သတင်းပေးရင် ဆုငွေတွေ ထုတ်ပေးမယ်လို့ အမိန့်တွေထွက်လာပြီးနောက် စစ်ကိုင်းမှာ လူငယ် ၃ ဦး အဖမ်းခံရ

စက်တင်ဘာ ၊ ၃ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) သတင်းပေးတယ်ဆိုရင် အနိမ့်ဆုံး ဆုကြေးငွေ ၅ သိန်းထုတ်ပေးမယ်လို့ အမိန့်ကြော်ငြာတွေထွက်ပေါ်လာပြီးနောက် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်က လူငယ် ၂ ဦးနဲ့ စစ်ကိုင်းမြို့နယ်ထဲက လူငယ် ၁ ဦး စုစုပေါင်းလူငယ် ၃ ဦးဟာ စက်တင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ စစ်ကိုင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။ ဖမ်းဆီးခံရတဲ့သူတွေနဲ့ နီးစပ်သူ တစ်ယောက်က ” ကလေးတွေ ဖမ်းခံရတာ အတည်ပြုလို့ရတယ် ၊ သတင်းပေးတဲ့သူရှိလို့ အဖမ်းခံရတာလို့ မြင်မိတယ် ၊ အဖမ်းခံရတဲ့သူတွေက ကြွယ်လူးရွာက ကျော်ဇင်ဟိန်းခေါ် ဇော်ဇော် နဲ့ ဆွမ်းချက်ရပ်ကွက်က သန့်ဇင်အောင် နဲ့ အောင်ဇင်ဖြိုး တို့ ၃ ယောက်ဖြစ်တယ် ၊ သေနတ်နဲ့ ကျည်ဆံတွေအပြင်…

Read More

ဦးတေဇနဲ့ ထူးကုမ္ပဏီကို ဗြိတိန်က အရေးယူပိတ်ဆို့မှုချမှတ်

လန်ဒန်၊ စက်တင်ဘာ-၂-၂၀၂၁ မျိုးဆက် (VOM) ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အရေးယူပိတ်ဆို့မှုအသစ်တစ်ခုကို စက်တင်ဘာ ၂ ရက်မှာ ကြေညာလိုက်ပြီး ဖေဖော်ဝါရီလမှာနိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် လက်နက်နဲ့ဘဏ္ဍာရေး ထောက်ပံမှုတွေပေးခဲ့တဲ့ မြန်မာစစ်ဘက်နဲ့ဆက်နွယ်နေတဲ့ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုကို ပစ်မှတ်ထားချမှတ်တာလို့ ဆိုပါတယ်။ အဲ့ဒီအရေးယူပိတ်ဆို့မှုမှာ မြန်မာစစ်ဘက်ကိုယ်စား လက်နက်အရောင်းအဝယ်ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ ဦးတေဇနဲ့ သူတည်ထောင်တဲ့ Htoo Group ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်သွားမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအရေးမှာလည်း ရန်ပုံငွေတွေထောက်ပံ့ခဲ့တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရေးအပြောင်းအလဲနဲ့ပတ်သက်ပြီး လူပုဂ္ဂိုဟ်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဗြိတိန်က ချမှတ်ထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေအနေနဲ့ ဘဏ္ဍာရေးနဲ့ လက်နက်ထောက်ပံ့မှုတွေရရှိနေတာကို ကန့်သတ်ဖို့ မိတ်ဖက်နိုင်ငံတွေနဲ့အတူ ဗြိတိန်က ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရတ်ဘ်က ပြောပါတယ်။ Ref : Reuters Photo:…

Read More

ဘားအံမြို့က Mytelတာဝါတိုင် မီးရှို့ခံရပြီးနောက် လူငယ်(၄)ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၂-၂၀၂၁ CKC(VOM)   ကရင်ပြည်နယ် ၊ဘားအံမြို့က Mytelတာဝါတိုင်ကို ဒီကနေ့မနက်ပိုင်းက မီးရှို့ခံရပြီးနောက်ပိုင်းမှာ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ဒေသခံလူငယ်အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက   ” မီးရှို့ပြီးတော့မှ သိကြရတဲ့အခြေအနေပါ ။ဖျက်ဆီးခံရတာကို ခုမနက်ပိုင်းမှာသိတာပါ။ အဲ့ဒါပြီး အဲ့ လူ ၄ ယောက်ဖမ်းခံရတယ် ။ ဒီဖျက်ဆီးခံရတဲ့ကိစ္စနဲ့ ဆက်စပ်ပြီး စစ်တပ်ကဖမ်းတယ်လို့တော့ကြားတယ် ။ အတိကျတော့ ဘယ်သူမှမသိရသေးဘူး ” လို့ ဘားအံမြို့ခံတစ်ဦးကပြောပါတယ်။   အခုလို ဖမ်းဆီးခံရတာနဲ့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းနေစဲဖြစ်ပါတယ်။   ဘားအံမြို့နယ် ပေါ့ထော်ကျေးရွာက Mytel ဖုန်းတာဝါတိုင် မီးရှို့ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီအတွက် ဆက်သွယ်ရေး ဖုန်းတိုင်ရဲ့ အောက်ခြေက ဆက်သွယ်ရေးစက်ပစ္စည်းတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေပြောပြချင်အရ သိရပါတယ်။   #voiceofmyanmar #VOM…

Read More

ဒေါက်တာဇော်မြင့်မောင်ရဲ့ဖခင်ဖြစ်သူ ဒေါက်တာချစ်မောင်(ဇီဝဓာတု) လူကြီးရောဂါနဲ့ကွယ်လွန်

မန္တလေး၊ စက်တင်ဘာ ၂-၂၀၂၁ Voice Of Myanmar   မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့ ဖခင်ဖြစ်သူ ပါမောက္ခ ဒေါက်တာချစ်မောင်(ဇီဝဓာတု)ဟာ ဒီကနေ့ ညနေပိုင်းကပဲ သူရဲ့နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ နီးစပ်သူအသိုင်းအဝိုင်းကနေ သိရပါတယ်။   ​ဒေါက်တာချစ်မောင် သေဆုံးချိန်မှာတော့ အသက်(၉၃)နှစ်အရွယ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။   Photo-ဒေါ်ယုယုမေ(FB) #voiceofmyanmar #VOM #ဒေါက်တာချစ်မောင် #ကွယ်လွန်

Read More

မောင်တောမြို့နယ်မှာ အမည်မသိလူတစ်စုက ပစ်ခတ်လို့ ရွာတာဝန်ခံတစ်ဦး သေပြီး နှစ်ဦးဒဏ်ရာရ

မောင်တော၊ စက်တင်ဘာ ၂- ၂၀၂၁ HAS (VOM)   ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပန်းတောပြင်မူဆလင်ကျေးရွာမှာ မနေ့ စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းက အမည်မသိ လူတစ်စုက ပစ်ခတ်သွားလို့ ကျေးရွာအုပ်ချုပ်ရေး အထောက်အကူပြု ရပ်မိရပ်ဖတစ်ဦးသေဆုံးသွားပြီး နှစ်ဦးဒဏ်ရာ ရရှိသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဆီကနေ သိရပါတယ်။   ပန်းတောပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး အာယာတူလာက “ ပန်းတောပြင်မှာဆိုရင် သူက ရပ်ရွာအုပ်ချုပ်ရေးအထောက်အကူပြု ပုဂ္ဂိုလ်တစ်ယောက်ပါ။ မနေ့က ည ၁၂ နာရီကျော်လောက်မှာ ဖြစ်တာ။ သူ့ကို အတင်းအဓမ္မဆွဲခေါ်သွားဖို့ လုပ်တယ်။ အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြတ်ကြတော့ ပစ်သတ်ပြီး ထွက်ပြေးသွားကြတယ်။ သေသွားတဲ့ သူမှာတော့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာတစ်ချက် ရတာတွေ့တယ်။ ပြီးတော့ သူ့မှာ ညီတစ်ယောက်နဲ့ တပည့်တစ်ယောက်မှာ ဒဏ်ရာတွေ ရသွားတယ်။ အခင်းဖြစ်တာက သူတို့အိမ်ခြံဝင်းထဲမှာ…

Read More

ကုလသမဂ္ဂကပေးမယ့် တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးသုံးသန်း မြောက်ကိုရီးယား လက်မခံ

ကုလသမဂ္ဂ၊ စက်တင်ဘာ-၁ မျိုးဆက်(VOM) မြောက်ကိုရီးယားကို ကုလသမဂ္ဂအစီအစဉ်အရ ပေးအပ်မယ့် ကိုဗစ်-၁၉ ကာကွယ်ဆေး သုံးသန်းနီးပါးကို အခြားနိုင်ငံသို့ လွှဲပြောင်းပေးအပ်ဖို့ မြောက်ကိုရီးယားက တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂက စက်တင်ဘာ ၁ ရက်မှာပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကာကွယ်ဆေးရှားပါးမှုများရှိနေချိန်မှာ ရောဂါကူးစက်မှုဒဏ် အကြီးအကျယ်ခံနေရတဲ့ အခြားနိုင်ငံတွေကို အဲ့ဒီကာကွယ်ဆေးတွေ လွှဲပြောင်းပေးဖို့ မြောက်ကိုရီးယားက တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။ ဆင်းရဲသည့်နိုင်ငံတွေအတွက် ကာကွယ်ဆေးများရရှိရေး ကုလသမဂ္ဂဦးဆောင်တဲ့ Covax အစီအစဉ်မှတစ်ဆင့် မြောက်ကိုရီးယားသို့ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ပေးအပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ကုလမသဂ္ဂရဲ့ ကာကွယ်ဆေးပေးအပ်မှုကို ပယ်ချခဲ့တာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ဇူလိုင်လအတွင်းကလည်း AstraZeneca ကာကွယ်ဆေး နှစ်သန်းပေးပို့မှုကို အလားအလာရှိတဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် ငြင်းဆန်ခဲ့ဖူးပါတယ်။ သြဂုတ် ၁၉ ရက်အထိ မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ မရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးလုပ်သားတွေနဲ့…

Read More

လာအိုနိုင်ငံကနေ ၉ ကြိမ်မြောက် လွှဲပေးတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား၅၀၀ ကျော်ရောက်ရှိ

စက်တင်ဘာ ၂၊ ၂၀၂၁ Shy V(VOM)   လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ ရွှေတြိဂံ အထူးစီးပွားရေးဇုံတွင် သွားရောက် အလုပ်လုပ်ပြီး အခက်အခဲ အမျိုးမျိုးကြောင့် နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၅၀၀ ကျော်ကို စက်တင်ဘာလ ၁ ရက်နေ့က ၉ ကြိမ်မြောက် ပြန်လည်လွှဲပြောင်း လက်ခံ ကြောင်း တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက သိရပါတယ်။   “ဒီနေ့ ပြန်လာတာ ၅၀၀ ကျော်တယ်။ အလုပ်လုပ်ဖို့ ဆင်မပြေ လို့ ပြန်လာတာ” လို့ ပြန်လာသူ ကိုလတ်က ပြောပါတယ်။   လာအိုဘက်က မြန်မာပြည်တော်ပြန် အမျိုးသား ၃၂၀၊ အမျိုးသမီး ၂၂၈၊ စုစုပေါင်း ၅၄၈ ဦးရှိကြောင်း တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ စာရင်း…

Read More

စာရေးဆရာ ဒါရိုက်တာမောင်မိုးသူ ကွယ်လွန်

စက်တင်ဘာ ၂-၂၀၂၁ အေးချမ်းသူ(VOM)   ဘကြီးမိုးလို့ အများက ချစ်ခင်လေးစားမှုနဲ့ခေါ်ကြတဲ့ စာရေးဆရာ၊ပန်းချီဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူဟာ မနေ့ စက်တင်ဘာ ၁ရက်နေ့ ညနေ ၆နာရီ၅၁မိနစ်က ကွယ်လွန်သွားခဲ့ပါတယ်။   ကွယ်လွန်သူမောင်မိုးသူကို အဖ သခင်ဗတုတ်၊ အမိ ဒေါ်မြမေတို့မှ ၁၉၃၇ ခုနှစ်၊ မေလ ၁၇ ရက်၊ တနင်္လာနေ့က မန္တလေးမြို့မှာ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်စိန်မြင့်ဖြစ်ကာ မွေးချင်းနှစ်ယောက်ရှိပါတယ်။   မန္တလေးမြို့၊ စိန်တောင်မြန်မာ ဘုန်းတော်ကြီး ကျောင်းနဲ့စိန့်ပီတာကျောင်း(ယခု အ.ထ.က (၉ ))တို့မှာ ပညာသင်ကြားခဲ့ပြီး ၁၉၅၆ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ကာ မန္တလေးတက္ကသိုလ်မှာ ၁၉၅၆ ကနေ ၁၉၅၈ ခုနှစ်ထိ ပညာသင်ကြားခဲ့ပါတယ်။   ၁၉၅၃ ခုနှစ်မှ စတင်ကာ ကဗျာများ ရေးခဲ့ပြီး ၁၉၅၆ ခုနှစ်မှာ…

Read More

လှိုင်သာယာမှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်မှုကြောင့် စစ်တပ်အရာရှိတစ်ဦးနဲ့ ရဲ ၂ ဦး ဒဏ်ရာရပြီး ရာအိမ်မှူးတစ်ဦးသေဆုံး

စက်တင်ဘာ ၂-၂၀၂၁ CKC(VOM)   ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။   အဲ့ဒီဖြစ်စဉ်နေရာကို စစ်ဆေးမှုတွေလုပ်ဆောင်နေချိန် ဗုံး၂လုံးပေါက်ခဲ့တာကြောင့် စစ်တပ်က အရာရှိတစ်ဦးနဲ့ ရဲ(၂)ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့လို့ တပ်မတော်စစ်ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ ကူညီရေးလုပ်ကိုင်ပေးတဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။   “၈ နာရီလောက်မှာ သေနတ်ဒဏ်ရာနဲ့လူတစ်ယောက် လဲနေတယ်လို့သတင်းရတဲ့အတွက် ပုညပါရမီအသင်းကနေ ဆေးခန်းပို့ဆောင်ဖို့ရာ သွားတဲ့အချိန်မှာ လူတစ်ယောက်သေဆုံးနေတာတွေ့ရတယ်။ ဦးခေါင်းပွင့်တဲ့ဒဏ်ရာရယ်၊ ပြီးတော့ လက်ပြင်ကျောမှာ အနောက်ကနေပစ်မိတဲ့ဒဏ်ရာရယ် ဒဏ်ရာ၂ချက်တွေ့ရတယ်။ဒါနဲ့ တာဝန်ရှိသူကို အကြောင်းကြားတော့ သူတို့နယ်မြေစစ်ဆေးရေးလုပ်တဲ့အချိန်မှာ ဗုံး၂လုံးထပေါက်ပြီး စစ်တပ်က အရာရှိတစ်ဥိးဒဏ်ရာရရှိပြီး ရဲနှစ်ဦး အပြင်းအထန်ရလို့ အခုကားနဲ့ တပ်မတော်စစ်ဆေးရုံကိုပို့နေတယ်။ ” လို့ ပုညပါရမီ လူမှူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။   သေနတ်ပစ်ခံရပြီး သေဆုံးသူကတော့ လှိုင်သာယာမြို့နယ်၊ အမှတ် ၂၁…

Read More

ဂျပန်နိုင်ငံမှာ Mu သန္ဓေပြောင်းဗိုင်းရပ်စ်မျိုးကွဲသစ် စတင်ကူးစက်နေ

တိုကျို၊ စက်တင်ဘာ၂-၂၀၂၁ မျိုးဆက် (VOM) ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စောင့်ကြည့်လေ့လာရမယ့် ဗိုင်းရပ်မျိုးကွဲသစ်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ သန္ဓေပြောင်းဗိုင်းရပ်စ် Mu ကို နိုင်ငံတွင်းမှာ ပထမဆုံးကူးစက်မှုကို အတည်ပြုခဲ့တယ်လို့ ဂျပန်နိုင်ငံပြောပါတယ်။ နိုင်ငံတွင်းက လေဆိပ်နှစ်ခုရှိ ကွာရန်တင်းစင်တာတွေက ခရီးသွားနှစ်ဦးမှာ Mu သန္ဓေပြောင်းဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ခံနေရတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရသူတွေကတော့ ဇွန်လနှောင်းပိုင်းမှာ ယူအေအီးနိုင်ငံမှ နာရီတာလေဆိပကို ရောက်ရှိလာသော အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ဇူလိုင်အစောပိုင်းမှာ ဗြိတိန်ကနေ ဟာနီဒါလေဆိပ်သို့ ရောက်ရှိလာတဲ့ အသက် ၅၀ နှစ်အရွယ်အမျိုးသမီးတို့ဖြစ်တယ်လို့ ဆိုပါတယ်။ Mu ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ တောင်အမေရိကနဲ့ ဥရောပနိုင်ငံတွေမှာလည်း ကူးစက်မှုတွေဖြစ်ပွားနေပါတယ်။ ဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ စောင့်ကြည့်လေ့လာရမယ့် ဗိုင်းရပ်စ်မျိုးကွဲသစ်တစ်ခုဖြစ်တယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။ ဗိုင်းရပ်စ်မျိုးကွဲဟာ ကာကွယ်ဆေးတွေကြောင့်ရရှိတဲ့…

Read More
VOM News

FREE
VIEW