အမှုဖွင့်အရေးယူထားတယ်”လို့ VOM ကိုပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး YDPပါတီဥက္ကဋ္ဌ ဒေါ်အေးအေးသင်းကို VOMက ဆက်သွယ်မေးမြန်းရာမှာတော့ “အစ်မလည်း အပြင်ရောက်နေတော့ သေချာတော့မသိသေးဘူး၊ သိရင် ပြန်ပြီးအကြောင်းပြန်ပေးပါမယ်”လို့ပြောပါတယ်။

YDPပါတီမှ တွဲဘက်အတွင်းရေးမှူး ဒေါ်မိုးမိုးခိုင်ကို ဇန်နဝါရီလ ၁၂ရက်နေ့က အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်က ကျောက်တံတားမြို့မရဲစခန်းမှာ ငြိမ်းစုစီပုဒ်မ -၂၀နဲ့ အမှုဖွင့်ထားတာလည်းရှိပါတယ်။

လက်ရှိမှာတော့ YDPပါတီက ဒေါ်မိုးမိုးခိုင်အပြင် အတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်ကိုလည်း တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က ပုဒ်မ-၁၂၄(က)နဲ့ တရားစွဲဆိုထားတာလည်းရှိပါတယ်။

အီလက်ထရောနစ်ဥပဒေပုဒ်မ-၃၃ ဟာ ပြစ်မှုထင်ရှားပါက ထောက်ဒဏ် ၅နှစ်ကနေ ၇ နှစ်အထိချမှတ်ခံရမယ့်အပြင် ငွေဒဏ်လည်းချမှတ်ခံရမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #YDPပါတီ #ဒေါ်မိုးမိုးခိုင် #အီလက်ထရောနစ်ဥပဒေနဲ့ဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW