စက်တင်ဘာ ၇ -၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ၊ မုဌောကျေးရွာအုပ်စု ၊ မုဌောကျေးရွာက ဘုန်းကြီး ၁ ပါး အပါအဝင် လူ ၅ ယောက်ဟာ မနေ့ စက်တင်ဘာ ၆ ရက် ညနေပိုင်းက မုံရွာမြို့ကနေ ဆေးကုပြီး ရွာကိုပြန်တဲ့လမ်းမှာ အမည်မသိ လက်နက်ကိုင်ထားသူတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကနီမြို့ခံရဲ့ ပြောပြချက်အရ သိရပါတယ်။ ” မုံရွာက ဆေးကုပြန်လာတဲ့ ဘုန်းကြီးကားပေါ်က ဘုန်းကြီးနဲ့ လူတွေကို ကနီမြို့နယ်၊ ချောင်းမကျေးရွာအုပ်စု သင့်ဝင်ရွာအနီး၊ ချောင်းမ-ကနီ ကားလမ်းနေရာမှာ မျက်နှာဖုံး mask တွေတပ်ထားပြီး လက်နက်တွေကိုင်ထားတဲ့ လူတွေက ဖမ်းခေါ်သွားတာ “လို့ ဇီးခြံလုပ်သားတစ်ယောက်က ပြောပါတယ်။ ဒါ့အပြင် မုဌောရွာခံ တစ်ယောက်က “ဥ္ပဇင်း ဥူးကေလာ၊…
Read MoreMonth: September 2021
ဒီပဲယင်းနယ်မှာ ဒုရဲအုပ်ရဲ့ မိဘ ၂ယောက်လုံးဓားခုတ်ခံရလို့ သေဆုံး
စက်တင်ဘာ ၊ ၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ၊ ညောင်လှကျေးရွာမှာ မနေ့ စက်တင်ဘာ ၆ ရက် မနက်အစောပိုင်းက ဒုရဲအုပ်၁ ဦးရဲ့ မိဘ ၂ ပါးကို အမည်မသိ လူတစုက နေအိမ်ထဲဝင်ပြီး ဓားနဲ့ ဝိုင်းခုတ်တဲ့အတွက် ၂ယေညက်စလုံး သေသွားတယ်လို့ ဒီပဲယင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” ဗိုလ်လေး ချမ်းမြေ့သူရဲ့ အဖေနဲ့ မိထွေး ၂ ယောက်စလုံး အသတ်ခံလိုက်ရတာ ” လို့ ဒီပဲယင်း ဒေသခံ တစ်ယောက်က ပြောပါတယ်။ ပဲခူးတိုင်း တောင်ငူမြို့ နယ်မြေရဲစခန်းမှာ အလုပ်သင် တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲအုပ် ချမ်းမြေ့သူရဲ မိဘ နှစ်ပါးဖြစ်တဲ့ ဦးခင်မောင်အေး…
Read Moreမိုးညှင်းနယ် နန်းမားမှာ ပစ်ခတ်မှုတွေဖြစ်လို့ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် အပါအဝင် လူ ၂ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ
စက်တင်ဘာ ၊ ၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ် ၊ နန်းမားမြို့ ၊ ညောင်ပင်သာရပ်ကွက် ၊ မိုးညှင်း နန်မား ကားလမ်းဘေးရှိ နေအိမ်တခုမှာ မနေ့ စက်တင်ဘာ ၆ ရက် ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားရာ ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် အပါအဝင် လူ ၂ ဦး သေ ဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ နန်းမား ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” ပြည်သူ့စစ် ကိုထွန်းထွန်း ရဲ့နေအိမ်မှာ မနေ့က ညနေ ၄ နာရီဝန်းကျင်လောက်က ပစ်ခတ်ခံရတာပါ ၊ ကိုထွန်းထွန်းရဲ့ အိမ်ကို ရောက်နေတဲ့ ပြည်သူ့စစ်ခေါင်ဆောင် ဦးချစ်ကိုနဲ့ အိမ်ရှင် ကိုထွန်းထွန်းက သေတယ် ၊…
Read Moreရေစကြိုက လျှပ်စစ်ဝန်ထမ်း ၃ ဦး လုပ်ငန်းခွင်မှာ အသတ်ခံရ
စက်တင်ဘာ ၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ၊ ရွှေလှံ ကျေးရွာနဲ့ ဆင်ခြေရာ ကျေးရွာကြားမှာ မနေ့ စက်တင်ဘာ ၆ ရက် ညနေပိုင်းက ရေစကြိုက လျှပ်စစ်ဝန်ထမ်း ၃ ဦး သတ်ဖြတ်ခံထားရတာကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” ရေစကြို EPC ရုံးက မီတာဖတ် စာရေး ၃ ယောက်သတ်ခံထားရတာဖြစ်တယ် ၊ အဲ့ဒီ သေဆုံးနေတဲ့ ၃ ယောက်ထဲက ၁ ယောက်တော့ သိတယ် ၊ သူက ကိုကျော်ကို ဖြစ်တယ် ၊ ဆန္ဒပြပွဲတွေမှာ သူက အမြဲပါတတ်တော့ သိနေတယ် ၊ ကျန်တဲ့ လူ ၂ ယောက်ကိုတော့…
Read Moreပြည်မြို့မှာ နေ့လယ်ကဖမ်းဆီးခံရသူတွေထဲက အမျိုးသားတစ်ဦး သေဆုံးသွား
ပြည်၊ စက်တင်ဘာ ၆-၂၀၂၁ CKC(VOM) ပြည်မြို့မှာ ဒီနေ့ စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခံလိုက်ရတဲ့ ကိုဇော်လင်းထက်ဆိုသူဟာ ပြည်မြို့ ကုတင် ၁၀၀ တပ်မတော်ဆေးရုံမှာ သေဆုံးသွားပြီဖြစ်တယ်လို့ အဲ့ဒီရပ်ကွက်နေ ပြည်သူတွေဆီကသိရပါတယ်။ နေ့လယ် ၃ နာရီကျော်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ရုံးလမ်း ၊ကျောင်းကြီးအိုးတန်းရပ်ကွက်က ညီအစ်ကိုနှစ်ဦးထဲက အကြီးဖြစ်သူ ကိုဇော်လင်းထက် အသက် ၃၀ နှစ်သေဆုံးခြင်းဖြစ်တယ်လို့ သိရပါတယ်။ “သူ့တို့ အဖေကြီး ငိုနေတာ အကျယ်ကြီးပဲ ၊ ဖုန်းဆက်တယ်တဲ့ သေပီဆိုပြီး အဲ့ဒီလိုကြားတယ်၊ အဖေကြီးက အကျယ်ကြီး အော်ငိုနေတာ၊ သားရယ် သားရယ် အဖေ ဘယ်လို ဖြေဆည်ရမှာလဲဆိုပြီး ငိုနေတာ ၊အဖေကြီးငိုတော့ လမ်းထဲက လူအကုန် ထွက်ကြည့်ကြတာ၊ ငိုတာ အကြာကြီးနဲ့ အသံအကျယ်ကြီး တလမ်းလုံး ကြားရတယ်၊ အကြီးကောင်လို့ကြားတယ် “လို့…
Read Moreဖောင်းဆိုင် ကချင်ရွာမှာ အရပ်သားတစ်ဦး လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာရ
စက်တင်ဘာ ၆၊ ၂၀၂၁ Shy V ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ ဖောင်းဆိုင်အုပ်စု၊ ဖောင်းဆိုင် ကချင်ကျေးရွာအတွင်းမှာ မနေ့ စက်တင်ဘာ ၆ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတစ်ဦး ထိမှန်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ အမြှောက်ကျည် ကျလာတာ။ အမျိုးသားတစ်ယောက် လက်ထိသွားတယ်။ အသက် ၃၄ နှစ်အရွယ် ဦးတီခေါင်ဒေါင် (T. Hkawng Dau)။ တခြားထိတာတော့ မရှိဘူး၊ သံလွင်မြစ်အရှေ့ဖက်ခြမ်းကနေ ပစ်ခတ်လိုက်တာဖြစ်တယ် ” လို့ ရွာခံတစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၃ ရက် တစ်နေ့ထဲ နစကတပ်ဘက်ကနေ MNDAA တပ်စခန်းရှိရာကို လက်နက်ကြီးနဲ့ အကြိမ်ရေများစွာ ပစ်ခတ်ခဲ့ပြီး ညနေ ၁၅ နာရီ ၂၀ မိနစ်ခန့်မှာ လက်နက်ကြီးပစ်ကူယူပြီး ခြေလျင်တပ်နဲ့ နှစ်ကြိမ် ထိုးစစ်ဆင်…
Read Moreမန္တလေးမြို့ ၆၂လမ်းမပေါ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရဲတစ်ဦးပြင်းထန်ဒဏ်ရာရ
မန္တလေး၊ စက်တင်ဘာ ၆-၂၀၂၁ Ko Hik(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂လမ်းနဲ့ ၄၃လမ်းထောင့်မှာ ဒီကနေ့ညနေပိုင်းက ဗုံးပေါက်ကွဲဖြစ်ပွားခဲ့ပြီး ရဲတပ်သား(၁)ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ” ထိတာက ရဲတပ်သား၊ ဘယ်ခြေထောက် ပေါင်ရင်းကနေ ကြေမွသွားတဲ့ ဒဏ်ရာရတယ်၊ ခုတော့ ဖြစ်တဲ့နေရာကို စစ်ဆေးနေတယ်”လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ လှည့်ကင်းလှည့်တဲ့ ရဲတွေရောက်ရှိနေချိန် ဆိုင်ကယ်နဲ့အမျိုးသား(၁)ဦးက လက်လုပ်ဗုံးနဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လမ်းသွားလမ်းလာပြည်သူတစ်ဦးကလည်း “အဲ့ဒီနေရာမှာ စစ်သားရော ရဲတွေရော စစ်နေတာ၊ တချို့ရဲတွေက ဆိုင်ကယ်တွေနဲ့ ပတ်နေတာ”လို့ ပြောပါတယ်။ ဗုံးထိသွားတဲ့ ရဲတပ်သားကို တပ်ဆေးရုံပို့ထားတယ်လို့ သိရပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ စစ်တပ်က လာရောက် စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ…
Read Moreပြည်မြို့က ဗုံးပေါက်မှုမှာ စစ်သား ၄ ဦး ဒဏ်ရာရပြီး ၂ဦးစိုးရိမ်ရ ၊ အမျိုးသား ၅ ဦးဖမ်းဆီးခံရ
စက်တင်ဘာ ၆-၂၀၂၁ CKC(VOM) ပြည်မြို့မှာ ဒီကနေ့ နေ့လယ်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်အတွင်း စစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ပြည်မြို့ဒေသခံက ပြောပြပါတယ် ။ ပြည်မြို့တော်ခန်းမရှေ့မှာပေါက်တဲ့ ဒုတိယမြောက် ဗုံးပေါက်ကွဲမှုမှာ စစ်သားတချို့ ဒဏ်ရာရခဲ့တာဖြစ်ကြောင်း ၊ အဲ့ဒီပေါက်ကွဲမှုတွေအပြီးမှာ မြို့ခံအမျိုးသား ၅ ဦးကို စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေကပြောပါတယ်။ ” စစ်သား ၄ ဦးထိတယ် ၊၂ဦးကတော့အခြေအနေမကောင်းဘူးလို့ ကြားတယ်။ နောက်ထပ်ပေါက်တဲ့ဗုံးပေါက်မှုမှာ ထိတာလို့သိရတယ်။ အခုဒဏ်ရာရသူတွေကို ဆေးရုံမှာကုနေတယ်ကြားတယ် ။ ပန်းခြံအရှေ့ ဆိုင်ကယ်စီးတဲ့ ၂ ယောက်ကိုလည်း မသင်္ကာလို့ဆိုပြီး ခေါ်သွားတာတွေ့တယ်။ အခုမြို့ထဲမှာတော့ တောက်လျှောက် စစ်သားတွေရှိတယ်။ မြို့ထဲလမ်းမပေါ် သွားလာသူမရှိတော့ဘူး။ “လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ ဖမ်းဆီးခံလိုက်ရသူတွေထဲမှာ…
Read Moreရန်ဖြစ်နေတာကို ဝင်ဖျန်ဖြေပေးတဲ့ ယာဥ်ထိန်းရဲ သေနတ်နဲ့ပစ်ခံရလို့ သေဆုံး
စက်တင်ဘာ ၆ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့မှာ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်အချင်းချင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားလို့ မနေ့ စက်တင်ဘာ ၅ ရက် ညပိုင်းက ယာဥ်ထိန်းရဲတစ်ဦး ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ လောက်ကိုင်မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ” မနေ့ညက တပ်ဖွဲ့စုရုံးဝန်းထဲမှာ ယာဥ်ထိန်းရဲ အချင်းချင်း စကားများရန်ဖြစ်နေတာကို ကိုလှမင်းအောင်က ကြားဝင်ဖျန်ဖြေပေးတာ ၊ အဲ့ဒါကို ကျေနပ်မှုမရှိလို့ ယာဥ်ထိန်းရဲ ကုလားကြီး ( လောက်ကိုင် ဒေသအခေါ် နာမည်ပြောင်)က သေနတ်နဲ့ ကိုလှမင်းမောင်ကို ၁ ချက်ပစ်လိုက်တာ၊ အဲ့ဒါကြောင့် ကိုလှမင်းအောင် ကျည်ထိပြီး သေသွားတာ ” လို့ လောက်ကိုင်ဒေသခံ တစ်ဦးကပြောပါတယ် ။ သေဆုံးသူ ကိုလှမင်းအောင် အသက် ၄၀ နှစ်ရဲ့ ရုပ်အလောင်းကို ကရုဏာဟဒယလူမှုကူညီရေး…
Read Moreအမျိုးသားရေးဆရာတော်ဦးဝီရသူ အမှုရုပ်သိမ်းလို့ လွတ်မြောက်လာ
စက်တင်ဘာ ၆-၂၀၂၁ KK(VOM) နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၁၂၄(က)နဲ့တရားစွဲဆိုခံထားရတဲ့ အမျိုးသားရေးဆရာတော်ဦးဝီရသူကို တရားရုံးကနေ အမှုရုပ်သိမ်းပေးပြီးနောက် ဒီကနေ့ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ အမည်မဖော်လိုသူရဲတစ်ဦးက VOM ကိုပြောပါတယ်။ “သူကိုစွဲထားတဲ့အမှုကို ရုပ်သိမ်းလိုက်ပြီဆိုတော့ ဒီကနေ့ညနေမှာပြန်လွှတ်လိုက်ပါပြီ၊ ကျန်တာတော့ မသိပါဘူး”လို့ သူကရှင်းပြပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂ရက်က ကိုဗစ် ၁၉ကူးစက်ခံထားရတဲ့အတွက် မင်းဓမ္မMCC ကိုဗစ်စင်တာကို ပို့ဆောင်ကုသပေးနေပေမယ့် ဒီကနေ့နေ့ ပြန်လွှတ်လာချိန်မှာတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ အမျိုးသားရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။ “ဆရာတော်က အပြင်ရောက်နေပါပြီ၊ ကျန်းမာရေးလည်း ကောင်းမွန်တယ်၊ ဒီကနေ့ညနေမှာ ပြန်လွှတ်လာတာပါ”သူကအတည်ပြုပြောဆိုပါတယ်။ ဆရာတော်ဦးဝီရသူဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလ ပိုင်းက နိုင်ငံတော်အကြီးအကဲတွေနဲ့ တာဝန်ရှိသူတွေကို မဖွယ်မရာစကားလုံးတွေပြောဆိုခြင်းကြောင့် အနောက်ပိုင်းခရိုင် ဒု-အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ပုဒ်မ ၁၂၄(က)နဲ့တရားစွဲဆိုခဲ့ပြီး ၂၀၂၀ခုနှစ် နိုဝင်ဘာ ၂ရက်နေ့က ဒဂုံမြို့နယ်ရဲစခန်းမှာ…
Read More