ဦးတေဇနဲ့ ထူးကုမ္ပဏီကို ဗြိတိန်က အရေးယူပိတ်ဆို့မှုချမှတ်

လန်ဒန်၊ စက်တင်ဘာ-၂-၂၀၂၁
မျိုးဆက် (VOM)

ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အရေးယူပိတ်ဆို့မှုအသစ်တစ်ခုကို စက်တင်ဘာ ၂ ရက်မှာ ကြေညာလိုက်ပြီး ဖေဖော်ဝါရီလမှာနိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် လက်နက်နဲ့ဘဏ္ဍာရေး ထောက်ပံမှုတွေပေးခဲ့တဲ့ မြန်မာစစ်ဘက်နဲ့ဆက်နွယ်နေတဲ့ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုကို ပစ်မှတ်ထားချမှတ်တာလို့ ဆိုပါတယ်။

အဲ့ဒီအရေးယူပိတ်ဆို့မှုမှာ မြန်မာစစ်ဘက်ကိုယ်စား လက်နက်အရောင်းအဝယ်ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ ဦးတေဇနဲ့ သူတည်ထောင်တဲ့ Htoo Group ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်သွားမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအရေးမှာလည်း ရန်ပုံငွေတွေထောက်ပံ့ခဲ့တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရေးအပြောင်းအလဲနဲ့ပတ်သက်ပြီး လူပုဂ္ဂိုဟ်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဗြိတိန်က ချမှတ်ထားပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေအနေနဲ့ ဘဏ္ဍာရေးနဲ့ လက်နက်ထောက်ပံ့မှုတွေရရှိနေတာကို ကန့်သတ်ဖို့ မိတ်ဖက်နိုင်ငံတွေနဲ့အတူ ဗြိတိန်က ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရတ်ဘ်က ပြောပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW