ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် ထဲက ခမ်းနေတဲ့ကန်ရေ မိုးတွင်းမှာတောင် ပြည့်မလာသေး

ပြင်ဦးလွင်-စက်တင်ဘာ၅-၂၀၂၁
NL(VOM)
 
မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ ၊အမျိုးသားကန်တော်ကြီးဥယျာဉ်ထဲက ကန်ရေဟာ
၂၀၁၉ခုနှစ် ဒီဇင်ဘာလကစပြီး တဖြည်းဖြည်းခမ်းခြောက်လာခဲ့တာဟာ ၂၀၂၀ ပြည့်နှစ် ဧပြီလလောက်ကတည်းက လုံးဝခမ်းခြောက်သွားခဲ့ပါတယ်။
 
ဒီနှစ် ၂၀၂၁ စက်တင်ဘာလ(၁)ရက်နေ့ ကနေ (၃)ရက်နေ့အထိ ပြင်ဦးလွင်မြို့မှာ မိုးရွာရက်(၂)ရက်ရှိခဲ့ပြီး မိုးရေချိန်၃ဒသမ၅၈ရရှိကာ မြို့၏အထင်ကရနေရာဖြစ်တဲ့ ကန်တော်လေးမှာ ရေပြည့်ခဲ့ပြီး ကန်တော်ကြီးမှာ ရေမပြည့်တဲ့ အတွက် မြို့နေပြည်သူများက တအံ့တသြ ဖြစ်ခဲ့ရပါသည်။
 
“ကန်တော်ကြီးရေခမ်းနေတာ(၂)နှစ်ပြည့်ပါတော့မယ် ရေမရတဲ့အကြောင်းကတော့ ကန်အောက်ခြေကပေါက်သွားပါတယ်၊ရေထွက်ဂေဟစနစ် ပျက်ဆီးသွားတယ် ၊ကန်ရဲ့ သိုလှောင်ပမာဏထက်ပိုတဲ့ရေကိုထိမ်းထားရတဲ့အခြေနေကြောင့် အောက်ခြေပေါက်သွားတာ” လို့ ကန်တော်ကြီးကို လေ့လာစောင့်ကြည့်နေသူ ကိုကွေဆာ (pol Quasar)ကပြောပြပါတယ်။
 
“ကန်ဘေးမှာ အဆောက်ဦးတွေဆောက်၊အုတ်တံတိုင်းတွေခတ်တော့၊ရေဝင်လမ်းကြောင်းကပိတ်နေတာလဲမှန်ပါတယ်၊ခါတိုင်းဖြစ်နေကြအတွေ့အကြုံအရပြောတာပါ၊ရေလမ်းကြောင်းတွေပြောင်းပြီး ကန်ထဲရေမဝင်လာတော့ဘူး၊ကန်တော်ကြီး တာဝန်ရှိသူတွေကလည်း ရေပြန်တက်ဖို့ လုပ်ကိုင်နေတာဘဲ၊ကန်တော်ကြီးရဲ့သဘာဝက မိုးကုန်ပြီးဆောင်းအဝင်လောက်မှာရေတဖြည်းဖြည်းပြန်တက်လာပါ့မယ်၊သစ်တောထိန်းသိမ်းမှုအားနည်းနေပါတယ်၊မြို့ လူထုကတော့ ကန်တော်ကြီးကို အရင်လို့ ရေပြန်တက်ပြီးလှလှ ပပမြင်ချင်ကြတာပေါ့၊” လို့လည်း စိမ်းလန်း (ပြင်ဦးလွင်) အတွင်းရေးမှူး ဦးကိုကိုကြီး ကပြောပြပါတယ်။
 
ပြင်ဦးလွင်မြို့မှာ ၂၀၁၉ခုနှစ်မှာ ရက်(၉၃)ရက် မိုးရွာခဲ့ပြီး မိုးရေချိန် ၄၄ဒသမ၀၉လက်မရရှိခဲ့သလို ၊ ၂၀၂၀ပြည့်နှစ်တွင်မိုးရွာရက်(၇၄)ရက်ရှိခဲ့ပြီး မိုးရေချိန်၄၂ ဒသမ ၀၀ လက်မရရှိခဲ့ကြောင်းပြင်ဦးလွင်ခရိုင်မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးထိန်လင်း ကပြောပြပါတယ်။
 
ပြီးတဲ့ရက်က ပြင်ဦးလွင်မှာစံချိန်တင် မိုးရွာခဲ့ပေမယ့် ကန်တော်ကြီးရေ ခုလိုဖြစ်တာကို ဒီတိုင်းဂရုမစိုက်ပဲထားရင် ဒီထက်ပိုဆိုးမှာကို ပတ်ဝန်းကျင်လေ့လာသူတွေကစိုးရိမ်နေကြပါတယ်။
 
#voiceofmyanmar #VOM #ပြင်ဦးလွင် #ကန်တော်ကြီး

Related posts

Leave a Comment

VOM News

FREE
VIEW