ဘားအံမြို့က Mytelတာဝါတိုင် မီးရှို့ခံရပြီးနောက် လူငယ်(၄)ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၂-၂၀၂၁
CKC(VOM)
 
ကရင်ပြည်နယ် ၊ဘားအံမြို့က Mytelတာဝါတိုင်ကို ဒီကနေ့မနက်ပိုင်းက မီးရှို့ခံရပြီးနောက်ပိုင်းမှာ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ဒေသခံလူငယ်အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက
 
” မီးရှို့ပြီးတော့မှ သိကြရတဲ့အခြေအနေပါ ။ဖျက်ဆီးခံရတာကို ခုမနက်ပိုင်းမှာသိတာပါ။ အဲ့ဒါပြီး အဲ့ လူ ၄ ယောက်ဖမ်းခံရတယ် ။ ဒီဖျက်ဆီးခံရတဲ့ကိစ္စနဲ့ ဆက်စပ်ပြီး စစ်တပ်ကဖမ်းတယ်လို့တော့ကြားတယ် ။ အတိကျတော့ ဘယ်သူမှမသိရသေးဘူး ” လို့ ဘားအံမြို့ခံတစ်ဦးကပြောပါတယ်။
 
အခုလို ဖမ်းဆီးခံရတာနဲ့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းနေစဲဖြစ်ပါတယ်။
 
ဘားအံမြို့နယ် ပေါ့ထော်ကျေးရွာက Mytel ဖုန်းတာဝါတိုင် မီးရှို့ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီအတွက် ဆက်သွယ်ရေး ဖုန်းတိုင်ရဲ့ အောက်ခြေက ဆက်သွယ်ရေးစက်ပစ္စည်းတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေပြောပြချင်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #ဘားအံ

Related posts

Leave a Comment

VOM News

FREE
VIEW