အာဏာရှင်ဆန့်ကျင်ရေး ၁၅ ရက်မြောက်နေ့ မုံရွာမှာ အသံတိတ် ဆန္ဒပြ

ဖေဖော်ဝါရီ ၂၁ -၂၀၂၁
ကိုတိုးကြီး(VOM)

အာဏာရှင်ဆန့်ကျင်ရေး ၁၅ ရက်မြောက်နေ့အဖြစ် ဒီနေ့ ဖေဖော်ဝါရီ ၂၁ရက်နေ့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အသံတိတ် ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့က နေပြည်တော်မှာ သေနတ် ထိမှန်သေဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်နဲ့ မနေ့ ဖေဖော်ဝါရီ ၂၀ရက်နေ့ ညနေပိုင်းက မန္တလေးမြို့မှာ သေနတ်ထိမှန် သေဆုံးခဲ့တဲ့ သူတွေအပြင် အာဏာရှင်ဆန့်ကျင်ရေးကာလမှာ လူစုလူဝေးဖြိုခွင်းချိန် သေဆုံးခဲ့တဲ့သူတွေကို အောက်မေ့နှစ်သိမ့်တဲ့ အထိမ်းအမှတ်အနေနဲ့ ဒီကနေ့မှာ အသံတိတ် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြရာမှာ စည်ပင်သာယာရေး၊ ပညာရေးဝန်ထမ်းတွေ၊ အင်ဂျင်နီယာတွေ၊ ကျောင်းသူကျောင်းသားတွေ စုစုပေါင်း ၃ ထောင်နီးပါး ပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြရာမှာ ပါဝင်တဲ့ သံဃာတော်တွေကလည်း ဗိုလ်ချုပ်ကြေးရုပ် အဝိုင်းပတ်အနီး လုံခြုံရေး ရဲတပ်ဖွဲ့တွေ အင်အားသုံးချထားတဲ့နေရာမှာ ဘာသာရေးထုံးတမ်းအရ ပရိတ်ကြီး ၁၁ သုတ်ကို ရွတ်ဖတ်ခဲ့ပါတယ်။

#VoiceOfMyanmar #VOM #မုံရွာ #အသံတိတ်ဆန္ဒပြ

အာဏာရှင်ဆန့်ကျင်ရေး ၁၅ ရက်မြောက်နေ့ မုံရွာမှာ အသံတိတ် ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW