ရှမ်း-ကယားနယ်စပ်မှာ စစ်သား ၄ ဦး ပျောက်ဆုံးနေတာကို အကြောင်းပြပြီး ဒေသခံ ၃၀ ကျော်နဲ့ ဗ က သ ဟောင်းတစ်ဦးကို ဖမ်းဆီး

မတ် ၁၈ -၂၀၂၁
KLY(VOM)

ရှမ်း-ကယား နယ်စပ်မှာ စစ်သား ၄ ဦး ပျောက်နေတာ အကြောင်းပြပြီး ကျေးရွာထဲကို တပ်အင်အားအများအပြားနဲ့ ဝင်ရောက်ရှာဖွေခဲ့ပြီးနောက်ပိုင်း မနေ့ မတ်လ ၁၈ရက် ညနေ ၄ နာရီလောက်မှာ ရွာသား ၃၀ ကျော်နဲ့ ဗ က သဟောင်း( ပြည်နယ်သပိတ်ဦးဆောင်ကော်မတီဝင်) ခွန်မျိုးလှိုင်ဝင်း(ခ) ပါစကွားကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

” သူတို့ တပ်ဖွဲ့ဝင်တွေ ပျောက်နေတယ်ဆိုပြီး ကျေးရွ‌ာလေးငါးရွာမှာ ရှာဖို့ အခင်းဖြစ်မနက်က ဝင်လာတယ်။ ရပ်ရွာကလူထုနဲ့အချေအတင်ဖြစ် ပစ်ကြခတ်ကြချိန် ပါစကွားက ဝင်ညှှိပေးလို့ တပ်အင်အားအနည်းငယ်နဲ့ကျေးရွာကဝင်ရှာခွင့်ပေးပြီး မတွေ့တာကို မပြန်ဘဲ တပ်စွဲထားတော့ ထပ်ညှိကျတုန်း ညနေမှာ ရွာသားသုံးဆယ်ကျော်နဲ့ ပါစကွားတို့ ဖမ်းဆီးခံလိုက်ရတာပါ”လို့ ဒေသခံ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

အခင်းဖြစ်တဲ့နေ့က ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ နယ်စပ်ကျေးရွာတွေဖြစ်တဲ့ ဆောင်းကန်(ရှမ်း)ရွာ၊ ဆောင်းကန်(ကယား)၊ လယ်ထွန်ရွာနဲ့ ဝါရီတောင်ခြေရွာတွေကို တပ်မတော်က အင်အားအလုံးအရင်းနဲ့ရောက်လာပြီး ပျောက်ဆုံးနေတဲ့ တပ်ဖွဲ့ဝင် ၄ဦး ရှာဖွေဖို့လုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုရှာဖွေရာကနေ ဒေသခံတွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတွေပြုလုပ်လူစုခွဲခဲ့ကာ ဝင်ရောက်ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ဘူးလို့
ဒေသခံတွေကနေ သိရပါတယ်။

#voiceofmyanmar #VOM #ရှမ်းကယားနယ်စပ် #စစ်သားလေးဦးပျောက် #ဒေသခံအချို့ဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW