ရွှေနဂါးဓာတ်မြေသြဇာ အပြီးပိတ်သိမ်းရေး Green Bike အဖွဲ့က စက်ဘီးစီး ကမ်ပိန်းပြုလုပ်

ဇန်နဝါရီ ၃-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်ရှိ မြန်မာ့ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ မှ စွန့်ပစ်ပစွည်းတွေကြောင့် လေထုညစ်ညမ်းမှုနဲ့ သောက်သုံးရေကန်တွေ ညစ်ညမ်းမှုဖြစ်ပေါ်ခဲ့လို့ ကျေးရွာနေပြည်သူတွေ ဒုက္ခရောက်နေရတဲ့အတွက် Green Bikeစက်ဘီးစီးအဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ ရန်ကုန်ကနေ တွံတေးအထိ စက်ဘီးစီးကာ ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။ Green Bikeအဖွဲ့မှ ဦးဆောင်သူ ကိုဟိန်းရာဇာက “သဘာဝပတ်ဝန် းကျင်ထိန်းသိမ်းရေးနဲ့ ဓာတ်မြေသြဇာရဲ့ဆိုးကျိုးတွေ ပြည်သူတွေသိအောင်ရယ်၊ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ အပြီးပိတ်သိမ်းရေးရယ်ကို ရည်ရွယ်ပြီး ကမ်ပိန်းပြုလုပ်တာပါ”လို့ VOMကိုပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစတင်ပြီး တွံတေးမြို့နယ်၊ ထန်းတပင်ကျေးရွာမှာ တည်ရှိတဲ့ ရွှေနဂါးဓာတ်မြေသြဇာထုတ်လုပ်ရေးစက်ရုံကနေ စွန့်ပစ်ပစွည်းတွေကြောင့် အနီးရှိ ကန်ပတ်ကျေးရွာမှာ လေထုညစ်ညမ်းမှု၊ကျေးရွာရှိ သောက်သုံးရေကန်တွေ ညစ်ညမ်းမှုတို့ကြောင့် စက်ရုံပိတ်သိမ်းပေးဖို့ ရွာသားတွေက တောင်းဆိုခဲ့ကြတယ်လို့ ကန်ပတ်ရိုးကျေးရွာမှ ဦးကျော်ဇယျက VOMကိုပြောပါတယ်။ “ပြသာနာက စက်ရုံကထုတ်တဲ့ စွန့်ပစ်ပစွည်းတွေက အနံ့တောင်မခံနိူင်ဘူး။ ဘယ်လိုမှ နေလို့မရတာ၊ အခုဆို ရေကန်တွေပါ သုံးမရလို့ သောက်ရေဝယ်သုံးနေရတယ်”လို့…

Read More

ဗြိတိန်မှာ သန္ဓေပြောင်းဗိုင်းရပ်စ်ပေါ်လာပြီးနောက် ကူးစက်မှု စံချိန်တင်နေ

လန်ဒန်၊ ဇန်နဝါရီ ၃-၂၀၂၀ မျိုးဆက်(VOM) ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဖိအားတွေကို လန်ဒန်နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်း အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနတွေ ရင်ဆိုင်နေရသလိုမျိုး ဗြိတိန်တစ်ဝန်းရှိ ဆေးရုံတွေလည်း အလားတူပုံစံမျိုး ကြုံတွေ့လာနိုင်တယ်လို့ ဗြိတိန်ထိပ်တန်းဆရာဝန်တစ်ဦးက သတိပေးလိုက်ပါတယ်။ ကူးစက်မှုနှုန်း အလွန်မြန်ဆန်တဲ့ သန္ဓေပြောင်းဗိုင်းရပ်စ်ဟာ ဗြိတိန်တစ်နိုင်ငံလုံးသို့ ကူးစက်ပျံ့နှံ့နေပြီဖြစ်တယ်လို့ ထိပ်တန်းဆရာဝန်တစ်ဦးဖြစ်သူ ပါမောက္ခ အန်ဒရူးဂေါ့ဒါ့ ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်ခံရသူအရေအတွက် ၅၇၇၂၅ ဦးထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ပါမောက္ခ အန်ဒရူးဂေါ့ဒါ့က အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။ နေ့စဉ် ရောဂါကူးစက်ခံရသူဟာ ငါးရက်ဆက်တိုက် ငါးသောင်းကျော်ထိ ရောက်ရှိနေပြီး နိုင်ငံတစ်ဝန်းမှာ လက်ရှိအချိန်ထိ ကူးစက်ခံရသူ ၂၅၉၉၇၈၉ ဦးရှိလာပါတယ်။ လွန်ခဲ့တဲ့ ၂၈ ရက်အတွင်း ရောဂါကူးစက်ခံထားရသူတွေထဲက ၄၄၅ ဦးသေဆုံးခဲ့ပြီး နိုင်ငံအတွင်း သေဆုံးသူအရေအတွက်ဟာ ၇၄၅၇၀ ဦးထိမြင့်တက်လာတယ်လို့ အစိုးရကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။ Ref :…

Read More

ပဲခူးထောင်မှာ အကျဉ်းသားတစ်ဦး ကိုဗစ်နဲ့သေဆုံး၊ အကျဉ်းသား ၅၆ ဦး ကိုဗစ်ပိုးကူးစက်ခံထားရ

ဇန်နဝါရီ ၃-၂၀၂၀ သိင်္ဂီထွန်း(VOM) ပဲခူးအကျဉ်းထောင်က အကျဉ်းသား ၅၆ ဦးမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရပြီး ကူးစက်ခံရသူ တစ်ဦးကတော့ သေဆုံးသွားပြီဖြစ်တယ်လို့ ပဲခူးမြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့က ပဲခူးအကျဉ်းထောင်ကနေ ပဲခူးဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူရင်း သေဆုံးသွားတဲ့ အကျဉ်းသားတစ်ဦးမှာ ကိုဗစ် ၁၉ ပိုးတွေ့ရှိရပြီးနောက် အကျဉ်းထောင်အတွင်း ထိစပ်အကျဉ်းသားတွေကို ထပ်မံစစ်ဆေးခဲ့ရာ အကျဉ်းသား ၅၅ ယောက်မှာ ကိုဗစ်ပိုးကူးစက်ခံထားရတာကို သိခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် အကျဉ်းထောင်မှာ သေဆုံးသူအပါအဝင် ကိုဗစ်ကူးစက်ခံရသူ ၅၆ ဦးတွေ့ရှိထားတာဖြစ်ပါတယ်။ ” ထောင်ထဲမှာ ၅၆ ယောက်ပိုးတွေ့တယ်။ ဒါကြောင့် ထောင်ထဲကို ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေ လုပ်နေကြတယ်လို့ သိရတယ်။ ကျန်းမာရေးဘက်ကလည်း ပိုးတွေ့သူကို တရားဝင်ထုတ်တာတွေ့ရတယ်။ထောင်ကနေလည်း မနေ့ညပိုင်းက အကျဉ်းသားတချို့ကို ထောင်ရွှေ့တာရှိတယ်”လို့ ပဲခူးဒေသခံ ကိုဝင်းကပြောပါတယ်။ ပဲခူးအကျဉ်းထောင်မှာက အကျဉ်းသား ၇၀၀ လောက်ရှိကြောင်း၊ အဲ့ဒီအထဲကမှ…

Read More

နိုင်ဂျာမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ (၈၀)နီးပါးသေဆုံး

နီယာမေ၊ ဇန်နဝါရီ ၃-၂၀၂၁ မျိုးဆက် (VOM) နိုင်ဂျာနိုင်ငံရှိ ကျေးရွာနှစ်ရွာမှာ သံသယရှိဖွယ် အစ္စလာမ္မစ် စစ်သွေးကြွတွေ တိုက်ခိုက်မှုကြောင့် အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ချောင်ဘန်ကူကျေးရွာမှာ လူ ၄၉ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိသွားကာ ဇာရွမ်ဒါအိုင်ကျေးရွာမှာတော့ လူ ၃၀ ဦးသေဆုံးခဲ့ပါတယ်။ အဲhဒီကျေးရွာနှစ်ရွာစလုံးဟာ မာလီနဲ့ ထိစပ်နေတဲ့ နိုင်ဂျာအနောက်ပိုင်းမှာရှိပါတယ်။ အာဖရိက ဆာဟယ်ဒေသမှာ မကြာသေးမီအချိန်အတွင်းကလည်း စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။ မာလီမှာတော့ စစ်သွေးကြွတွေရဲ့ သတ်ဖြတ်မှုကြောင့် သူ့ရဲ့တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ပြင်သစ်နိုင်ငံက ဇန်နဝါရီ ၂ ရက်မှာ ပြောပါတယ်။ ပြင်သစ်နိုင်ငံဟာ ဆာဟယ်ဒေသရှိ အစ္စလာမ္မစ်စစ်သွေးကြွတွေကို တိုက်ထုတ်နေတဲ့ အနောက်အာဖရိကနဲ့ ဥရောပမဟာမိတ်တွေကို ဦးဆောင်နေပါတယ်။ ဒါပေမယ့် ဒေသတွင်းမှာ လူမျိုးရေးအကြမ်းဖက်မှု၊ အုပ်စုဖွဲ့အကြမ်းဖက်မှု၊ လူမှောင်ခိုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကတော့…

Read More

ရခိုင်ရိုးမပေါ်မှာ မန္တလေးဖက်ကလာတဲ့ ကုန်ကား ပေ ၃၀၀အနက် ချောက်ထဲပြုတ်ကျ

ဇန်နဝါရီ ၃-၂၀၂၀ ထက်အောင်စိုင်း(VOM) မန္တလေးမြို့ကနေ စစ်တွေမြို့ကိုလာတဲ့ ကုန်ကားတစ်စီးဟာ မနေ့ ဇန်နဝါရီ ၂ ရက်နေ့က ကားဘရိတ်ပေါက်ပြီး ရခိုင်ရိုးမပေါ်ကနေ ပေး ၃၀၀အနက်ရှိတဲ့ ချောက်ထဲကို တိမ်းမှောက်ကာ ကားဒရိုင်ဘာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။ အမ်းမြို့မရဲစခန်းက တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးပြောတာက” မနေ့က ဖြစ်တာပါ။ ဒရိုင်ဘာက သေဆုံးသွားတယ်။ ကားကတော့ ပြည်မကနေ ရခိုင်ကိုလာတဲ့ကား။ ကားက ဘရိတ်ပေါက်ပြီးတော့ လမ်းဘေးနာက သစ်ပင်ကိုမတိုက်မိအောင်ထိန်းတာမှာ သစ်ပင်ပါ ကျွတ်သွားပြီး ချောက်ထဲကျသွားတယ်။ စပါယ်ယာကတော့ ခုန်ချကျန်ခဲ့တာ ပွန်းပဲ့ဒဏ်ရာ နည်းနည်းရသွားတယ်”လို့ ပြောပါတယ်။ အဲ့ဒီ ကားဟာ ပန်းသီး၊ လိမ္မော်သီး၊ ဇီးသီးတွေ တင်ဆောင်ထားပြီး အမ်း-မင်းဘူး၊ မိုင်တိုင်အမှတ်-၃၅ မိုင် ၇ ဖာလုံ တောင်စောက်ကျေးရွာနဲ့ ဆင်ခုံတိုင်ကျေးရွာ အရောက်မှာ ကားဘီး မီးခိုးတွေထွက်ကာ ဘရိတ်မမိတော့တာကြောင့် ပေ ၃၀၀…

Read More

ကွာရန်တင်းစင်တာမှာ ထောင်ပြန် ၃ ယောက် ရိုက်ပွဲဖြစ်လို့ ၂ ယောက်ဒဏ်ရာရ

ဇန်နဝါရီ ၃-၂၀၂၁ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၊ မိုးကောင်းရပ်ကွက် ၊ မိုးကောင်း အ.လ.က ကွာရန်တင်းစင်တာမှာ ကျန်းမာရေးစစ်ဆေးခံနေတဲ့ ထောင်ပြန် ၃ ယောက်ဟာ မနေ့ ဇန်နဝါရီ ၂ ရက်နေ့ ညပိုင်းက သောက်စားမူးယစ်ကာ ခိုက်ရန်ဖြစ်ပွားပြီး ရိုက်နှက်ကြရာကနေ လူ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ” စင်တာမှာက ကွာရန်တင်ဝင်ပြီး ကျန်းမာရေး စစ်ဆေးခံနေသူ ၁၀ ဦးရှိတယ်၊ အဲ့ဒီအထဲက အမျိုးသား ၃ ယောက်ဟာ ထောင်ကပြန်လည်လွတ်မြောက်လာပြီး ကျန်းမာရေးစစ်ဆေးခံနေတာဖြစ်တယ် ၊ သူတို့ ၃ ယောက် ရိုက်ပွဲဖြစ်တာ”လို့ အဲ့ဒီကွာရန်တင်းစင်တာမှာ ကျန်းမာရေး စစ်ဆေးခံနေတဲ့ အမည်မဖော်လိုသူတစ်ယောက်က ပြောပါတယ်။ အဲ့ဒီ ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရိုက်နှက်သူဟာ ကွာရန်တင်းစင်တာကနေ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့…

Read More

ငမိုးရိပ်ချောင်းထဲမှာ ဂုန်းကောင်ဆင်းကောက်တဲ့ လူငယ် ၄ ယောက် ရေနစ်လို့ သေဆုံး

လှည်းကူး၊ ဇန်နဝါရီ ၃ – ၂၀၂၁ ကိုတိုးကြီး (VOM) ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဖောင်ကြီးအနောက်ကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာအရှေ့ဘက် ငမိုးရိပ်ချောင်းထဲမှာ မနေ့ ဇန်နဝါရီ ၂ ရက် နေ့လယ်ပိုင်းကလေးငယ် ၄ ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ဖောင်ကြီးနယ်မြေရဲ စခန်းက သိရပါတယ်။ “သေဆုံး ကလေး ၄ ယောက်ဟာ မငြိမ်းသီရိကို အသက် ၂၂ နှစ်၊ သွန်းသီရိကို အသက် ၁၂ နှစ်၊ မောင်ညီမင်းဇော် အသက် ၁၀ နှစ် နဲ့ မမြတ်နိုးခိုင် အသက် ၁၅ နှစ်တို့ ဖြစ်တယ်.”လို့ ဘုရားကုန်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြင့်နိုင်က VOM ကို ပြောပါတယ်။ သေဆုံးသူ လူငယ် ၄ ယောက်ဟာ အလျား ပေ ၅၀ ၊ အနံ…

Read More

တောင်ကုတ်ရဲစခန်းက အချုပ်သားတချို့ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရ

ဇန်နဝါရီ ၃ ၊ ၂၀၂၁ ကိုတိုးကြီး (VOM) ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ၊ တောင်ကုတ်မြို့မရဲစခန်းမှာ အမှုရင်ဆိုင်ဖို့ ချုပ်နှောင်ခံထားရတဲ့ အချုပ်သားတွေထဲက အချုပ်သား ၁ ဒါဇင်ခွဲဟာ ကိုဗစ် ၁၉ ရောဂါ ကူးဆက်ခံထားရလို့ အရေးပေါ် ကာကွယ်ရေးနဲ့ ကုသရေး လုပ်ငန်းတွေ လုပ်ဆောင်နေရတယ်လို့ တောင်ကုတ်မြို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်တုံံ့ပြန်ထိန်းချုပ်ရေး အဖွဲ့ထံက သိရပါတယ်။ ” မနေ့ ဇန်နဝါရီ ၂ ရက်က ဆေးစစ်ချက် အဖြေအရ အချုပ်သား ၁၈ ယောက် ပိုးတွေ့ အတည်ပြု နိုင်တာဖြစ်တယ် “လို့ တောင်ကုတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးမင်းသူက ပြောပါတယ်။ တောင်ကုတ်မြို့မရဲစခန်းက အချုပ်သားတွေ နှာစေး ချောင်းဆိုးဖြစ်လာလို့ စစ်ဆေးလိုက်တဲ့အခါ အချုပ်သား ၁၈ ယောက်မှာ ကိုဗစ်…

Read More

ည၁၂ ကျော်မှ အလုပ်ကပြန်လာတဲ့ အလုပ်သမားတွေကို ပုဒ်မ-၁၈၈ ကနေ ကင်းလွတ်ပေးဖို့ တောင်းဆို

ဇန်နဝါရီ ၃-၂၀၂၁ သိင်္ဂီ(VOM) ရန်ကုန်တိုင်းအတွင်း ည ၁၂နာရီကျော်တဲ့အချိန်မှ အလုပ်ကနေပြန်လာရတဲ့ အလုပ်သမားတွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၈၈( ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျထုတ်ပြန်ကြေညာသော အမိန့်ကိုဖီဆန်ခြင်း)ကနေ ကင်းလွတ်ခွင့်ပေးဖို့အတွက် ရွှေပြည်သာမြို့နယ်က သက်ဆိုင်ရာတာဝန်ရှိတွေဆီကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ အခုလက်ရှိ ရွှေပြည်သာမြို့နယ်အတွင်း ညမထွက်ရအမိန့်နဲ့ ဖမ်းဆီးခံရသူတွေထဲမှာ အောက်ခြေအလုပ်သမားတွေ ပါဝင်နေတဲ့အပြင် ပရဟိတလုပ်ဆောင်နေသူတချို့လည်း ပါဝင်နေတာကြောင့် အခုလို တောင်းဆိုခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ကျနော်သိရသလောက်က ဖမ်းဆီးခံရပြီး ထောင်ချခံရသူတွေထဲမှာ ဆိုင်အလုပ်သမားရှိတယ်။ သူက အကြော်ဆရာ၊ ည အဖမ်းခံရတယ်။မနက်တရားရုံးတင်ပြီး ထောင်ချလိုက်တယ်။ ကွာရန်တင်းစင်တာမှာ သီချင်းဖျော်ဖြေပေးတဲ့သူတစ်ယောက်ပေါ့၊ သူကလည်း ဖျော်ဖြေပြီး ပြန်အလာ အဖမ်းခံလိုက်ရတယ်။ မြို့ကို တကယ်လုပ်နေသူတွေ ထိခိုက်တယ်၊ အလုပ်သမားတွေ ထိခိုက်တယ် အဲ့ဒီအတွက် ကျနော်တို့ကစိုးရိမ်တာ”လို့ အလုပ်သမားတွေကို ပုဒ်မ-၁၈၈ ကနေ ကင်းလွတ်ခွင့်ပေးဖို့တောင်းဆိုတဲ့ ရောင်ခြည်ဦးအလုပ်သမားရေးရာအဖွဲ့က ကိုနိူင်ဌေးလွင်ကပြောပါတယ်။ ရွှေပြည်သာမြို့နယ်ထဲက စက်ရုံတွေမှာ အလုပ်သမားတွေကို ည…

Read More

လက်ပြန်ကြိုးချည်ပြီး သတ်ဖြတ်ခံထားရတဲ့ အလောင်း တစ်လောင်းတွေ့

ဇန်နဝါရီ ၂ -၂၀၂၁ ကိုတိုးကြီး (VOM) ရှမ်းပြည် (အရှေ့ပိုင်း)၊ ကျိုင်းတုံ – တာချီလိတ်သွားတဲ့ ပြည်ထောင်စု ကားလမ်းမကြီး၊ ဆိုက်ခေါင်ကျေးရွာနဲ့ ဆွပ်ပန်းကျေးရွာအကြား မိုင်တိုင်အမှတ်- 725Km အနီး ချောက်ထဲမှာ လည်ပင်းကြိုးချည်ပြီး လက်နောက်ပြန်ကြိုးတုတ် သေဆုံးနေတဲ့ ရုပ်အလောင်း တစ်လောင်း ကို မိုင်းဖြတ်မြို့မရဲစခန်းက တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ” ဆိုက်ခေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒီဇင်ဘာ ၃၁ ရက် ညနေ ၅ နာရီကျော်မှာ အလောင်း တစ်လောင်းတွေ့ထားတယ်လို့ စခန်းကို ဖုန်းဆက်အကြောင်းကြားတယ် ၊ စခန်းမှူးနဲ့ နယ်ထိန်းအဖွဲ့က သွားရောက် စစ်ဆေးတယ်”လို့ မိုင်းဖြတ်မြို့မရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ ပြည်ထောင်စုလမ်းမကြီးဘေးအနီး အနက်ပေ ၂၀ ရှိတဲ့ ချောက်ထဲမှာ အမည်မသိ(စုံစမ်းဆဲ) အသက် ၃၅ နှစ်အရွယ်(ခန့်မှန်း) အမျိုးသား…

Read More
VOM News

FREE
VIEW