မြစ်ကြီးနားက ရပ်ကျေးအုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီးသေဆုံး ၊ သားဖြစ်သူ ဒဏ်ရာရ

စက်တင်ဘာ ၁၇-၂၀၂၁
GH ( VOM )
 
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ မနက်ပိုင်းက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့သလို သားဖြစ်သူပါ ဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ် ။
 
” သူက ညဘက်ကင်းစောင့်ပြီး သူ့သားနဲ့ဆိုင်ကယ်စီးပြန်လာတာမှာ ပစ်ခံရတယ်လို့ကြားတယ်။ သူ့သားလည်း ထိတယ်ကြားတယ်။ သတင်းပေးလို့ ပစ်တာလို့တော့ကြားပေမယ့် ကျနော်လည်း သေချာတော့မသိဘူး “လို့မြစ်ကြီးနားမြို့ဒေသခံတစ်ဦးက ပြောပါတယ် ။
 
သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးဟာ ဦးလှမြင့် ဆိုသူဖြစ်ပြီး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တယ်လို့လည်းသိရတယ်။
 
ပစ်ခတ်မှုတွေအပြီးမှာ စစ်သားနဲ့ ရဲတွေ ရောက်လာပြီး စစ်ဆေးမှုတွေလုပ်ခဲ့သလို့ ပစ်ခတ်သွားတဲ့သူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။
 
စက်တင်ဘာလ ၆ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းအနီးမှာ အသံမိုင်းပေါက်ကွဲမှုရှိခဲ့ပြီး ကချင်ပြည်နယ်ထဲက ကျန်တဲ့မြို့နယ်တွေမှာလည်း ပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေ ၊ ဖမ်းဆီးခံရတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #မြစ်ကြီးနား

Related posts

Leave a Comment

VOM News

FREE
VIEW