ပြည်သူ့ထံက ပြည်သူ့အသံ

ကချင်ပြည်နယ် ရွှေကူမြို့ အထက်နား ရွှေပေါ်ကျွန်း စေတီတော်မြတ်ကြီး တည်ရှိရာ ရေလယ်ကျွန်ဦးထိပ် ငါးဘတ်ဝရွာ ရှေ့ ဧရာဝတီ မြစ်ကြောင်းထဲတွင် နိုင်ငံတော်အား အခွန်ပေးဆောင်ခြင်းလဲ မရှိပဲ ရွှေကူ မြို့နှင့် အနီးတဝိုက်မြို့နယ်များမှ ရွှေစက်လှေ ပိုင်ရှင်များသည် သဲမှုန်စုပ်များဖြင့် ရွှေ မျေားများထောင်ကာ စက်လှေ ၂၀ကျော် ၃၀ စီးဝန်ကျင်ခန့် တရားမဝင် ရွှေများတူးဖော်နေကြပါသည် ။
 
၎င်းအချင်အရာအား ငါးဘတ်ဝကျေးရွာ အုပ်ချုပ်ရေးမူးမှ လက်ရှိ မြစ်ကမ်းပါး များပြိုနေသည့် အချင်းအရာ အား စိုးရိမ်သဖြင့် အုပ်စုအုပ်ချုပ်ရေးမူးနှင့် မြို့နယ် ဌာန ဆိုင်ရာ အသီးသီး သို့ အရေးယူပေးပါရန် တင်ပြသော်လဲ အရေးယူပေးခြင်းမရှိပါ ။
 
နေပြည်တော် တိုင်စာဌာနသို့ ဖုန်းဆက် အကြောင်း ကြားသေားအခါ မြို့နယ် စခန်းသို့တိုင်ရန်လမ်ညွန်ပါသည် ။ မြို့နယ်အဆင့်မှ လည်း အရေးမယူသည့် အပြင် ရွာသူရွာသား များနှင့် လုပ်ငန်းရှင် များအား ပြေလည်အောင် ညှိနိုင်း ရန်ညွန်ကြားပါသည် ။
 
ရွာသူရွာသားများမှာ လက်ရှိကမ်းပြိုနေသည်ရှိသဖြင့် လွန်စွာ စိုးရိမ် ဒေါ သထွက်နေကြပါသည် ။ ယခု ရွှေမောင်း နေသော နေရာသည် ၂၀၀၂ ခုနှစ်တွင် ရွှေစက်လှေများမောင်းခဲ့ သေားနေရာ ဖြစ်ပါသည် ။
 
မြစ်အတွင်း ရွှေမမောင်းရ ဥပဒေများ ထွက်ပေါ်လာပြီးနောက်ပိုင်း ရွှေမမောင်းကြရတော့ပဲ ရပ်နားထာခဲ့ကြသည်မှာ ကြာပါပြီ ။ ယခင် ကလည်း မြစ်ကမ်းများ ကြီးကျယ် စွာ ပြိုမှု့များ ရှိခဲ့ပါသည် ။
 
ယခုအခါ ယခင်ကထက် ပိုမိုကြီးမားသော အင်ဂျင်စက်ကြီးများ ပိုက်ကြီးများဖြင် စုပ်ယူမောင်နှင်ကြသဖြင် ပိုဆိုးနိုင်ပါသည် ယခု အခြေအနေအား နိုင်ငံတော် အုပ်ချုပ်သူများသိစေရန် VOM မှတဆင့် တင်ပြပေးစေလိုပါသည် ။
 
သက်သေပုံများပူးတွဲပို့ပေးထားပါသည်။
 
ငါးဘတ်ဝရွာသားများ

Related posts

Leave a Comment

VOM News

FREE
VIEW