၀န်ကြီးချုပ်ဆူဂါနေရာဆက်ခံမယ့် ဂျပန်အာဏာရပါတီရဲ့ အကြီးအကဲအဖြစ် ဖူမီအိုကီရှီဒါကို ရွေးချယ်

တိုကျို၊ စက်တင်ဘာ-၂၉-၂၀၂၁
မျိုးဆက် (VOM)
 
ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ အကြီးအကဲသစ်အဖြစ် ဖူမီအိုကီရှီဒါ အနိုင်ရရွေးချယ်ခံခဲ့ရပြီး သူဟာလာမယ့် ၀န်ကြီးချုပ်သစ်အဖြစ် တာ၀န်ထမ်းဆောင်ဖို့ လမ်းစပွင့်သွားပြီဖြစ်ပါတယ်။
 
သူဟာ ၀န်ကြီးချုပ်အဖြစ် တစ်နှစ်တာ၀န်ထမ်းဆောင်ပြီးနောက် အနားယူဖို့ဆုံးဖြတ်လိုက်တဲ့ ယိုရှီဟီဒီဆူဂါ ကို ဆက်ခံသွာမှာဖြစ်ပါတယ်။
 
သူ့ရဲ့ ပထမဆုံးတာ၀န်မှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို လာမယ့် အထွေထွေရွေးကောက်ပွဲမှာ အောင်ပွဲရဖို့ ဦးဆောင်ရမှာဖြစ်ပါတယ်။
 
ပြည်သူလူထုကဆန့်ကျင်ပေမယ့် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲကို တွန်းအားပေး ကျင်းပခဲ့တာကြောင့် ပါတီအပေါ် လူထုထောက်ခံမှု ကျဆင်းနေပါတယ်။
 
နိုင်ငံခြားရေး၀န်ကြီးဟောင်းဖြစ်သူ မစ္စတာကီရှီဒါဟာ ပါတီအကြီးအကဲနေရာအတွက် အနိုင်ရမယ်လို့ တစ်ပေးခြင်းခံထားရတဲ့ တာရိုကိုနိုကို ပါတီရဲ့ရွေးချယ်မှုမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
 
Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW