စလင်းမြို့က NLD ပါတီအလုပ်မှုဆောင်အဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

စက်တင်ဘာ ၁၅-၂၀၂၁
CKC ( VOM )
 
မကွေးတိုင်း ၊ စလင်မြို့နယ် NLDပါတီ အလုပ်မှုဆောင်အဖွဲ့ဝင် ကိုနိုင်လင်းဟာ မနေ့ စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
” ညနေ ၅ နာရီခွဲလောက် လမ်းဆုံမှာ ခေါင်းကိုသေနတ်မှန်ပြီး သေနေတယ်လို့သိရတယ်။ သူဘယ်လိုပြေးပြီး ဘယ်နေရာမှာသေလဲဆိုတာ မသိရပါဘူး ၊ အလောင်းက ဆေးရုံမှာလို့သိရတယ်။မလိုက်ရသေးဘူး။ ” လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
 
ကိုနိုင်လင်း မသေဆုံးခင် နေ့လယ် ၃ နာရီဝန်းကျင်လောက်က ဝန်းရကျေးရွာအုပ်စု ၊ခင်ပလူကျေးရွာရှိ သူရဲ့နေအိမ်ကို စစ်တပ်နဲ့ရဲတွေရောက်လာပြီး ဖမ်းဆီးဖို့ ရှာဖွေခဲ့တာလည်းရှိခဲ့တယ်လို့ သေဆုံးသူရဲ့မိသားစုဝင်တွေဆီက သိရပါတယ်။
 
ကိုနိုင်လင်းသေဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒေသခံတချို့ကတော့ ကိုနိုင်လင်းက ဖမ်းဆီးမခံဘဲ ထွက်ပြေးတာကြောင့် ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ ပြောဆိုမှုတွေရှိနေပေမယ့် VOM အနေနဲ့တော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
 
ကိုနိုင်လင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီအမတ်ရဲ့မဲရုံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ် ။
 
#voiceofmyanmar #VOM #စလင်း #NLDအလုပ်အမှုဆောင် #သေနတ်ပစ်ခံရ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW