မြို့သစ်မြို့နယ်က ရဲဝန်ထမ်းအိမ်ယာမှာဗုံးပေါက်လို့ လုံခြုံရေးတိုးမြှင့်ချထား

စက်တင်ဘာ ၅-၂၀၂၁
KK(VOM)
 
မကွေးတိုင်း၊ မြို့သစ်မြို့နယ်က ရဲဝန်ထမ်းအိမ်ယာမှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ခဲ့လို့ ဌာနဆိုင်ရာရုံးတွေမှာ လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” ဒီကနေ့မနက် ၅နာရီခွဲက မြို့သစ်မြို့နယ်၊ ရွှေလရောင်ရပ်ကွက်မှာရှိတဲ့ ရဲဝန်ထမ်းအိမ်ယာမှာ ဗုံးပေါက်တာ၊ ဗုံးပေါက်ခဲ့ပြီးနောက် အခုလို လုံခြုံရေးတိုးမြှင့်ချထားတာဖြစ်နိူင်တယ်၊ မနေ့ကလည်း စည်ပင်ရုံးဗုံးပေါက်တယ်၊ ပြီးခဲ့တဲ့လတွေ EPCရုံးနဲ့အုပ်ချုပ်ရေးမှူးရုံးတွေ
မှာ ဗုံးပေါက်တာရှိတယ်၊ ဒါကြောင့် စစ်တပ်နဲ့ရဲတွေက ပိုမိုတင်းကျပ်လာတာဖြစ်တယ်”လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
ရဲဝန်ထမ်းအိမ်ယာဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသူမရှိပေမယ့် စစ်တပ်နဲ့ရဲတွေဟာ ရွှေလရောင်ရပ်ကွက်နဲ့လမ်းဆုံတွေမှာ အိမ်စီးကားနဲ့လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
မနေ့ စက်တင်ဘာ ၄ရက်နေ့ ညပိုင်းကလည်း မြို့သစ်မြို့နယ် စည်ပင်ရုံးမှာ ဗုံးပေါက်ခဲ့မှုဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
မြို့သစ်မြို့နယ်မှာ ပြီးခဲ့တဲ့သြဂုတ်လအတွင်း ရပ်ကျေးအုပ်ချုပ်ရေးရေးမှူးရုံးတွေနဲ့ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #မကွေး #မြို့သစ်မြို့နယ် #ရဲဝန်ထမ်းအိမ်ယာ #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW