ကုလသမဂ္ဂကပေးမယ့် တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးသုံးသန်း မြောက်ကိုရီးယား လက်မခံ

ကုလသမဂ္ဂ၊ စက်တင်ဘာ-၁
မျိုးဆက်(VOM)

မြောက်ကိုရီးယားကို ကုလသမဂ္ဂအစီအစဉ်အရ ပေးအပ်မယ့် ကိုဗစ်-၁၉ ကာကွယ်ဆေး သုံးသန်းနီးပါးကို အခြားနိုင်ငံသို့ လွှဲပြောင်းပေးအပ်ဖို့ မြောက်ကိုရီးယားက တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂက စက်တင်ဘာ ၁ ရက်မှာပြောပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ကာကွယ်ဆေးရှားပါးမှုများရှိနေချိန်မှာ ရောဂါကူးစက်မှုဒဏ် အကြီးအကျယ်ခံနေရတဲ့ အခြားနိုင်ငံတွေကို အဲ့ဒီကာကွယ်ဆေးတွေ လွှဲပြောင်းပေးဖို့ မြောက်ကိုရီးယားက တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။

ဆင်းရဲသည့်နိုင်ငံတွေအတွက် ကာကွယ်ဆေးများရရှိရေး ကုလသမဂ္ဂဦးဆောင်တဲ့ Covax အစီအစဉ်မှတစ်ဆင့် မြောက်ကိုရီးယားသို့ တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ပေးအပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ကုလမသဂ္ဂရဲ့ ကာကွယ်ဆေးပေးအပ်မှုကို ပယ်ချခဲ့တာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။

ဇူလိုင်လအတွင်းကလည်း AstraZeneca ကာကွယ်ဆေး နှစ်သန်းပေးပို့မှုကို အလားအလာရှိတဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် ငြင်းဆန်ခဲ့ဖူးပါတယ်။

သြဂုတ် ၁၉ ရက်အထိ မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ မရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးလုပ်သားတွေနဲ့ တုပ်ကွေးလို အဖျားရှိသူ ၃၇၂၉၁ ဦးကို စစ်ဆေးခဲ့ရာ အားလုံးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရခြင်းမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အပတ်စဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref : BBC
Photo:AP
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW