အမျိုးသားရေးဆရာတော်ဦးဝီရသူ အမှုရုပ်သိမ်းလို့ လွတ်မြောက်လာ

စက်တင်ဘာ ၆-၂၀၂၁
KK(VOM)
 
နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၁၂၄(က)နဲ့တရားစွဲဆိုခံထားရတဲ့ အမျိုးသားရေးဆရာတော်ဦးဝီရသူကို တရားရုံးကနေ အမှုရုပ်သိမ်းပေးပြီးနောက် ဒီကနေ့ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ အမည်မဖော်လိုသူရဲတစ်ဦးက VOM ကိုပြောပါတယ်။
 
“သူကိုစွဲထားတဲ့အမှုကို ရုပ်သိမ်းလိုက်ပြီဆိုတော့ ဒီကနေ့ညနေမှာပြန်လွှတ်လိုက်ပါပြီ၊ ကျန်တာတော့ မသိပါဘူး”လို့ သူကရှင်းပြပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၂ရက်က ကိုဗစ် ၁၉ကူးစက်ခံထားရတဲ့အတွက် မင်းဓမ္မMCC ကိုဗစ်စင်တာကို ပို့ဆောင်ကုသပေးနေပေမယ့် ဒီကနေ့နေ့ ပြန်လွှတ်လာချိန်မှာတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ အမျိုးသားရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
 
“ဆရာတော်က အပြင်ရောက်နေပါပြီ၊ ကျန်းမာရေးလည်း ကောင်းမွန်တယ်၊ ဒီကနေ့ညနေမှာ ပြန်လွှတ်လာတာပါ”သူကအတည်ပြုပြောဆိုပါတယ်။
 
ဆရာတော်ဦးဝီရသူဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလ ပိုင်းက နိုင်ငံတော်အကြီးအကဲတွေနဲ့ တာဝန်ရှိသူတွေကို မဖွယ်မရာစကားလုံးတွေပြောဆိုခြင်းကြောင့် အနောက်ပိုင်းခရိုင် ဒု-အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ပုဒ်မ ၁၂၄(က)နဲ့တရားစွဲဆိုခဲ့ပြီး ၂၀၂၀ခုနှစ် နိုဝင်ဘာ ၂ရက်နေ့က ဒဂုံမြို့နယ်ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့လတွေကလည်း နစကကောင်စီက ပုဒ်မ-၁၂၄(က)နဲ့ အမှုဖွင့်တရားစွဲဆိုခံထားရတဲ့ ဦးလှဆွေ(ဘူးလက်)၊ ငါးမင်းဆွေ၊ ဦးဌေးအောင်(Orchid)၊မိုက်ကယ်ကျော်မြင့်တို့ကို အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့တာလည်းရှိပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #ဆရာတော်ဦးဝီရသူ #ပြန်လွတ်

Related posts

Leave a Comment

VOM News

FREE
VIEW