ပုသိမ်ထောင်ဆူမှုဖြစ်ပွားခဲ့

ရန်ကုန်၊စက်တင်ဘာ ၁၂-၂၀၂၁
KK(VOM)
 
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ မြို့မရပ်ကွက်မှာရှိတဲ့ ပုသိမ်အကျဥ်းထောင်မှာ ဒီကနေ့ မနက် ၅နာရီခန့်က ထောင်ဆူမှုဖြစ်ခဲ့တယ်လို့ မြို့မရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
ပုသိမ်အကျဥ်းထောင်အတွင်းကနေ ဒို့အရေး အော်သံတွေကြားရခြင်း နဲ့ ဥသြဆွဲသံတွေထပ်မံကြားရပြီး နောက်ပိုင်း ထပ်မကြားရတော့ဘူးလို့ မြို့မရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
 
“ထောင်ထဲမှာ ဆန္ဒပြတာဖြစ်မယ်၊ နာရီဝက်လောက်ကြာတယ်၊ ဥသြဆွဲသံတွေထွက်လာပြီး မကြားရတော့ဘူး၊ ဘာကြောင့်ဖြစ်လဲတော့ မသိဘူးလို့”သူကပြောပါတယ်။
 
ပုသိမ်ထောင်ဆူမှုဖြစ်စဥ်နဲ့ပတ်သက်လို့ န.စ.က ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာ ထောင်လှန့်တဲ့လေ့ကျင့်ခန်းလုပ်တာပါ၊ ထောင်ဆူတာမဟုတ်ပါဘူး၊ အကျဥ်းထောင်တွေအတွင်းမှာ အပတ်စဥ်ရှာဖွေစစ်ဆေးရေးလေ့ကျင့်ခန်းတွေလုပ်ရပါတယ်၊ ကိုဗစ်ကာလအတွင်းမှာ အဲ့ဒီလေ့ကျင့်ခန်းတွေ ရပ်နားထားတာကြောင့် အခုမှပြန်လုပ်တာဖြစ်တယ်”လို့ ပြောပါတယ်။
 
ပုသိမ်အကျဥ်းထောင်မှာ ၂၀၁၉ ခုနှစ် မေလတုန်းကလည်း လွတ်ငြိမ်ချမ်းသာခွင့်ကိစွနဲ့ ဆူပူမှုဖြစ်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ရက် မနက်ပိုင်းကလည်း အင်းစိန်ထောင်ဆူမှုဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ပုသိမ#အကျဉ်းထောင်ဆူမှု

Related posts

Leave a Comment

VOM News

FREE
VIEW