ဇန်နဝါရီ ၅-၂၀၂၀ အေးချမ်းသူ(VOM) ကိုဗစ်ကာလအတွင်း တားမြစ်ထားတဲ့အမိန့်ကို ချိုးဖောက်ကာ ခွင့်ပြုချက်မရှိဘဲဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး စွမ်းအင်မှတ်တိုင်အနီးရှိ YGN KTV ကို မနေ့ဇန်နဝါရီ ၄ရက်နေ့ ည ၁၂ ကျော်က ဝင်ရောက်ဖမ်းဆီးခဲ့ရာ လူဦးရေ ရှစ်ဆယ်ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ YGN KTV ကို ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာတော့ ဆိုင်မန်နေဂျာနဲ့ ဆိုင်ဝန်ထမ်းတွေအပါအဝင် လာရောက်သီဆိုစားသောက်သူ စုစုပေါင်း ၈၀ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြောက်ဒဂုံမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က ပြောပါတယ်။ “လက်တလောမှာ ဆိုင်မန်နေဂျာကို သဘာဝဘေးအန္တရယ်ဥပဒေနဲ့ အရေးယူထားပြီး ကျန်လူတွေကို ကိုယ်ပိုင်ခံဝန်နဲ့ ပြန်လွှတ်ပေးထားတယ်လို့ ကြားတယ်”လို့ ဒေါက်တာခင်မောင်မောင်ကပြောပါတယ်။ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ခဲ့တဲ့ YGN KTVကို ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ပူးပေါင်းအဖွဲ့အစည်းတွေက ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဆိုင်မန်နေဂျာတစ်ဦး၊ ဆိုင်ဝန်ထမ်း ၃၀ဦးနဲ့ လာရောက်သီဆိုသူ ၅၁ ဦးတို့ကို…
Read MoreMonth: January 2021
သစ်တင်တဲ့ကား တိမ်းမှောက် လူ ၄ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ
ဇန်နဝါရီ ၅-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ဖြူးမြို့နယ်အနောက်ဘက်၊ ဖြူးချောင်းဆည်အဆင်းလမ်းပေါ်မှာ ဒီကနေ့ မနက်အစောပိုင်းက သစ်တင်လာတဲ့ ကားတစ်စင်းတိမ်းမှောက်ရာကနေ အမျိုးသား ၄ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖြူးမြို့မရဲစခန်းကနေ သိရပါတယ်။ ” အခင်းဖြစ်နေရာမှာ သေဆုံးတာ ၄ ဦးဖြစ်ပြီး ယာဉ်မောင်းအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရပေမယ့် မစိုးရိမ်ရဘူး။ ဣတ္ထိပါလတောင်တက်လမ်းအတိုင်း ဆင်းလာချိန် မှောက်တာပါ”လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အသက် (၂၃နှစ်) အရွယ် အမျိုးသား မောင်းလာတဲ့ ယာဉ်ပေါ်မှာ အသက် ၁၉ နှစ် ကနေ အသက် ၅၆ နှစ်အရွယ်ကြား သစ်လုပ်သားနဲ့ ယာဉ်နောက်လိုက် ၉ ဦးလိုက်ပါလာပြီး ပျဉ်းကတိုးသစ် တန်ချိန်သုံးတန်ကျော် တင်ဆောင်လာတဲ့ ဖောကာအပြာရောင်ဟာ အဆင်လမ်းမှာတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူတွေအနက်…
Read Moreစစ်ဘေးရှောင်အမျိုးသမီးတွေရဲ့ ၁၀စုနှစ်ကြာမက်နေခဲ့ရတဲ့ နေရပ်ပြန်အိပ်မက်ရှည်
မင်းထက်စံ အစိုးရမင်းများ ရုံးစိုက်ရာ နေပြည်တော်တွင် နှစ်သစ်ကူးကာလကို အုံးအုံးထ မီးရှုးမီးပန်းများ ပစ်လွတ်ကာ ကြိုဆိုခဲ့ကြသည်။နေပြည်တော်နှင့် မိုင်ပေါင်း ၆၀၀နီးပါး ကွာဝေးသော မြန်မာနိုင်ငံ မြောက်ဖျားမြို့တော် မြစ်ကြီးနားမြို့ရှိ အစွန်ပိုင်း ဂျာမိုင်ကောင်း စစ်ရှောင်စခန်းတွင်တော့ တိတ်ဆိတ်မှု ဖုံးလွမ်းလျက်။ ထိုစခန်းတွင် နေထိုင်နေရသော စစ်ရှောင်သူတို့အဖို့တော့ ကိုဗစ်ကာလလည်း ဖြစ်သည့်အတွက် ပျော်ပွဲ ရွှင်ပွဲမပါဘဲ ည၁၂ နာရီတိတိတွင် နှစ်သစ်တွင် ကောင်းခြင်းမင်္ဂလာများဆောင်ကြဉ်းပေးဖို့ရန်နှင့် ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးတို့ကို ဆုတောင်းလျက်ရှိသည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလများကတော့ ယခုလို ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလများတွင် အိမ်တွင်ကြက်ရှိ ကြက် ၊ ဝက်ရှိ ဝက် ချက်ပြုတ်စားသောက်ကာ အကပဒေသာများဖြင့် ပျော်ပါးခဲ့ရသော အချိန်များသည် ပါးစပ်ရာဇဝင်လေးလို ဖြစ်ခဲ့လေပြီ။ “ပွဲကတော့ ပျော်ချင်တာပေါ့နော့။ ပျော်လို့မှ မရတော့တာ” ဟု ဆိုခဲ့သူမှာ ဂျာမိုင်ကောင်းစစ်ရှောင်စခန်းမှအသက်၄၆…
Read Moreအင်ဒိုနီးရှားမှာ ပြည်သူအားလုံးကို ဗိုင်းရပ်စ်ကာကွယ်ဆေး အခမဲ့ထိုးပေးတော့မယ်
ဂျကာတာ၊ ဇန်နဝါရီ-၅-၂၀၂၀ မျိုးဆက် (VOM) အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို လာမယ့်သီတင်းပတ်မှာ စတင်တော့မှာဖြစ်တယ်လို့ ထိပ်တန်းဝန်ကြီးတစ်ဦးက ဇန်နဝါရီ ၄ ရက်မှာ အတည်ပြုပြောကြားလိုက်ပါတယ်။ နိုင်ငံအတွင်းမှာ ကာကွယ်ဆေး ခုနှစ်သိန်းကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးထားပြီး အစားအသောက်နဲ့ ဆေးဝါးအေဂျင်စီ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတာလို့ဆိုပါတယ်။ အာရှဒေသမှာ ကိုဗစ်-၁၉ ရောဂါကို အပြင်းအထန်ခုခံနေရတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ကာကွယ်ဆေး ၃၂၉ သန်းရရှိထားပြီး Pfizer/ BioNTech ထုတ်ကာကွယ်ဆေးနဲ့ AstraZeneca ကုမ္ပဏီထုတ် ကာကွယ်ဆေးအများစုပါဝင်ပါတယ်။ ကာကွယ်ဆေးထိုးနှံမှု ပထမအကြိမ်မှာ ပါဝင်သူတွေအတွက် တရုတ်နိုင်ငံ Sinovac ကုမ္ပဏီထုတ် ကာကွယ်ဆေးကို အသုံးပြုသွားမှာဖြစ်ပြီး ဒီကာကွယ်ဆေး သုံးသန်းကို အင်ဒိုနီးရှားက ရရှိထားပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်ကို လာမယ့်သီတင်းပတ်မှာ စတင်ဖို့စီစဉ်ထားပြီး ဘရာဇီးနဲ့ တူရကီနိုင်ငံတို့မှာ ပြုလုပ်ခဲ့တဲ့ လက်တွေ့စမ်းသပ်မှုတွေကို လေ့လာနေတဲ့ အစားအသောက်နှင့် ဆေးဝါးအေဂျင်စီထံမှ…
Read Moreပြန်ဖွင့်ပေးမယ့် ယုဇနပလာဇာဈေးမှာ ကိုဗစ်ပိုးတွေ့ပါက ချက်ချင်းပိတ်မယ်
ဇန်နဝါရီ ၅ -၂၀၂၁ ယဉ်ပပထွန်း(VOM) ရန်ကုန်မှာ မနက်ဖြန်ကနေစပြီး ယုဇနပလာဇာဈေးကို ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး အဲ့ဒီဈေးအပေါ်မှာမှုတည်ကာ မင်္ဂလာဈေးကို ပြန်ဖွင့်မှာဖြစ်သလို ကိုဗစ်ပိုးတွေ့ရင်တော့ ဈေးကိုချက်ချင်းပိတ်မှာဖြစ်တယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက VOM ကိုပြောပါတယ်။ “မနက်ဖြန်မှာ ဖွင့်မယ့် ယုဇနပလာဇာကို ကျွန်တော်တို့ ကြည့်ရမယ် ။ အဆင်ပြေတယ်ဆိုရင် မင်္ဂလာဈေးကို ဖွင့်မယ်ဆိုပြီး မနက်က ဈေးတာဝန်ရှိတဲ့သူတွေနဲ့ အစည်းအဝေးလုပ်ပါတယ်။ အမှန်ပြောရရင်တော့ မဖွင့်စေချင်သေးဘူး၊ ဒါပေမယ့်လို့ ဈေးသူဈေးသားတွေရယ် ဝန်ထမ်းတွေရယ်က ဒုက္ခအတော်လေးရောက်နေတဲ့အတွက် စည်းမျဉ်းစည်းကမ်းနဲ့အညီဖွင့်ဖို့ လုပ်နေရတာဖြစ်ပါတယ်။ မင်္ဂလာဈေး ထပ်မှန်ဖွင့်ဖို့အတွက် နောက်တစ်ပတ်ထဲမှာလည်း ဆက်ပြီး ဆွေးနွေးရအုံးမှာဖြစ်ပါတယ်“လို့ ဦးလှဌေးကပြောပါတယ်။ ဒါ့အပြင် ယုဇနပလာဇာ ပြန်ဖွင့်ရင်လည်း လူစုလူဝေးအများကြီးမဖြစ်စေဖို့အတွက် ဈေးသူဈေးသားတွေ ပြောထားသလို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖွင့်လှစ်နိုင်မယ်လို့လည်း ယုံကြည်နေပြီး အဲ့ဒီဈေးထဲမှာ ပိုးရှိသူ လူနာတွေ့ရှိခဲ့ရင်တော့ ဈေးကို ချက်ချင်းပိတ်သွားမယ်လို့ ဦးလှဌေးက…
Read Moreသင်္ကန်းဝတ်နဲ့အရက်သောက်တာ မသင့်တော်ကြောင်းပြောတဲ့ ကပ္ပိယကို ဥူးပဇင်းကရိုက်သတ်
ဇန်နဝါရီ ၅-၂၀၂၁ ကိုတိုးကြီး(VOM) ကရင်ပြည်နယ် ၊ ဘားအံမြို့နယ် ၊ ကော့ရင်ကောက်ကျေးရွာအုပ်စု ၊ အင်ရှည်ပိုင်းကျေးရွာမှာ မနေ့ ဇန်နဝါရီ ၄ ရက် ညနေပိုင်းက ဥူးပဇင်း တစ်ပါးကနေ လူတစ်ယောက်ကို ရိုက်နှက်ခဲ့ရာ ရိုက်နှက်ခံရသူ သေဆုံးသွားတယ်လို့ မြိုင်ကလေးနယ်မြေရဲစခန်းကနေ သိရပါတယ်။ ” အခင်းဖြစ်တာက ရွှေဥဒေါင်းဘုန်းကြီးကျောင်းဝန်းထဲက ကွပ်ပျစ်မှာဖြစ်တာပါ၊ သေဆုံးသူက အဲ့ဒီကျောင်းက ကပ္ပိယ အေးမင်းဝင်း (ခ) ချိုကြီး အသက် ၃၇ နှစ် ဖြစ်တယ်”လို့ မြိုင်ကလေးနယ်မြေရဲစခန်းက အမှုစစ် ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ ရွှေဒေါင်း ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဥူးပဇင်း ဝိရိယ (လူအမည် အောင်မြတ်ထွန်း (ခ) တာချေ)ဝါတော် ၁ ဝါ ၊ အသက် ၂၇ နှစ် ဆိုသူဟာ ကပ္ပိယဖြစ်သူရဲ့ နေအိမ်က သံဖြတ်တဲ့…
Read Moreခြိမ့်ကေကို(banana) ထောင်ကျသွားတယ်ဆိုတဲ့ သတင်းမှားပျံ့
မန္တလေး၊ ဇန်နဝါရီ ၅-၂၀၂၁ ဆွေလင်းထွန်း(VOM) ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှာလုပ်တဲ့ မွေးနေ့ပွဲမှာ ဖျော်ဖြေခဲ့တာကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူခံထားရတဲ့ ခြိမ့်ကေကို(ခ)ဘနားနား ထောင်ကျသွားပြီဆိုတဲ့ သတင်းမှား လူမှုကွန်ယက်မှာပျံ့နေပါတယ်။ အဆိုတော်ယုန်လေးက သူရဲ့လူမှုကွန်ယက်စာမျက်မှာကနေ ခြိမ့်ကေကို သွားရောက်အဖမ်းခံပြီး အချုပ်ကျသွားတဲ့ကိစ္စအပေါ် ဝမ်းနည်းကြောင်းရေးသားထားတဲ့ ပို့စ်အပေါ် အခြေခံပြီး အများပြည်သူ နားလည်မှုလွဲမှားအောင် ဟာသဗဟုသုတသတင်းစုံဂရုမှာ သတင်းမှား ရေးသားထားတာဖြစ်ပါတယ်။ ဒီသတင်းမှားကို လူဦးရေသန်းဂဏန်းရှိတဲ့ ဖေ့ဘုတ်ဂရုတွေမှာ တင်ထားတာဖြစ်ပြီး “ဟာသဗဟုသုတသတင်းစုံ” ဆိုတဲ့ ဂရုမှာတင်ထားတဲ့ သတင်းမှားကိုတော့ နှစ်သက်သူ ၂၀၀၀ ကျော်၊ မှတ်ချက်ရေးသားသူ ၁၀၀ ကျော်နဲ့ ပြန်လည်မျှဝေသူ ၄၀ကျော်ရှိနေတာ ဖြစ်ပါတယ်။ ခြိမ့်ကေကိုရဲ့ အမှုအခြေအနေနဲ့ပတ်သက်ပြီး မြစ်သားမြို့နယ်ရဲစခန်းကို မေးကြည့်တော့”သဘာဝဘေးအန္တရယ်ဆိုင်ရာဥပဒေနဲ့ အမှုဖွင့်ထားတာပါ။ ရဲအချုပ်ထဲမှာကျမ်းကျမ်းမာမျာရှိနေပါသေးတယ်။ လတ်တလော ရုံးတင်တာ မရှိသေးပါဘူး” လို့ VOM ကို ပြောပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ…
Read Moreရန်ကုန်တိုင်းက မြို့နယ် ၂၀ မှာ မဲမသမာမှု ခြောက်သိန်းနီးပါးရှိ
ဇန်နဝါရီ ၅-၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်တိုင်းရှိ မြို့နယ် ၂၀ အတွင်း၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုပေါင်း ၆သိန်းနီးပါးရှိတယ်လို့ ဒီကနေ့မနက် ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရန်ကုန်ဌာနချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ မဲမသမာမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး သဃ်န်းကျွန်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်သန်းသန်းအေးက “ကျွန်မယှဉ်ပြိုင်တဲ့ မြို့နယ်မှာ နိူင်ငံသားကတ်တူ/အမည်တူတဲ့သူ ၁၉၇၉ ၊နိူင်ငံသားကတ်မရှိသူ ၃၂၄၆၆ဦး၊ အသက်တစ်ရာနဲ့အထက် ၇၆ ဦး စုစုပေါင်း ၃၄၅၂၀ဦးရှိပါတယ်”လို့ ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၂၀မှာ နိူင်ငံသားစီစစ်ရေးကတ်တူတဲ့သူ ၉၀၇၅၅ ဦး၊ မဲသမာမှုဖြစ်နိူင်ချေရှိတဲ့ နိူင်/ကတ်မရှိသူ ၄၉၆၄၅၉ ဦး၊ အသက်တစ်ရာကျော် ၁၃၇၃ဦး စုစုပေါင်း ၅၈၈၆၀၇ဦးရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်သန်းသန်းအေးကပြောပါတယ်။ သတင်းစာရှင်းလင်းပွဲကို တက်ရောက်တဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်ကလည်း “ဒီမိုကရေစီဆိုတာ စည်းကမ်းနဲ့သွားတာပါ၊ အခုက…
Read Moreတောင်ကိုရီးယား ရေနံတင်သင်္ဘောတစ်စင်းကို အီရန်တော်လှန်ရေးအစောင့်တပ် ဖမ်းဆီး
တီဟီရန်၊ ဇန်နဝါရီ-၅-၂၀၂၁ မျိုးဆက် (VOM) ပါရှန်ပင်လယ်ကွေ့မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ဖောက်ဖျက်တယ်ဆိုပြီး တောင်ကိုရီးယား ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးလိုက်ကြောင်း အီရန်က ကြေညာလိုက်ပါတယ်။ သိမ်းဆည်းရမိတဲ့ သင်္ဘောကို နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းတစ်ခုသို့ လွှဲပြောင်းပေးခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က ဇန်နဝါရီ ၄ ရက်မှာပြောပါတယ်။ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေအပါအဝင် သင်္ဘောအမှုထမ်းတွေကိုလည်း အီရန်အာဏာပိုင်တွေက ထိန်းသိမ်းပါတယ်။ အဲ့ဒီသင်္ဘောဟာ ပင်လယ်ရေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ခဲ့တယ်လို့ အီရန်တာဝန်ရှိသူတွေက အခိုင်အမာဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားစွဲမှုတွေ ပြုလုပ်သွားမယ်လို့လည်း သူတို့ကပြောပါတယ်။ အိုမန်ရေပြင်မှာ ခုတ်မောင်းနေပြီး အီရန်အာဏာပိုင်တွေရဲ့ တောင်းဆိုမှုကြောင့် အီရန်သို့ခုတ်မောင်းခဲ့တဲ့ အဲဒီရေနံတင်သင်္ဘော ဖမ်းဆီးခံရတာကို တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။ တောင်ကိုရီးယားနိုင်ငံသား ငါးဦးအပါအဝင် သင်္ဘောအမှုထမ်းတွေနဲ့ သင်္ဘောကို ချက်ချင်းလွှတ်ပေးဖို့ တောင်ကိုရီးယားက တောင်းဆိုထားပါတယ်။ Ref : NHK Photo:AP #voiceofmyanmar…
Read Moreအသက် ၅ နှစ်အရွယ် မိန်းကလေးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူက အဓမ္မပြုကျင့်
ဇန်နဝါရီ ၅-၂၀၂၁ မောင်တာရာ(VOM) စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်၊ မန်ကျည်းကုန်းရပ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာတဲ့သူက အသက် ၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်မှု မနေ့ ဇန်နဝါရီလ ၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ မန်ကျည်းကုန်းရပ်မှာနေတဲ့ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးရဲ့အမေဖြစ်သူဟာ နေအိမ်မှာရောင်းချတဲ့ငါးတွေကို ရေခဲရိုက်သိမ်းဆည်းနေချိန် အသက် (၅) နှစ်အရွယ် သမီးဖြစ်သူ နေအိမ်ကနေထွက်သွားပြီး ပြန်မလာတဲ့အတွက် လိုက်လံရှာဖွေရာ ညနေ ၆ နာရီခန့် နေအိမ် နဲ့ကိုက် (၁၀၀) ခန့်အကွာ ပိုက်ကျော်ခြင်းကွင်းအနီး ကိုင်းတောအတွင်း သမီးဖြစ်သူကိုတွေ့ရှိခဲ့တယ်လို့ မှုခင်းမှတ်တမ်းတွေအရ သိရပါတယ်။ ”မနေ့ညနေကပေါ့ အဲ့ဒီကလေးလေးက ကိုင်းတောထဲက ထွက်လာတာ၊ တုံးလုံးလေး သွေးတွေကလည်းရဲလို့ပေါ့။ အဲဒီမှာ ခြင်းခတ်တဲ့သူတွေကတွေ့တော့ သွားမေး၊ ကောင်းကောင်းမွန်မွန် မဖြေနိုင်ဘူး၊ အဲဒီမှာရပ်ထဲက တစ်ယောက်ကနေပဲ ကလေးလေးကိုပွေ့ပြီး ရာအိမ်မှူးအိမ်ကို ခေါ်လာတာပေါ့။ ရာအိမ်မှူးကနေ မုဒိမ်းမှုဖြစ်ပြီထင်တာပဲဆိုပြီး…
Read More