ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို သမ္မတရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ်

မနီလာ၊ စက်တင်ဘာ-၂၀-၂၀၂၁
မျိုးဆက် (VOM)
 
ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် ပက်ကွီအို ဟာ လာမယ့်နှစ်မှာ ကျင်းပမယ့်ဖိလစ်ပိုင် သမ္မတရွေး ကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
 
ဖိလစ်ပိုင်လက်ဝဲပါတီPDP-Laban ကနေ သူ့ကို သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။ အသက် ၄၂ နှစ်အရွယ် ပက်ကွီအိုဟာ လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။
 
လက်ရှိသမ္မတ ဒူတာတေးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ထပ်သက်တမ်းမှာ သမ္မတအဖြစ် ၀င်ပြိုင်လို့မရပေမယ့် ပါတီတစ်ခုကနေ ဒုသမ္မတအဖြစ်၀င်ရာက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒါဟာ အာဏာကို ဆက်လက်ဆုပ်ကိုင်ဖို့ ကြိုးစားတာလို့ ဝေဖန်သူတွေကဆိုပါတယ်။
 
ဒုသမ္မတအဖြစ် ဒူတာတေးက၀င်ရောက်ယှဉ်ပြိုင်ရာမှာ သမ္မတလောင်းအဖြစ် မိတ်ဖက်အဖြစ် သူနဲ့ရင်းနှီးတဲ့ မဟာမိတ် ဘွန်ဂိုကို ရွေးချယ်ထားပါတယ်။ ဒါပေမယ့်သူကတော့ ဒူတာတေးရဲ့ သမ္မတနေရာကို မဆက်ခံလိုဘူးလို့ဆိုပါတယ်။
 
သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ ရွေးချယ်တဲ့ပါတီက တိုက်တွန်းထားပြီး ဆုံးဖြတ်ချက်ပြန်မပြင်ဘူးဆိုရင်တော့ ဒူတာတေးရဲ့သမီးဖြစ်သူကို သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမှု ဖြစ်လာနိုင်ခြေရှိပါတယ်။
 
Ref : BBC
Photo: Reuters
 
#voiceofmyanmar #VOM #ဖိလစ်ပိုင် #ပက်ကွီအို

Related posts

VOM News

FREE
VIEW