ကိုဗစ်-၁၉ ကူးစက်ခံရတဲ့အမျိုးသားတွေ သုတ်ပိုးနဲ့ မျိုးဆက်ပွားကျန်းမာရေး ထိခိုက်နိုင်

လန်ဒန်၊ ဇန်နဝါရီ ၂၉-၂၀၂၁
မျိုးဆက် (VOM)

ကိုဗစ်-၁၉ ရောဂါဟာ အမျိုးသားတွေရဲ့ သုတ်ပိုးအရေအသွေးနဲ့ မျိုးပွားမှုနှုန်းကို ပျက်စီးစေကြောင်း စမ်းသပ်မှုသက်သေအထောက်အထားတွေအပေါ်အခြေခံတဲ့ လေ့လာမှုသစ်တစ်ရပ်မှာ တွေ့ရှိခဲ့ပါတယ်။

လူသန်းပေါင်း ၂ ဒသမ၂ သန်းနီးပါး သေဆုံးစေခဲ့တဲ့ အဲဒီဗိုင်းရပ်စ်ဟာ သုတ်ပိုးဆဲလ်သေဆုံးမှုမြင့်တက်ခြင်း၊ ယောင်ယမ်းခြင်းနဲ့ အောက်စီဂျင်ဓါတ်တိုးမှုအပေါ် ဖိစီးမှုများဖြစ်ပေါ်စေနိုင်တယ်လို့ ဇန်နဝါရီ ၂၉ ရက် ထုတ် Journal Reproduction မှာ သုတေသီတွေက ပြောပါတယ်။

ဒါဟာ ကိုဗစ်-၁၉ ရောဂါကြောင့် အမျိုးသားတွေရဲ့ မျိုးပွားစနစ်ကိုပစ်မှတ်ထား ပျက်စီးသွားတာနဲ့ ပတ်သက်ပြီး ပထမဆုံး တိုက်ရိုက်စမ်းသပ်ခဲ့တဲ့ သက်သေအထောက်အထားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးပြသနာရှိသူတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားစေပါတယ်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်းမှာ ရောဂါစတင်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းမှာ ကူးစက်ခံရသူ သန်း ၁၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

ဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းမှ အမှုန်စက်လေးတွေကတစ်ဆင့် အဆုတ်၊ ကျောက်ကပ် ၊ အူနဲ့နှလုံးတို့ကို တိုက်ခိုက်နိုင်ပြီး အမျိုးသားတွေရဲ့ မျိုးပွာအင်္ဂါကိုပါ ကူးစက်နိုင်ကာ သုတ်ပိုးတွေနဲ့ မျိုးပွားမှုဆိုင်ရာ ဟော်မုန်းတွေကို အနှောက်အယှက်ဖြစ်စေတယ်လို့ အစောပိုင်းလေ့လာမှုတွေမှာလည်း ဖော်ပြထားပါတယ်။

Ref: CNA
Photo:TOC
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW