စက်တင်ဘာ ၈ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ၊ ခန္တီးမြို့နယ် ၊ နန်စီပွန်ဒေသ မှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ပျောက်ဆုံးနေတဲ့အတွက် မနေ့ စက်တင်ဘာ ၇ ရက်က အမှုဖွင့်အရေးယူထားတယ်လို့ ခန္တီး ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။ ” နန်စီပွန်ဒေသမှာ လုံခြုံရေးကျနေတဲ့ အမှတ် ၁၆ ရဲတပ်ရင်း ရှေ့တန်းစခန်းက ရဲတပ်သား တစ်ယောက်ဟာ ကင်းတာဝန်ကျနေတဲ့အချိန် သူ့ထုတ်ပေးထားတဲ့ သေနတ် ၊ ကျည်ဆံ၊ ကျည်အိမ် အဲ့ဒါတွေယူပြီး ထွက်ပြေးသွားလို့ ပျောက်နေတာပါ ” လို့ နန်စီပွန်ဒေသ ကျောက်မျက်တူးဖော်ရေး လုံခြုံရေးအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။ ဒါ့အပြင် ရွှေပြည်သာ ရဲကင်းစခန်းနဲ့ နီးစပ်သူ တစ်ယောက်က” ဗိုလ်လေး…
Read MoreMonth: September 2021
ရန်ကုန်မြို့က မြို့နယ်အတော်များများမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး လူနှစ်ဦး ဖမ်းဆီးခံရ
ရန်ကုန်၊စက်တင်ဘာ၊ ၈-၂၀၂၁ KK(VOM) ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အေးရှားဝါးလ်ဆိပ်ကမ်းမှာ ဒီကနေ့ မနက် ၈နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ ဆိပ်ကမ်းမှာအလုပ်လုပ်နေသူတစ်ဦးက ပြောပါတယ်။ မြောက်ဥက္ကလာပမြို့နယ်မှာလည်း မနေ့ စက်တင်ဘာ ၇ရက် မနက်ပိုင်းကနေ ညပိုင်းအချိန်ထိ ဋရပ်ကွက်၊၂ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၊ဃရပ်ကွက်၊မြောက်ဥက္ကလာပဆေးရုံတို့မှာ ဗုံးသုံးကြိမ်ပေါက်ကွဲခဲ့ပြီး လူနှစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဋရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ “မနေ့ည ၆နာရီက သုန္နာလမ်းက ဗုံးပေါက်ကွဲမှုမှာ ဆိုင်ကယ်နဲ့လူနှစ်ဦးဖမ်းခံရတယ် ၊ မသင်္ကာဘူးဆိုပြီး စစ်တပ်နဲ့ရဲတွေက ဖမ်းသွားတာပါ”လို့ သူကရှင်းပြပါတယ်။ တွံတေးမြို့နယ်၊ ရွှေဆံတော်ရပ်ကွက်၊ ရွှေဆံတော် (၅) လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုလည်း မနေ့ည ၇နာရီက လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အလားတူပင် မနေ့ည ၈နာရီက သာကေတမြို့နယ်၊၂/တောင်ရပ်ကွက်၊မြင်တော်သာလမ်းနဲ့ ဇောတရုံလမ်းထောင့်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ၂/တောင်ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။…
Read Moreပေါင်းတည်က ရာအိမ်မှူးအိမ် ဗုံးပေါက်ပြီး ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ
စက်တင်ဘာ ၈-၂၀၂၁ CKC (VOM) ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ကံငယ်အုပ်စု၊ ကံငယ်ရွာမှာ မနေ့ စက်တင်ဘာ ၇ရက်နေ့ ညပိုင်းက ရာအိမ်မှူးနေအိမ်ထဲကို ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် လူ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကံငယ်ရွာဒေသခံတွေဆီက သိရပါတယ်။ ” ည က ဆွေမျိုးတွေ ၊မိသားစုတွေ TV ကြည့်နေချိန် နေအိမ်ပြတင်းပေါက်ကနေ အပေါက်ခံရပြီး ပေါက်ကွဲတယ်။ တဦးက နေရာမှာပဲ ပွဲချင်းပြီး သေတယ်။ ၆ ဦး ဆေးရုံရောက်တယ်။ ဆေးရုံမှာ နောက်ထပ်တစ်ဦးထပ်သေတယ်”လို့ ဒေသခံကပြောပြပါတယ်။ သေဆုံးသွားသူ ၂ ဦးဟာ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပြီး ဘယ်သူတွေလာရောက်ပစ်ခတ်သွားတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ လက်ရှိမှာတော့ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ရာအိမ်မှူး အပါအဝင် ဒဏ်ရာရသူတွေကို ပေါင်းတည်ပြည်သူ့ဆေးရုံမှာ…
Read Moreမန္တလေး ဒုမြို့တော်ဝန် ကွယ်လွန်
မန္တလေး၊ စက်တင်ဘာ ၈-၂၀၂၁ Voice Of Myanmar မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်ဖြစ်သူ ဦးစောဟန်ဟာ ဒီကနေ့မနက်ပိုင်းက ဦးနှောက်သွေးကြောပေါက်ရောဂါနဲ့ သေဆုံးသွားပြီဖြစ်တယ်လို့ နီးစပ်သူအသိုင်းအဝိုင်းက အတည်ပြုပြောပါတယ်။ “ဟုတယ် မနက် ၆နာရီခွဲလောက်က ဆုံးတာပါ၊ ဦးနှောက်ထဲ သွေးရောက်ပြီး ဆုံးသွားတာလို့သိပါတယ်။”လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းခန့်ကတည်းက နေမကောင်းဖြစ်လို့ မန္တလေးမြို့က မင်္ဂလာဆေးရုံမှာ ဆေးကုသမှုခံယူနေရတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ အဲ့ဒီဆေးရုံမှာပဲ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဦးစောဟန်ဟာ နစကကောင်စီရဲ့မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်ဖွဲ့စည်းရာမှာ ပြန်လည်ပါဝင်ခဲ့ပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့က ဒုမြို့တော်ဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။ NLDပါတီ အစိုးရအဖြစ်အုပ်ချုပ်စဉ်ကာလတုန်းကလည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။ Photo-SawHan (FB) #voiceofmyanmar #VOM #မန္တလေး #ဒုမြို့တော်ဝန် #ကွယ်လွန်
Read Moreဒီးမော့ဆိုရဲစခန်းကို ကရင်နီတပ် နဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်ခဲ့ပေမယ့် သိမ်းနိုင်ခဲ့ခြင်းမရှိသေးဘူးလို့ သိရ
စက်တင်ဘာ ၈-၂၀၂၁ CKC(VOM) ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်ရဲစခန်းကို မနေ့ စက်တင်ဘာ ၇ရက်နေ့ညပိုင်းက ကရင်နီတပ်မတော်၊ KNDF နဲ့ မဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ” ဟုတ်ပါတယ်။စခန်းကိုတော့ မသိမ်းနိုင်သေးဘူးလို့သိရပါတယ်၊ အသေးစိတ်ကို Kndf page ရဲ့ကြေညာချက်ကို စောင့်ကြည့်ပေးပါ၊ အခုတော့ငြိမ်နေပါတယ်။ ” လို့ တိုက်ပွဲအခြေအနေအပေါ်မေးမြန်းမှုကို ည ၁၀ နာရီဝန်းကျင်မှာ KNDF ဘက်က ပြောထားပါတယ်။ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ တိုက်ပွဲကပြင်းထန်ခဲ့ပြီး ထိခိုက်ကျဆုံးမှု အခြေအနေတွေကို မသိရသေးဘူးလို့ KNDF ဘက်ကပြောဆိုပြီး ၊ န.စ.က ဘက်ကိုမေးမြန်းရာမှာတော့ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီးမော့ဆိုရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ” ညက ၆ နာရီခွဲလောက်ကစတယ်။ အကြီးနဲ့ဘေးပတ်လည်ကနေ လာပစ်တယ် ၊…
Read Moreနတ်မောက်နဲ့ မြို့သစ်မြို့တို့မှာ ဗုံးပေါက်မှုတွေဖြစ်ပွားခဲ့
စက်တင်ဘာ ၇-၂၀၂၁ CKC(VOM) မကွေးတိုင်းထဲက မြို့သစ်မြို့နဲ့ နတ်မောက်မြို့မှာ ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နတ်မောက်မြို့မှာ မနက် ၄ နာရီကျော်ခန့်က မြန်မာ့စီးပွားရေးဘဏ်ရှေ့လုံခြုံရေးရယူနေတဲ့ စစ်သားတွေ ဗုံးခွဲခံရတာဖြစ်ပြီး၊ နတ်မောက်မြို့နယ်ထဲက ကုလားရှင်ကျေးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး နေအိမ်မှာလည်း ဗုံးပေါက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မြို့သစ်မြို့၊ ညောင်ကုန်းကျေးရွာအနီးမှာရှိတဲ့ စစ်တပ်ပိုင် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁၇ကို ဆက်သွယ်ထားတဲ့ ကေဘယ်တိုင် (၂)တိုင်လည်း ဗုံးခွဲခံခဲ့ရတယ်လို့ သိရပါတယ်။ ” ကျနော်တို့မြို့သစ်ဗုံးပေါက်မှုကတော့ တာဝါတိုင်တွေကတော့ အကုန်ပျက်စီးသွားတယ်သိရတယ်။ နောက်ပြီး နတ်မောက်မှာလည်း စီးပွားရေးဘဏ်အရှေ့စောင့်နေတဲ့ စစ်သားတွေနေရာမှာ ဗုံးပါက်တယ်သိရတယ် ။ပေါက်ကွဲမှုဖြစ်ပြီးတော့ စစ်တပ်က အဲ့ဒီနေရာကိုစစ်ဆေးမှုတွေလုပ်ကြတယ်”လို့ မြို့သစ်ဒေသခံတစ်ဦးက ပြောပြပါတယ် ။ နတ်မောက်မြို့မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာသူ ရှိ၊မရှိဆိုတာကိုတော့…
Read Moreမြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာသုံးသန်း တောင်ကိုရီးယားပေးမယ်
ဆိုးလ်၊ စက်တင်ဘာ-၇-၂၀၂၁ မျိုးဆက် (VOM) ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုနဲ့အတူ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အနေနဲ့ ဒေါ်လာ သုံးသန်းပေးမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး၀န်ကြီးဌာနက စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီကူညီထောက်ပံ့မှုတွေကို တိုက်ရိုက်ပွင့်လင်းမြင်သာစွာနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလမှာ နိုင်ငံရေးအပြောင်းလဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားနေစဉ်မှာ တောင်ကိုရီးယားက အခုလိုအထောက်အပံ့ပေးဖို့ စီစဉ်တာဖြစ်ပါတယ်။ မြန်မာစစ်ဘက်ကို အရေးယူပိတ်ဆို့ထားတဲ့ နိုင်ငံတကာရဲ့ လုပ်ဆောင်မှုများနဲ့အညီ တောင်ကိုရီးယားဟာလည်း မြန်မာစစ်ဘက်ကို စစ်ပစ္စည်းတွေတင်ပို့မှုကို ရပ်ဆိုင်းထားပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီအတွေကို ဆက်လက်ပေးအပ်မယ်လို့ ပြောဆိုထားပါတယ်။ Ref:Korea Herald Photo:AFP #voiceofmyanmar #VOM #ဆိုးလ်
Read Moreဒလနဲ့ မရမ်းကုန်းမှာ ဗုံးပေါက်ပြီး စျေးရောင်းနေသူနှစ်ဦး ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊စက်တင်ဘာ ၇၊ ၂၀၂၁ KK(VOM) ရန်ကုန်တိုင်း ဒလမြို့နယ်နဲ့မရမ်းကုန်းမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ခဲ့လို့ ပြည်သူနှစ်ဦးဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်၊ (၁)ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်း၊ ဘုရင့်နောင် တံတားအောက်ယာဉ်ထိန်းရုံးမှာ ဒီကနေ့မနက် ၁၁နာရီက ဗုံးပေါက်ခဲ့ရာ ကွမ်းယာရောင်းနေသူနှစ်ဦး ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတင်ရထားတယ်လို့ ၁ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။ “တံတားအောက်မှာ ကွမ်းယာရောင်းနေတဲ့သူနှစ်ယောက်ပါ၊ ဗုံးပေါက်တဲ့အချိန် ဗုံးစထိမှန်လို့ ဆေးရုံတင်လိုက်ရတယ်”လို့ သူကပြောပါတယ်။ လက်လုပ်မိုင်းဗုံးကွဲလို့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ကိုရဲထင်ကျော်နဲ့မတီတီလှိုင်တို့ဖြစ်ပြီး လှိုင်သာယာဆေးရုံကိုပို့ဆောင်ထားရတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဒလမြို့နယ်၊ မြို့မ (၄) ရပ်ကွက်ဗိုလ်ချုပ်လမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာလည်း ဒီကနေ့မနက် ၅နာရီက ဗုံးပေါက်ခဲ့တယ်လို့ ဒလမြို့နယ်နေသူတစ်ဦးကပြောပါတယ်။ မနေ့ စက်တင်ဘာ ၆ရက် ည ၇:၃၀ ကလည်း လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ ဗဟိုလမ်းနဲ့…
Read Moreပြည်တွင်းဖြစ် ပဲ့ထိန်းဒုံးပျံသစ် တောင်ကိုးရီးယား စမ်းသပ်အောင်မြင်
ဆိုးလ်၊ စက်တင်ဘာ-၇-၂၀၂၁ မျိုးဆက် (VOM) နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားရန်မှကာကွယ်ဖို့ ရေငုပ်သင်္ဘောမှ ပစ်ခတ်နိုင်တဲ့ ပြည်တွင်းဖြစ်ပဲ့ထိန်းဒုံးပျံတစ်မျိုးကို တောင်ကိုရီးယားက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ ဒေါင်လိုက်ပစ်ခတ်နိုင်တဲ့ ပြွန်ခြောက်ခုတပ်ဆင်ထားတဲ့ တန်ချိန် ၃၀၀၀ ရှိပြည်တွင်းဖြစ် ရေငုပ်သင်္ဘောပေါ်ကနေ ပဲ့ထိန်းဒုံးပျံသစ်စမ်းသပ်မှုကို ပြီးခဲ့တဲ့သီတင်းပတ်မှာ တောင်ကိုရီးယားစစ်ဘက်က စမ်းသပ်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ကာကွယ်ရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက စက်တင်ဘာ ၇ ရက်မှာ ဖော်ပြထားပါတယ်။ အဲဒီဒုံးပျံဟာ ကီလိုမီတာ ၅၀၀ ထိ ရောက်ရှိနိုင်တဲ့ ပြည်တွင်းဖြစ် Hyunmoo-2B ဒုံးပျံအမျိုးအစားတွေထဲက မျိုးကွဲတစ်ခုဖြစ်တယ်လို့ ယုံကြည်ရပြီး နောက်ထပ်စမ်းသပ်မှုတွေ ပြုလုပ်ပြီးရင်တော့ အများအပြားထုတ်လုပ်သွားမှာဖြစ်တယ်လို့ အဲဒီသတင်းဌာနကဆိုပါတယ်။ ဒီလိုထုတ်လုပ်နိုင်ခဲ့တာကြောင့် တောင်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေပစ်ခတ်တဲ့ ပဲ့ထိန်းဒုံးပျံတွေ ထုတ်လုပ်နိုင်တဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်လာပါတယ်။ လာမယ့်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်တောင်းခံရာရာမှာလည်း ကာကွယ်ရေးနည်းပညာနဲ့ သုတေသနလုပ်ငန်းတွေအတွက်…
Read Moreတောင်တွင်းကြီးမြို့နယ် ၁၀၃ခြေမြန်တပ်ရင်းအနီး ဗုံးပေါက်
စက်တင်ဘာ ၇-၂၀၂၁ KK(VOM) တောင်တွင်းမြို့နယ် တပ်မ(၈၈)လက်အောက်ခံ၊ အမှတ် ၁၀၃ ခြေမြန်တပ်ရင်အနီးမှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ အမှတ် ၁၀၃ခြေမြန်တပ်ရင်း ဒီကနေ့ ဗုံးပေါက်ကွဲမှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဇူလိုင် ၂၆ရက်ကလည်း တပ်ရဲ့အဝင်ဂိတ်မှာ ဗုံးပေါက်ခဲ့ဖူးတယ်လို့ တပ်ရင်းအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။ “မနက်ပိုင်းက ဖြစ်တာပါ အသံတော့ကြားတယ် အကျယ်ကြီးပဲ၊ တောင်တွင်းကြီးမှာ ဗုံးက ခဏခဏပေါက်နေတာ၊ ၁၀၃တပ်ဆိုနှစ်ခါရှိပြီ သေတယ်လို့တော့မကြားဘူး”လို့ သူက ပြောပါတယ်။ တောင်တွင်းကြီးမြို့နယ်၊ အမှတ်၁၀၃ ခြေမြန်တပ်ရင်းအနီး ဗုံးပေါက်ကွဲခဲ့တာမှန်ပေမယ့် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ပတ်သက်ပြီး VOMအနေနဲ့ ဆက်လက်စုံစမ်းနေပြီး သီခြားအတည်ပြုလို့မရသေးပါဘူး။ တောင်တွင်းကြီးမြို့နယ်ဟာ မေလကုန်ကစပြီး ဌာနဆိုင်ရာရုံးတွေ၊ မြို့စောင့်တပ်တွေ၊ ရဲဝန်ထမ်းအိမ်ယာတွေနဲ့ အုပ်ချုပ်ရေးမှူးနေအိမ်တွေမှာ ဗုံးပေါက်ခဲ့တာ ၁၀ကြိမ်ကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ VOMသတင်းဌာနက ပြုစုထားသောအချက်အလက်တွေအရ တောင်တွင်းကြီးမြို့နယ်ရဲ့…
Read More