လိူင်မြို့နယ်က သတင်းပေးလို့စွပ်စွဲခံရသူ သေနတ်နဲ့ ပစ်သတ်ခံရ

ရန်ကုန်-စက်တင်ဘာ ၁၉
GH ( VOM )
 
ရန်ကုန်တိုင်း ၊ လိူင်မြို့နယ်က သတင်းပေးလို့ စွပ်စွဲခံရသူ တယောက် ဒီကနေ့ စက်တင်ဘာ၁၉ရက် မနက်ပိုင်းက သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားပြီဖြစ်တယ်လို့ အဲဒီရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
လိူင်မြို့နယ် ၊အုတ်ကျင်း ဘူတာရုံလမ်းနားမှာ သေနတ်နဲ့ပစ်ခံခဲ့ရတာဖြစ်ပြီး၊ အဲ့ဒီနောက်မှာ စစ်တပ်နဲ့ရဲ ရောက်လာပြီးတော့ လမ်းသွားလာတွေနဲ့ အသတ်ခံရတဲ့ပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေလုပ်နေတယ်လို့သိရပါတယ်။
 
” သူက ရဲသတင်းလို့နာမည်ထွက်နေတာကြာပြီ၊ ၊ သူသတင်းပေးလို့ လိူင်ထဲက လူငယ်တွေဖမ်းခံခဲ့ရတာ ရှိတယ် ၊ ဒါကြောင့် အသတ်ခံရတယ်ထင်တယ်။ ဒီမနက်စောမှာ ပစ်သတ်ခံရပြီး လမ်းပေါ်လဲကျနေတာ လို့ကြားတယ်။ ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။
 
သေဆုံးသူဟာ လိူင်မြို့နယ်မှာနေတဲ့ ဦးမောင်ဝင်းဖြစ်ပြီး ဘယ်အဖွဲ့က လုပ်ခဲ့သလဲဆိုတာတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
လိူင်မြို့နယ်မှာ စက်တင်ဘာလ ၈ ရက်နေ့က ဧည့်စာရင်းစစ်ပြီး လူ ၁၀၀ ကျော်ဖမ်းဆီးခံရကာ ပြန်လွှတ်ပေးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။
 
မနေ့က စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ကမာရွတ်ွမှာ သတင်းပေးလို့နာမည်ထွက်သူ ဦးသာစန်းဆိုသူ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာရရှိ ခဲ့တယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #လှိုင်မြို့နယ်

Related posts

Leave a Comment

VOM News

FREE
VIEW