အီးယူကပိတ်ဆို့ထားပေမယ့် အီတလီဟာ မြန်မာ့ကျွန်းသစ်တွေ တရားမဝင်ကုန်သွယ်မှု ဗဟိုချက်ဖြစ်နေ

လန်ဒန်၊ စက်တင်ဘာ-၁-၂၀၂၁
မျိုးဆက် (VOM)

အီတလီနိုင်ငံဟာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလအတွင်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးစည်းမျဉ်းတွေ၊ အရေးယူပိတ်ဆို့မှုတွေကို ဆန့်ကျင်ပြီး မြန်မာနိုင်ငံက ကျွန်းသစ်တွေကို တရားမဝင်ကုန်သွယ်မှုရဲ့ ဗဟိုချက်ဖြစ်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA )က စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

“The Italian Job” လို့အမည်ပေးထားတဲ့ အဲ့ဒီအစီရင်ခံစာမှာတော့ အီးယူက ဥပဒေစည်းမျဉ်းတွေချမှတ်ထားပေမယ့် အီတလီကတစ်ဆင့် ကျန်ဥရောပနိုင်ငံတွေကို မြန်မာ့ကျွန်းသစ်တွေ ဘယ်လိုတရားမဝင်ကုန်သွယ်မှုပြုလဲဆိုတာတွေကိုဖော်ပြထားပြီး အဲ့ဒီလိုမြန်မာ့ကျွန်းသစ်တွေကို ကုန်သွယ်မှုပြုတဲ့ အီတလီကုမ္ပဏီ၂၇ ခုရှိနေတယ်လို့ လန်ဒန်အခြေစိုက် EIA အဖွဲ့ကဆိုပါတယ်။

၁၈ လကြာစုံစမ်းစစ်ဆေးမှုမှာတော့ အီတလီနဲ့ အခြားသောအီးယူအာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့စောင့်ကြည့်မှုအောက်ကနေ အနှောက်အယှက်ကင်းကင်းနဲ့ မြန်မာ့ကျွန်းသစ်တွေ ကုန်သွယ်မှုပြုလုပ်နေတာတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေအများအပြားထွက်ပေါ်လာတယ်လို့ EIT ရဲ့ သစ်တောဆိုင်ရာအကြီးအကဲ Faith Doherty ကပြောပါတယ်။

အဲ့ဒီလိုတရားမဝင်ကုန်သွယ်မှုတွေဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ဆက်လက်ရှိနေပြီး ယခုနှစ် မတ်၊ ဧပြီ နဲ့မေလတို့အတွင်း မြန်မာနိုင်ငံက ကျွန်းသစ် ၁ ဒသမ ၄ သန်းတန်ဖိုးထိ အီတလီကုန်သည်တွေက တင်သွင်းခဲ့တယ်လို့ သူကဆိုပါတယ်။

ဒါပေမယ့် အီတလီကုမ္ပဏီတွေအနေနဲ့ကတော့ ဒီလိုတရားမဝင် ကျွန်းသစ်တင်သွင်းမှုတွေကို ရပ်တန့်ဖို့ရည်ရွယ်ချက်မရှိမနေဘူးလို့ အစီရင်ခံစာကဖော်ပြထားပါတယ်။

အီးယူအဖွဲ့ဝင်နိုင်ငံများ အထူးသဖြင့် အီတလီဟာ မြန်မာပြည်သူတွေကို ကျောခိုင်းတဲ့လုပ်ရပ်ကို ရပ်တန်ဖို့လိုနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref : UCA News
Photo: AFP
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW