ဂျပန်နိုင်ငံမှာ Mu သန္ဓေပြောင်းဗိုင်းရပ်စ်မျိုးကွဲသစ် စတင်ကူးစက်နေ

တိုကျို၊ စက်တင်ဘာ၂-၂၀၂၁
မျိုးဆက် (VOM)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စောင့်ကြည့်လေ့လာရမယ့် ဗိုင်းရပ်မျိုးကွဲသစ်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ သန္ဓေပြောင်းဗိုင်းရပ်စ် Mu ကို နိုင်ငံတွင်းမှာ ပထမဆုံးကူးစက်မှုကို အတည်ပြုခဲ့တယ်လို့ ဂျပန်နိုင်ငံပြောပါတယ်။

နိုင်ငံတွင်းက လေဆိပ်နှစ်ခုရှိ ကွာရန်တင်းစင်တာတွေက ခရီးသွားနှစ်ဦးမှာ Mu သန္ဓေပြောင်းဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ခံနေရတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရသူတွေကတော့ ဇွန်လနှောင်းပိုင်းမှာ ယူအေအီးနိုင်ငံမှ နာရီတာလေဆိပကို ရောက်ရှိလာသော အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ဇူလိုင်အစောပိုင်းမှာ ဗြိတိန်ကနေ ဟာနီဒါလေဆိပ်သို့ ရောက်ရှိလာတဲ့ အသက် ၅၀ နှစ်အရွယ်အမျိုးသမီးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

Mu ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ တောင်အမေရိကနဲ့ ဥရောပနိုင်ငံတွေမှာလည်း ကူးစက်မှုတွေဖြစ်ပွားနေပါတယ်။ ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ စောင့်ကြည့်လေ့လာရမယ့် ဗိုင်းရပ်စ်မျိုးကွဲသစ်တစ်ခုဖြစ်တယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

ဗိုင်းရပ်စ်မျိုးကွဲဟာ ကာကွယ်ဆေးတွေကြောင့်ရရှိတဲ့ ကိုယ်ခံစွမ်းအားကို ခုခံဖို့အလားအလာရှိတဲ့ မျိုးရိုးဗီဇတွေရှိနိုင်တယ်လို့ WHO ကဆိုပါတယ်။

Mu ဗိုင်းရပ်စ်မျိုးကွဲကို ကိုလံဘီယာနိုင်ငံမှာ ဇန်နဝါရီလအတွင်းက ပထမဆုံးတွေ့ရှိခဲ့ပြီး လက်ရှိမှာတော့ နိုင်ငံပေါင်း ၃၉ နိုင်ငံထက်မနည်းမှာ ကူးစက်ပျံ့နှံ့နေပြီဖြစ်တယ်လို့ WHO ကထုတ်ပြန်ထားပါတယ်။

Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW