ဒေလီ၊ ဇန်နဝါရီ-၁၀-၂၀၂၁ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီ ၁၆ ရက်မှာ စတင်တော့မယ်လို့ အိန္ဒိယအစိုးရက ကြေညာလိုက်ပါတယ်။ ဒါဟာ သမိုင်းဝင်ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ဝန်ကြီးချုပ်မိုဒီက ထုတ်ဖော်ပြောဆိုလိုက်ပြီး ဇူလိုင်လမှာ ပြည်သူသန်း ၃၀၀ ထိကာကွယ်ဆေးထိုးပေးဖို့ရည်ရွယ်ထားကြောင်း သူကဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ လူဦးရေ ၁ ဒသမ ၃ ဘီလီယံထိရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်-၁၉ကို ရှေ့တန်းကနေရင်ဆိုင်နေရတဲ့ အလုပ်သမားတွေကို ကာကွယ်ဆေး ဦးစွာထိုးနှံပေးမယ်လို့ ဝန်ကြီးချုပ်မိုဒီက ပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အမြင့်ဆုံးနိုင်ငံတွေထဲက ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ နိုင်ငံအတွင်းမှာ ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစပြီး ရောဂါကူးစက်ခံရသူ ၁၀ ဒသမ ၃ သန်းရှိကာ လူတစ်သိန်းခွဲနီးပါး သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ကျန်းမာရေးတာဝန်ရှိသူတွေဟာ AstraZeneca နဲ့ Oxford တက္ကသိုလ်တို့ထုတ်လုပ်ထားတဲ့ Covishield…
Read MoreMonth: January 2021
မူးယစ်ဖမ်းတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ဖို့ အလွတ်တန်း သတင်းထောက်တစ်ဦးက ဆန္ဒဖော်ထုတ်
ဇန်နဝါရီ ၁၀-၂၀၂၁ အေးချမ်းသူ(VOM) မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ်လှလှဌေး(ခ)မမှုံဆိုသူရဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဒီကနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ၂တောင်ရပ်ကွက်မှာ အလွတ်တန်းသတင်းထောက်တစ်ဦးက တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ ဦးစိုးလွင်က “ကျနော်က စံတော်ချိန်က အလွတ်တန်းသတင်းထောက်၊ ကာတွန်းလည်းဆွဲတယ်။ ဖြစ်တဲ့နေ့က သတင်းသွားယူတော့ CCTVမှာ လူနှစ်ယောက်ဆေးလိပ်ဝယ်ပြီး ဗူးထဲမှာထည့်ပြီး တင်ခဲ့တာ၊ ပြောချင်တာက ရဲတွေအနေနဲ့ CCTVကိုစစ်ဆေးပေးစေချင်တယ်။ အမှုမှန်ပေါ်ပေါက်စေချင်တယ်၊ ဒါကြောင့်အခုလို တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ရတာ”လို့ VOMကိုပြောပါတယ်။ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ရာမှာ မာန်ပြေ၃လမ်း မူးယစ်ဆေးဝါးဖမ်းဆီးမှုဖြစ်စဉ်အား မြန်မာနိူင်ငံအစိုးရအာဏာပိုင်များမှ CCTVကို ကြည့်ရှုစစ်ဆေးရန်၊ အပြစ်ရှိသူ ၁၀၀ထက်အပြစ်မရှိသူတစ်ဦး အပြစ်ဒဏ်ခံရတာ ဆိုးဝါးလှသည် သတိပြုပါ၊ ပြည်သူချစ်သောရဲဖြစ်၏ စတဲ့ဆိုင်းဘုတ်တွေကိုင်ဆောင်ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ဒီကနေ့ဆန္ဒဖော်ထုတ်တဲ့ဖြစ်စဉ်ရဲ့အမှုဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၂၇ရက်နေ့က သာကေတမြို့နယ်၊ ၂တောင်ရပ်ကွက်၊ မာန်ပြေ ၃လမ်းရှိ နေအိမ်တစ်အိမ်မှာ မူးယစ်ဆေးဝါးဝင်ရောက်ဖမ်းဆီးရာ လုပ်ကြံမှုဖမ်းဆီးခံတယ်လို့ဆိုကာ ရပ်ကွက်နေပြည်သူများအကြား…
Read Moreဧရာဝတီစင်တာ(မန္တလေး)မှာ ကိုဗစ်မျိုးစိတ်ကွဲတွေ့တယ်ဆိုတဲ့ သတင်းမှား လူမှုကွန်ယက်မှာ ပျံ့နှံ့
မန္တလေး၊ ဇန်နဝါရီ ၁၀-၂၀၂၁ ဆွေလင်းထွန်း၊ ရှိုင်းအောင်(VOM) မန္တလေးက ဧရာဝတီစင်တာမှာ ကိုဗစ်မျိုးစိတ်ကွဲတွေ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။ ဒီသတင်းမှားကို ရွှေမဟာနွယ် သွေးနှင့်ပရဟိတအသင်း ဥက္ကဌ မရွှေမဟာနွယ်က သူ့ရဲ့ “ရွှေမဟာနွယ် ရွှေမဟာနွယ်” ဆိုတဲ့ လူမှုကွန်ယက်မှာ ဒီနေ့မနက်က တင်ခဲ့တာဖြစ်ပါတယ်။ ရွှေမဟာနွယ် ရွှေမဟာနွယ် အကောင့်ကနေ တင်ထားပြီး နာရီပိုင်းအတွင်းမှာ ပို့စ်ကို နှစ်သက်သူ ၆၀၀ နီးပါး၊ မှတ်ချက်ရေးသူ ၄၆ဦးနဲ့ ပြန်လည်မျှဝေသူ ၅၀၀ နီးပါးရှိခဲ့ပြီး ခုချိန်မှာတော့ အဲ့ဒီပို့စ်ကို ပြန်ဖြုတ်ချသွားပြီ ဖြစ်ပါတယ်။ အခြားလူမှုကွန်ယက် သုံးစွဲသူအချို့က မရွှေမဟာနွယ်ကို ခရက်ဒစ်ပေးပြီး အဲ့ဒီ သတင်းမှားကို ပြန်လည် ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။ ကိုဗစ်မျိုးစိတ်ကွဲတွေ့တယ်ဆိုတာနဲ့ပတ်သက်ပြီး မရွှေမဟာနွယ်ကို VOM က ဆက်သွယ်မေးကြည့်တော့ အဲ့ဒီကိစ္စကို ဧရာဝတီစင်တာ(မန္တလေး)မှာ တက်ရောက်နေတဲ့ လူနာတဦးဆီက ကြားသိခဲ့ရကြောင်းနဲ့…
Read Moreတန့်ဆည်မှာ ရေမော်တာကတဆင့်မီးလောင်၊ သိန်း ၂၄၀ကျော်ဆုံးရှုံး
ဇန်နဝါရီ ၁၀-၂၀၂၁ ဟိန်းကို(VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ်၊ မေတ္တာမြိုင်ရပ်ကွက်ရှိ လူသုံးကုန်ပစ္စည်းနဲ့ ဆေးပစ္စည်းဆိုင် တစ်ဆိုင်မှာ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဆိုင်အတွင်း ကားဂိုဒေါင်ရှိ ရေမော်တာ မိန်းခလုတ်ကို မပိတ်ဘဲထားရာ ဝါယာကြိုးအပူလွန်ကဲပြီး မီးပွားတွေထွက်ကာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တန့်ဆည်မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” မီးလောင်တာက ၁၂နာရီ ၁၅လောက်က စလောင်တာပေါ့၊ သတင်းရတော့ တန့်ဆည်ကကားတွေက ၁၂နာရီ ၃၅မှာထွက်တယ်၊ မီးလောင်မှုကို တန့်ဆည်ကမီးငြိမ်းသတ်ယာဉ်၊ရေဦးမြို့နယ်က မီးငြိမ်းသတ်ယာဥ်၊ ဒီပဲယင်းမြို့နယ်က မီးငြိမ်းသတ်ယာဉ်တွေ၊ ရွာရှည်(မ)နယ်မြေမီးသတ်စခန်းက ရေသယ်ယာဉ်၊ အင်္ကုက္ကားနယ်မြေမီးသတ်စခန်းက ရေသယ်ယာဉ် စုစုပေါင်း မီးငြိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၆)စီးနဲ့ မီးငြိမ်းခဲ့တယ်၊ မနက် ၁နာရီ၃၅မှာ မီးငြိမ်းပါတယ်”လို့ ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးအေးမြင့်ကပြောပါတယ်။ မီးလောင်မှုကြောင့် Mark-2 အိမ်စီးကားတစ်စီး၊ Suzuki Etirta အိမ်စီးကား တစ်စီး၊ စူပါကပ်ဆိုင်ကယ်…
Read Moreစစ်ကိုင်းတိုင်းမှာ ယာဉ်တိုက်မှုကြောင့် သေဆုံး၊ဒဏ်ရာရတဲ့ ရဲဝန်ထမ်း အရေအတွက် မြှင့်တက်လာ
ဇန်နဝါရီ ၁၀ – ၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်းမှာ ၂၀၂၀ နှစ်သစ်ကူးချိန်ကစပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရ သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် မြှင့်တက်လာတယ်လို့ သိရပါတယ်။ မုံရွာမြို့၊ လေကြောင်းရဲတပ်ဖွဲ့ခွဲရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဇန်နဝါရီ ၈ ရက်ညပိုင်းက မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဆိုင်ကယ်စီးနေချိန် Hight jet ကားတစ်စီးနဲ့ တိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။ ဇန်နဝါရီ ၇ ရက်ကလည်း တမူးမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဒု-တပ်ကြပ် အသက် ၄၂ နှစ် အမျိုးသားဟာ တမူးမြို့မရဲစခန်းကနေ တာဝန်ကျနေရာဖြစ်တဲ့ ပြည်သူ့အငှားအိမ်ယာ ကိုဗစ်-၁၉ ကွာရန်တင်းစင်တာကိုသွားတဲ့ တမူး-ကလေး ကားလမ်းပေါ်မှာ ယာဉ်တိုက်မိလို့ ရရှိဒဏ်ရာနဲ့ တမူးဆေးရုံမှာ သေဆုံးသွားခဲ့ပြန်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်၊ဒီဇင်ဘာ ၂၅…
Read Moreကွာရန်တင်းစင်တာကို ဘုန်းကြီးက မီးနဲ့ရှို့
ဇန်နဝါရီ ၁၀-၂၀၂၁ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ ဒီကနေ့မနက် ၅ နာရီခွဲခန့်က အ.ထ.က ကြို့ပင်ကောက် ကွာရန်တင်းစင်တာမှာ စောင့်ကြည့်မှုခံနေတဲ့ ဘုန်းကြီးတစ်ပါးက နေထိုင်ရာအဆောင်ကို မီးနဲ့ရှို့ခဲ့တယ်လို့ ကြို့ပင်ကောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းက ပြောပါတယ်။ ” ကွာရန်တင်းဝင်နေတဲ့ ဘုန်းကြီးက မီးတင်ရှို့တာ၊ ကိုယ်တိုင်ဝန်ခံထားတယ်။ မနက် ၆ နာရိခွဲလောက်မှာ မီးငြိမ်းနိုင်ခဲ့တယ်။ လူထိခိုက်ဒဏ်ရာ မရပေမယ့် အဆောင်တစ်ခု ပျက်ဆီးတယ်၊ ဘုန်းကြီးက စိတ်ပိုင်းဆိုင်ရာ ကျန်မာရေးကောင်းလှပုံမပေါ်ဘူး”လို့ ဦးအောင်ကိုမင်းက ပြောပါတယ်။ မနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက ရန်ကုန်တိုင်းကနေပြန်လာတဲ့ သက်တော်၄၃ နှစ်အရွယ် ဘုန်းကြီးတစ်ပါးဟာ ကိုဗစ်ကော်မတီက စီစဉ်ပေးတဲ့ အ.ထ.ကကြို့ပင်ကောက် ကွာရန်တင်းစင်တာမှာ ခေတ္တနေထိုင်ချိန် အခုလိုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် အဲ့ဒီကွာရန်တင်းစင်တာမှာ စောင့်ကြည့်မှုခံနေရတဲ့ အမျိုးသား၊ အမျိုးသမီး ၅၇ ဦးကတော့ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့…
Read MoreVOM ရဲ့ ဇန်နဝါရီ ၉ ရက်နေ့ ညနေခင်း သတင်းတင်ဆက်မှု
– နိုင်ငံတော်သမ္မတရုံးရဲ့ နိုင်ငံရေးအကျဉ်းသားအဓိပ္ပွယ်အပေါ် နိုင်ငံရေး အကျဉ်းသားဟောင်းများနှဲ့ တရားမျှတမှုဖော်ဆောင်ရေးကော်မတီက ဒီနေ့နေ့စွဲနဲ့ ကြေညာချက်ထုတ် ပြီး အပြင်းအထန်ရှုံ့ချလိုက်တယ်ဆိုတဲ့သတင်း – ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်နဲ့ ဇနီး ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့သတင်း – အင်းတော် ကန်ပတ်လမ်းဖောက်လုပ်တဲ့လုပ်ငန်းခွင်မှာ သက်ဆိုင်ရာနဲ့ ဒေသခံတွေ အငြင်းပွားမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်း – မူဆယ်မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး ပစ်ခတ်လုပ်ကြံမှု ၁ ပတ်အတွင်း ၃ ကြိမ်ဖြစ်ပွားခဲ့တဲ့ သတင်း – ဗန်းမော်မြို့က အမှိုက်ပုံမီးညှော်နံ့ဆိုးတွေကြောင့် လေထုညစ်ညမ်းမှုတွေ ဖြစ်နေတဲ့အတွက် ပတ်ဝန်းကျင်ဒေသခံတွေ မကျေမနပ်ဖြစ်နေတယ်ဆိုတဲ့ သတင်း – ဘုရားမုခ်ဦးဟောင်း ဖြိုဖျက်ရာကနေ ပြိုကျပြီး အလုပ်သမား တစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့ သတင်း – ကချင်ပြည်နယ်မှာ ၂၀၂၀ အတွင်းမှာ ယာဉ်တိုက်မှုတွေကြောင့် လူ ၂ ရာကျော် သေဆုံးခဲ့တဲ့သတင်း – ရန်ကုန်က မင်္ဂလာဈေးကို ၁၄…
Read Moreခရီးသည် ၆၀ ကျော်လိုက်ပါသွားတဲ့ အင်ဒိုနီးရှားခရီးသည်တင်လေယာဉ် ပင်လယ်ထဲပျက်ကျ
ဂျကာတာ၊ ဇန်နဝါရီ ၁၀-၂၀၂၁ မျိုးဆက် (VOM) အင်ဒိုနီးရှားနိုင်ငံမှာ ဘိုးအင်း-၇၃၇ ခရီးသည်တင်လေယာဉ်တစ်စင်းဟာ မြို့တော်ဂျကာတာကနေ ပျံတက်ပြီး မကြာခင်မှာပဲ ပင်လယ်ထဲကို ပျက်ကျသွားခဲ့တယ်လို့ ယုံကြည်ရတဲ့ နေရာကို အင်ဒိုနီးရှားအာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လူ ၆၂ ဦးကို တင်ဆောင်သွားတဲ့ Sriwijaya Air လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်ဟာ အနောက်ကာလီမန်တန်ပြည်နယ် ပွန်ရှန်နက်ကိုသွားဖို့ ပျံသန်းနေစဉ် လေယာဉ်ကွင်းကတက်ပြီး လေးမိနစ်အကြာမှာ ရေဒါကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ လေယာဉ်ပျက်ကျရာနေရာကို သင်္ဘော ၁၀ စင်းကျော်နဲ့ ရေငုပ်သင်္ဘောတွေ ဖြန့်ကြက်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြကာ လေယာဉ်အပျက်အစီးလို့ ယူဆရတဲ့အရာတွေကို စုံစမ်းစစ်ဆေးသူတွေက ဆန်းစစ်နေကြပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဇန်နဝါရီ ၉ ရက်ညပိုင်းမှာ ရပ်နားခဲ့ပြီး ဒီကနေ့မနက်အစောပိုင်းမှာ ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ အဲ့ဒီလေယာဉ်ဟာ ၂၀၁၉ ခုနှစ် မတ်လနဲ့ ဒီဇင်ဘာလတွေမှာ လူအများအပြားသေဆုံးခဲ့တဲ့ မတော်တဆမှုဖြစ်ပွားခဲ့တာကြောင့် ပြေးဆွဲပျံသန်းမှုတွေ ရပ်ဆိုင်းခဲ့ရတဲ့…
Read Moreဟားခါးမြို့မှာ နေအိမ် ၃ လုံးမီးလောင်ပြီး လူ ၁ ဦးသေဆုံး
ဇန်နဝါရီ ၁၀ – ၂၀၂၁ ကိုတိုးကြီး(VOM) ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်မှာ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်စဉ်မှာ နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ ၁ ဦး သေဆုံးသွားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးကနေ သိရပါတယ်။ ” မနေ့ ၉ ရက်ည ၁၁ နာရီကျော်မှာ မီးစတင်လောင်တယ် ၊ ဒီမနက် ၁ နာရီမထိုးခင် အပြီးသတ် မီးငြိမ်းနိုင်ခဲ့တယ်၊ နေအိမ် ၃ လုံးမီးလောင် ဆုံးရှုံးခဲ့သလို အိမ်ငှားနေတဲ့ လူ ၁ ယောက်လည်း မီးလောင်သေဆုံးခဲ့တယ်”လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဌာန ညပိုင်းတာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ မီးလောင်သေဆုံးသူဟာ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ငှားရမ်းနေထိုင်တဲ့ နေအိမ် အိပ်ခန်းထဲက လျှပ်စစ် Heater အပူလွန်ကဲပြီး…
Read MoreTNLAအဖွဲ့ဖမ်းဆီးထားတဲ့ စံပြမုန့်တိုက်ပိုင်ရှင်ကိစ္စ ‘ဝ’တပ်ဖွဲ့ကို အကူအညီတောင်းထား
ဇန်နဝါရီ ၁၀-၂၀၂၁ အေးချမ်းသူ(VOM) တအောင်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်(TNLA)က ဖမ်းဆီးထားတဲ့ မိုးကုတ်မြို့နယ်ရှိ (SP)စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းရဲ့ ကိစ္စကို မိသားစုဝင်တွေက ‘ဝ’ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီကို အကူအညီတောင်းထားတယ်လို့ မနေ့ ဇန်နဝါရီ ၉ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Rose Garden ဟိုတယ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မိသားစုဝင်တွေကပြောပါတယ်။ ဦးကျော်ဝင်းကို ပြီးခဲ့တဲ့ ၂၀၂၀နှစ် ဒီဇင်ဘာ ၄ရက်နေ့က ဖမ်းဆီးခဲ့ရာ အခုချိန်ထိ တစ်လကျော်ကြာမြင့်နေပြီး အဆက်အသွယ်လုံးဝမရတာကြောင့် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်တယ်လို့ ဦးကျော်ဝင်းရဲ့ ညီဖြစ်သူ ဦးကျော်လင်းကပြောပါတယ်။ ” TNLA ဘက်က ငွေတောင်းတာ၊ အကြောင်းကြားတာလည်းမရှိဘူး။ ကျနော်တို့ဘက်က ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ကြိုးစားလို့မရဘူး၊ တအောင်းပလောင်အမျိုးသားတပ်ဖွဲ့ကလည်း တစ်လကျော်ကြာဖမ်းဆီးထားပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့ မီဒီယာတွေနဲ့ ဖြေကြားထားပေမယ့် မိသားစုဝင်တွေအနေနဲ့ စိုးရိမ်ပူပန်နေပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုတယ်”လို့ ဦးကျော်လင်းက ပြောပါတယ်။ မိသားစုဝင်တွေဟာ ဇန်နဝါရီလဆန်ပိုင်းက…
Read More