နေပြည်တော်နယ်မြေမှာ ပထမဆုံး ပစ်ခတ်လုပ်ကြံမှုဖြစ်

နေပြည်တော်- စက်တင်ဘာ-၁၁-၂၀၂၁
KT(VOM)
 
စက်တင်ဘာလ ၁၀ ရက် ည ၇ နာရီခွဲအချိန်က ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ မောင်းရမ်းကျေးရွာမှာ ဒေါ်ခင်မာဌေးဆိုတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ သမီးဖြစ်သူ မစန္ဒာဖြိုးနေအိမ်ရှေ့၌ ကွမ်းယာနေစဉ် မော်တော်ဆိုင်ကယ်နဲ့ လူတစ်ဦးရောက်လာပြီး အမည်မသိသေနတ်အမျိုးအစားနဲ့ ပစ်ခတ်တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။
 
ဒီဖြစ်စဉ်ဖြစ်တဲ့ ပတ်ဝန်းကျင်က ဒေသခံတယောက်ပြောပြတာက
 
” ဒေါ်ခင်မာဌေးမှာ ဗိုက် ၁ ချက် ၊ ဝဲနံအောက် ၁ ချက်၊ ဝဲလက်မောင်း ၁ ချက် ပစ်ခံရလို့ စိုးရိမ်ရတယ် ။ သမီးဖြစ်တဲ့ မစန္ဒီဖြိုးကနော့ ယာလက်မောင်း ၁ ချက်မှန်တာ မစိုးရိမ်ရဘူး သူတို့ကို စစ်ဆေးရုံသို့ပို့ ကုနေတယ်” လို့ပြောပါတယ်။
 
လုပ်​ကြံခံရသူ ဒေါ်ခင်မာဌေးဟာ တပ်မတော်ထောက်ခံတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးလည်းဖြစ်ကြောင်း အမည်မဖော်လိုတဲ့ မောင်းရမ်းရွာသားတစ်ဦးက ပြောပါတယ်။
 
စက်တင်ဘာ (၇) ရက်နေ့၊ညနေကလည်း နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၊ရွှေကြာပင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက ဗုံးနဲ့ ပစ်ပြေးတဲ့ ဖြစ်စဥ်ဖြစ်ခဲ့ပေမယ့် အဲဒီဗုံးက မကွဲခဲ့ဘူးလို့ သိရပါတယ်။
 
#voiceofmyanmar #vom #နေပြည်တော်ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW