မြန်မာနိုင်ငံမှာ လေးလကြာ အပစ်အခတ်ရပ်ဖို့ စစ်ဘက်နဲ့ အတိုက်အခံတွေကို အာဆီယံအထူးကိုယ်စားလှယ် တောင်းဆိုထား

ဘန်ကောက်၊ စက်တင်ဘာ-၅-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို စက်တင်ဘာလလယ်လောက်မှာ ပထမအသုတ်အဖြစ်ပေးနိုင်ဖို့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာပါ၀င်သူအဖွဲ့အစည်းတွေအနေနဲ့ လေးလတာအပစ်အခတ်ရပ်စဲဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် Erywan Yusof က တောင်းဆိုလိုက်ပါတယ်။
 
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး သံတမန်နဲ့ Kyodo News သတင်းဌာနတို့ စက်တင်ဘာ ၄ ရက်မှာပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက အခုလိုပြောဆိုလိုက်တာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာဘက်က ဦး၀ဏ္ဏမောင်လွင်နဲ့ သြဂုတ် ၃၁ ရက်မှာ အွန်လိုင်းကနေ ရုပ်သံစနစ်နဲ့ဆွေးနွေးခဲ့ပြီး မြန်မာဘက်ကလည်း ဒါကိုလက်ခံတယ်လို့် Erywan Yusof က ပြောပါတယ်။
 
ဒါဟာနိုင်ငံရေးနဲ့ပတ်သက်တဲ့ အပစ်အခတ်ရပ်စဲရေးမဟုတ်ဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသူတွေအတွက် လုံခြုံရေးစိတ်ချရဖို့ဖြစ်တယ်လို့ သူက ပြောပါတယ်။
 
ဒီလိုအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ မိမိပြောခဲ့တာတွေကို မြန်မာဘက် သဘောမတူတာမျိုးမရှိကြောင်းနဲ့ ဒီကိစ္စကိုလည်း အတိုက်အခံအဖွဲ့တွေဆီကို တစ်ဆင့်ခံနည်းနဲ့ အသိပေးထားတယ်လို့ Erywan Yusof က ပြောပါတယ်။
 
ဒီသတင်းစကားကို သူတို့တွေဆီရောက်မယ်လို့ မျှော်လင့်ကြောင်း သူကဆိုပါတယ်။
 
နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုနဲ့ ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် အာဆီယံအဖွဲ့က ထောက်ပံ့ကူညီမှုတွေ ပေးဖို့လက်ရှိမှာ လုပ်ဆောင်နေပါတယ်။
 
Ref: Bangkok Post
Photo:Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW