ထိုင်၀မ် လေကြောင်းရန်ကာကွယ်ရေးဇုံအတွင်းကို တရုတ်စစ်လေယာဉ် ၁၉ စင်း ၀င်ရောက်ပျံသန်း

တိုင်ပေ၊ စက်တင်ဘာ-၆-၂၀၂၁
မျိုးဆက် (VOM)
 
ထိုင်၀မ်လေကြောင်းရန်ကာကွယ်ရေးဇုံအတွင်းကို တရုတ်စစ်ဘက် ဂျက်တိုက်လေယာဉ်တွေ ကျူးကျော်၀င်ရောက်ခဲ့တယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
 
အဲဒီလေကြောင်းကာကွယ်ရေးဇုံအတွင်းသို့ တရုတ်ဂျက်တိုက်လေယာဉ်တွေနဲ့ နျူကလီးယားဗုံးကြဲလေယာဉ်တွေအပါအ၀င် စစ်လေယာဉ် ၁၉ စင်း၀င်ရောက်ခဲ့တယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။
 
ရေငုပ်သင်္ဘောဖျက် လေယာဉ်တွေနဲ့ နျူကလီးယားလက်နက်တွေတင်ဆောင်နိုင်တဲ့ အိပ်ခ်ျ-၆ ဗုံးကြဲလေယာဉ်လေးစင်းအပါအ၀င် တရုတ်လေတပ်က လေယာဉ်တွေဟာ စက်တင်ဘာ ၆ ရက်မှာ လေပိုင်နက်အတွင်းသို့ ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနကပြောပါတယ်။
 
ထိုင်၀မ်စစ်ဘက်ဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်ခဲ့ပြီး တရုတ်လေယာဉ်တွေကို သတိပေး မောင်းထုတ်ဖို့ တိုက်လေယာဉ်တွေစေလွှတ်ခဲ့ရတယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနကပြောပါတယ်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး တရုတ်စစ်ဘက်က မှတ်ချက်ပြုပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။
 
ထိုင်၀မ်ကျွန်းအနီးမှာ တရုတ်စစ်ဘက်မှ လေယာဉ်တွေကြိမ်ဖန်များစွာ ၀င်ရောက်ပျံသန်းတာနဲ့ပတ်သက်ပြီး လွန်ခဲ့သည့်နှစ်ကတည်းက ထိုင်၀မ်က ကန့်ကွက်မှုများပြုလုပ်ခဲ့ပါတယ်။
 
တရုတ်နိုင်ငံဟာ ထိုင်၀မ်ကို ခွဲထွက်ပြည်နယ်တစ်ခုအဖြစ် ရှုမြင်ထားပြီး ထိုင်၀မ်ကတော့ ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW