တရုတ်ရွှေတွင်းမှာ ပိတ်မိနေတဲ့ အလုပ်သမားတွေကို သေဆုံးလျှက်တွေ့ရှိ

ပေကျင်း၊ ဇန်နဝါရီ ၂၆-၂၀၂၁
မျိုးဆက်(VOM)

တရုတ်နိုင်ငံ၊ ရှန်ဒေါင်းပြည်နယ်ရှိ ရွှေတွင်းမှာ သီတင်းနှစ်ပတ်ကြာပိတ်မိနေတဲ့ အလုပ်သမား ၁၁ ဦးကို ရှာဖွေတွေ့ရှိပြီးနောက် တစ်ရက်အကြာမှာ ပိတ်မိနေတဲ့ အခြားအလုပ်သမား ၉ ဦးကို သေဆုံးလျှက် ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အလုပ်သမားတွေသေဆုံးမှုနဲ့ပတ်သက်ပြီး ယန်တိုင်မြို့တော်ဝန်က အတည်ပြုခဲ့တယ်လို့ နိုင်ငံပိုင်စီစီတီဗီ သတင်းဌာနက ဖော်ပြပါတယ်။

လက်ရှိအချိန်မှာ အလုပ်သမားတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အခြားတစ်ဦးကတော့ သတိလစ်မေ့မျောကာ လွန်ခဲ့တဲ့သီတင်းပတ်က သေဆုံးခဲ့ပါတယ်။

အဲ့ဒီရွှေတွင်းမှာ ဇန်နဝါရီ ၁၀ ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် ဝင်ပေါက်ပိတ်သွားပြီး အလုပ်သမားတွေပိတ်မိနေခဲ့တဲ့အတွက် သူတို့ထဲက ၁၁ဦးကို ဇန်နဝါရီ ၂၄ ရက်မှာ ကယ်တင်နိုင်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၄ ရက်ကနေ ဒီကနေ့နေ့လယ်အထိ ကယ်ဆယ်ရေးသမားတွေဟာ ရှာဖွေတာတွေကို မရပ်မနားလုပ်ဆောင်ခဲ့ကြပြီး ကံအကြောင်းမလှစွာ သေဆုံးနေတဲ့ အလုပ်သမား ၉ ဦးရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ယန်တိုင်မြို့တော်ဝန် ချန်ဖိုင်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက်မှာ သေဆုံးသွားတဲ့ အလုပ်သမားတစ်ဦးရဲ့ အလောင်းနဲ့အတူ အခြား ၉ ဦးရဲ့ ရုပ်အလောင်းတွေကို ရွှေတွင်းထဲကနေ သယ်ထုတ်ခဲ့ပြီးဖြစ်တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW