ပုသိမ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ဦးဖမ်းမိ

ဇန်နဝါရီ ၂၇ -၂၀၂၁
ကိုအောင်(VOM)

ပုသိမ်မြို့၊ ဒိုက်ထူစစ်ဆေးရေးဂိတ်မှာ ဒီကနေ မနက် အစောပိုင်းက နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ဦးနဲ့ လိုက်ပါပို့ဆောင်သူ ၂ ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

“ပုသိမ်ကြိုးတံတားဂိတ်မှာ စစ်ဆေးကတည်းက မသင်္ကာလို့ ရဲတပ်ဖွဲ့ကနောက်ကလိုက်ခဲ့တာ၊ ပုသိမ်မြို့အထွက် ဒိုက်ထူစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်၊ အသေးစိတ်တော့ စစ်ဆေးနေတုန်းပါ”လို့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်ကပြောပါတယ်။

အမျိုးသမီး ၁၂ဦး နဲ့ ကလေးငယ်တစ်ဦးပါဝင်ပြီး သာပေါင်းမြို့နယ်တောတွင်းကနေ သယ်ဆောင်လာကာ ပုသိမ်မြို့အရောက်မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

လက်ရှိမှာ အထောက်အထားမဲ့သူတွေကို ပုသိမ်တက္ကသိုလ်၊ တေဇဆောင်ကွာရန်တင်းစင်တာမှာ စစ်ဆေးနေပြီး ကားသမား၂ဦးကိုတော့ ပုသိမ်မြို့မရဲစခန်းမှာ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၂၀ခုနှစ်အတွင်း နိုင်ငံသားအထောက်အထားမဲ့သူတွေဝင်ရောက်မှု ၃ကြိမ်သာရှိခဲ့ပေမယ့် ၂၀၂၁ ဇန်နဝါရီလ တစ်လထဲမှာတော့ ဖမ်းဆီးရမိတာ ၄ကြိမ်ထိရှိနေပြီဖြစ်ပါတယ်။

ဧရာဝတီတိုင်းဟာ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ကုန်းလမ်း ၊ ရေလမ်းတွေကနေတဆင့် ရခိုင်ပြည်နယ်ပြင်ပကို ထွက်ခွာကြတဲ့ နိုင်ငံအထောက်အထားမဲ့သူတွေကို မကြာခဏ ဖမ်းဆီးရမိတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #နိုင်ငံသားအထောက်အထားမဲ့ #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW