ပုလဲ-ဂန့်ဂေါ-ကလေး ကားလမ်းမှာ မိုင်းပေါက်ကွဲလို့ ခရီးသည်တင်ကား ထိခိုက်မိပြီး လူ ၁ ဦး ဒဏ်ရာရ

စက်တင်ဘာ ၆ -၂၀၂၁ ရွှေဘုန်းမြတ်စံ ( VOM)   စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့အနောက်ဘက် သပြေကုန်းရွာနဲ့ ဦးနှောက်ရွာအကြား မယ်ဇလီတန်းနေရာ မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေး ကားလမ်းပေါ်မှာ ဒီကနေ့ ညနေပိုင်း ၂ နာရီ ၄၅ မိနစ် ဝန်းကျင်က လမ်းဘေးထောင်ထားတဲ့ မိုင်းတွေကို ခရီးသည်တင်ကားတစ်စီးက နင်းမိပြီး ပေါက်ကွဲတာကြောင့် ကားပေါ်ပါ လူ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။   ” ပေါက်ကွဲသံတွေတော့ ဒီညနေ ၃ နာရီလောက်က ကြားလိုက်ရတယ် ၊ ကားလမ်းဘက်ကဆိုတော့ တိုက်ပွဲဖြစ်တယ်ထင်ပြီး ရွာကလူတွေ အကုန်လုံး နီးစပ်ရာကို ပြေးကြတာ၊ နောက်မှ မှန်လုံကားက မိုင်းနင်းမိတယ်ဆိုတာ သိရတာ ” လို့ သပြေကုန်းရွာခံတစ်ယောက်က ပြောပါတယ်။   မိုင်းပေါက်ကွဲတဲ့ ကိစ္စနဲ့ပတ်သက်လို့…

Read More

ပြည်မြို့မှာ ကာကွယ်ဆေးထိုးနေတဲ့ ခန်းမရှေ့ ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်

စက်တင်ဘာ ၆-၂၀၂၁ CKC(VOM)   ပြည်မြို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတဲ့ မြို့တော်ခန်းမရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပစ်ခတ်မှုတွေလည်းဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေ ပြောပြချက်အရသိရပါတယ်။   ဒီကနေ့ နေ့လယ်၂ နာရီကျော်လောက်မှာ အမည်မသိအမျိုးသားနှစ်ဦးက ပြည်မြို့၊ မူယာပင်ပန်းခြံ ၊မြို့တော်ခန်းမအရှေ့မှာ စောင့်နေတဲ့ စစ်သားနဲ့ရဲတွေကို သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ ၃ နာရီကျော်လောက်မှာလည်း ပန်းခြံအရှေ့က စစ်ကားကို ဗုံးခွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။   ” ပထမတခါက ဆိုင်ကယ်နဲ့ကောင်လေးနှစ်ယောက်က လာပစ်တာ၊ပန်းခြံရှေ့စောင့်နေတဲ့ စစ်သားနဲ့ရဲတွေကိုလာပစ်တာ။ ဗုံးလည်းပေါက်တယ် ။သေနတ်ပစ်သံတွေဆက်တိုက်ကြားရတယ်။ အဲ့ဒါပြီးတော့ ၃ နာရီကျော်လောက်မှာ ဗုံးထပ်ပေါက်တယ်။ ဆိုင်ကယ်နဲ့ပဲလာပြီး ထပ်ပစ်တာလို့သိရတယ်။စစ်ကားကိုပစ်တာ ။ မထိဘူးလို့တော့ကြားတယ် ။တရပ်ကွက်လုံး အိမ်ထဲတံခါးပိတ်နေရတယ်။ သေနတ်ပစ်တာတွေဆက်တိုက်ပဲ ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။   ဒုတိယအကြိမ်ပေါက်တဲ့ ဗုံးကြောင့် အစောင့်ကျနေသူတွေ ထိခိုက်မှုရှိတယ်လို့သိရပေမယ့် VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။   ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ပြီးနောက်မှာတော့…

Read More

အိန္ဒိယရဲ့ စိုက်ပျိုးရေးဥပဒေအပေါ် လယ်သမားတွေရဲ့ဆန္ဒပြမှု တကျော့ပြန်ဖြစ်ပွားနေ

ဒေလီ၊ စက်တင်ဘာ-၆-၂၀၂၁ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံမှာ ပြဌာန်းလိုက်တဲ့ စိုက်ပျိုးရေးဥပဒေသစ်အပေါ် ဆန့်ကျင်ဆန္ဒပြဖို့အတွက် ဥတာပရာဒေ့ရ်ှပြည်နယ်မှာ လယ်သမားသောင်းပေါင်းများစွာဟာ စက်တင်ဘာ ၅ ရက်မှာ စုဝေးခဲ့ကြပါတယ်။   ဆန္ဒပြလယ်သမားအရေအတွက်ဟာ သန်းတစ်၀က်ရှိတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောဆိုထားပြီး သတင်းဌာနတွေကတော့ ဆန္ဒပြသူနဲ့ ထောက်ခံသူဦးရေ ငါးသောင်းထက်မနည်းရှိတယ်လို့ ပြောပါတယ်။   အငြင်းပွားဖွယ် စိုက်ပျိုးရေးဥပဒေသစ်ကို ပြည်နယ်အာဏာပိုင်တွေက ဖျက်သိမ်းပေးဖို့ ဆန္ဒပြလယ်သမားတွေ က လိုလားနေကြပြီး အခုဆန္ဒပြပွဲဟာ လွန်ခဲ့တဲ့နှစ် နို၀င်ဘာလမှာ ကန့်ကွက်မှုတွေ စတင်လုပ်ဆောင်ကတည်းက အကြီးဆုံးဆန္ဒပြပွဲဖြစ်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။   လယ်သမားတွေအတွက် သူတို့ရဲ့ထုတ်ကုန်တွေကို ရောင်းချနိုင်မယ့် စည်းမျဉ်းတွေကို ဖြေလျှော့ပေးထားတဲ့ အဲဒီဥပဒေကြောင့် လယ်သမားတွေပိုမိုလွတ်လပ်စွာ ရောင်း၀ယ်ဖောက်ကားနိုင်မယ်လို့ အိန္ဒိယအစိုးရက ပြောဆိုထားပါတယ်။   အဲဒီဥပဒေနဲ့ပတ်သက်ပြီး စက်တင်ဘာ ၂၇ ရက်မှာ နိုင်ငံတစ်၀န်း ဆန္ဒပြမှုတွေလုပ်ကြဖို့ ဆန္ဒပြလယ်သမားတွေက…

Read More

ကောလင်းမြို့နယ်မှာ စစ်မှုထမ်းဟောင်း ၁ ဦး အပါအဝင် တစ်ရက်ထဲ လူ ၄ ဦး အသတ်ခံရ

စက်တင်ဘာ ၊ ၆ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ၊ ကောလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ မနေ့ စက်တင်ဘာ ၅ ရက်နေ့ တစ်ရက်ထဲမှာပဲ လူ ၄ ယောက် အသတ်ခံရတယ်လို့ ကောလင်းဒေခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။   ” မနေ့ (စက်တင်ဘာ ၅)က ကောလင်းနယ်ထဲက ခံသာရွာသား ကိုဖိုးလွင် ၊ မုတ်ဝရွာက စစ်မှုထမ်းဟောင်း ကိုမြသောင်း ၊ ချပ်ကုန်းရွာက ကိုမြင့်အောင်နဲ့ သူ့ရဲ့သား ကိုရှိုင်း ခေါ် ငရှိုင်း အဲ့ဒီ လူ ၄ ယောက် သတ်ခံရတယ်လို့ ကြားတာပါ ” လို့ ကောလင်းမြို့ခံတစ်ယောက်က ပြောပါတယ်။   အဲ့ဒီ လူသတ်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ကောလင်းမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာနေထိုင်တဲ့ ဒေသခံတစ်ယောက်က…

Read More

မုံးကိုးက စစ်ဘေးဒုက္ခသည်တွေ ကြမ်းခင်း အခက်အခဲ ဖြစ်နေ

စက်တင်ဘာ ၆-၂၀၂၁ Shy V (VOM)   မူဆယ်ခရိုင်၊ မုံးကိုးမြို့ပေါ်က စစ်ဘေးဒုက္ခသည်တွေ ကြမ်းခင်း အခက်အခဲဖြစ်နေပြီး အထပ်သားတွေအရေးပေါ် လိုအပ်နေတယ်လို့ လက်ရှိကူညီနေသူတွေဆီက သိရပါတယ်။   လက်ရှိ ကူညီနေသူတစ်ဦးက “တမံတလင်းမှာ မိုးကာပဲခင်းလို့ အခက်အခဲ ဖြစ်နေတယ်။ အောက်မှာခင်းဖို့ အထပ်သားအချပ် သုံး၊ လေးဆယ်လောက် လိုနေတယ်။” လို့ သူက ပြောပါတယ်။   စစ်ဘေးဒုက္ခသည်တွေထဲမှာ အသက် ၆၀ အထက် လူဦးရေ ၃၀ ကျော်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၁၀ ဦး၊ ၁၂ နှစ်အောက်ကလေး ၁၇၀ ကျော် အပါအဝင် စုစုပေါင်း လူဦးရေ ၇၀၀ ကျော်ရှိပါတယ်။   သက်ကြီးရွယ်အို၊ ကလေး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနဲ့ နို့တိုက်မိခင်တွေလည်းပါဝင်နေတာဖြစ်ပြီး တလင်းပေါ် မိုးကာပဲခင်းအိပ်ရတာ ရက်ကြာလာတော့…

Read More

ထိုင်၀မ် လေကြောင်းရန်ကာကွယ်ရေးဇုံအတွင်းကို တရုတ်စစ်လေယာဉ် ၁၉ စင်း ၀င်ရောက်ပျံသန်း

တိုင်ပေ၊ စက်တင်ဘာ-၆-၂၀၂၁ မျိုးဆက် (VOM)   ထိုင်၀မ်လေကြောင်းရန်ကာကွယ်ရေးဇုံအတွင်းကို တရုတ်စစ်ဘက် ဂျက်တိုက်လေယာဉ်တွေ ကျူးကျော်၀င်ရောက်ခဲ့တယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။   အဲဒီလေကြောင်းကာကွယ်ရေးဇုံအတွင်းသို့ တရုတ်ဂျက်တိုက်လေယာဉ်တွေနဲ့ နျူကလီးယားဗုံးကြဲလေယာဉ်တွေအပါအ၀င် စစ်လေယာဉ် ၁၉ စင်း၀င်ရောက်ခဲ့တယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။   ရေငုပ်သင်္ဘောဖျက် လေယာဉ်တွေနဲ့ နျူကလီးယားလက်နက်တွေတင်ဆောင်နိုင်တဲ့ အိပ်ခ်ျ-၆ ဗုံးကြဲလေယာဉ်လေးစင်းအပါအ၀င် တရုတ်လေတပ်က လေယာဉ်တွေဟာ စက်တင်ဘာ ၆ ရက်မှာ လေပိုင်နက်အတွင်းသို့ ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနကပြောပါတယ်။   ထိုင်၀မ်စစ်ဘက်ဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်ခဲ့ပြီး တရုတ်လေယာဉ်တွေကို သတိပေး မောင်းထုတ်ဖို့ တိုက်လေယာဉ်တွေစေလွှတ်ခဲ့ရတယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနကပြောပါတယ်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး တရုတ်စစ်ဘက်က မှတ်ချက်ပြုပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။   ထိုင်၀မ်ကျွန်းအနီးမှာ တရုတ်စစ်ဘက်မှ လေယာဉ်တွေကြိမ်ဖန်များစွာ ၀င်ရောက်ပျံသန်းတာနဲ့ပတ်သက်ပြီး လွန်ခဲ့သည့်နှစ်ကတည်းက ထိုင်၀မ်က ကန့်ကွက်မှုများပြုလုပ်ခဲ့ပါတယ်။   တရုတ်နိုင်ငံဟာ…

Read More

ဂီနီနိုင်ငံမှာ သမ္မတကို စစ်တပ်ကဖမ်းဆီးပြီး အာဏာသိမ်းမှုဖြစ်ပွား

ကိုနာခရီ၊ စက်တင်ဘာ-၆-၂၀၂၁ မျိုးဆက် (VOM)   ဆင်းရဲတဲ့ အနောက်အာဖရိကနိုင်ငံ ဂီနီမှာ စစ်တပ်ကနေ သမ္မတကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် စက်တင်ဘာ ၅ ရက်မှာ အာဏာသိမ်းလိုက်ပြီး ညမထွက်ရအမိန့်ကိုလည်း ချမှတ်လိုက်ပါတယ်။   ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့အတွက် သမ္မတကိုဖမ်းဆီးလိုက်ပြီးနောက် အာဏာသိမ်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဂီနီစစ်ဘက်တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။   ဂီနီနိုင်ငံရဲ့ နယ်စပ်တွေနဲ့ လေကြောင်း၀င်ထွက်မှုတွေကိုလည်း ပိတ်သိမ်းထားပြီး အစိုးရကို ဖျက်သိမ်းကြောင်း သူကဆိုပါတယ်။   နိုင်ငံတစ်၀န်းမှာ နောက်ထပ်ထုတ်ပြန်ချက်တစုံတရာမရှိမခြင်း ညမထွက်ရအမိန့်ထုတ်ပြန်ကြောင်းနဲ့ စက်တင်ဘာ ၆ ရက် နံနက် ၁၁ နာရီမှာ သမ္မတကွန်ဒီရဲ့ အစိုးရအဖွဲ့မှ ၀န်ကြီးတွေနဲ့ အစည်းအဝေးပြုလုပ်မယ်လို့ အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၅ ရက်နှောင်းပိုင်းမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။   အစည်းအဝေးတက်ရောက်ဖို့ ငြင်းဆန်သူတွေကို ပုန်ကန်သူအဖြစ် သတ်မှတ်မယ်လို့လည်း ကြေညာချကမှာ ဖော်ပြထားပါတယ်။  …

Read More

ရေဦးမြို့က အုပ်ချုပ်ရေးမှူးတစ်ဦး ဓားနဲ့ခုတ်ခံရပြီး သေဆုံး

စက်တင်ဘာ ၆-၂၀၂၁ CKC(VOM)   စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ၊ ချောင်းရှည်အုပ်စုအုပ်ချုပ်ရေးမှူးကို လူတစ်စုက ဝိုင်းရိုက်ပြီး ဓားနဲ့ခုတ်ခဲ့တာကြောင့် မနေ့ စက်တင်ဘာ ၅ရက် ညနေပိုင်းက သေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ် ။   “သူက ချောင်းရှည်အုပ်စုပေါ့။အုပ်ချုပ်ရေးမှူးပေါ့။ မနေ့ကညနေ ၆ နာရီခွဲပတ်ချာလည်ပေါ့။ ရွာဘက်ကလှမ်းအကြောင်းကြားတာတော့ သူ့အိမ်ထဲကိုဝင်ပြီးရိုက်တယ် ။ရိုက်တော့ထွက်ပြေးတယ် ထွက်ပြေးတဲ့ အနေအထားမှာ နောက်ကလိုက်ပြီးတော့ မိတဲ့နေရာမှာပဲ ဓားနဲ့ခုတ်လိုက်လို့ သေသွားတယ်ကြားတယ်။အင်တိုင်းရွာနဲ့ သပြေကုန်းကြားပေါ့ ။ လျှပ်တပျက်အတွင်းဖြစ်သွားတာပေါ့။ ” လို့ သတင်းရင်းမြစ်ကပြောပြပါတယ် ။   အသတ်ခံခဲ့ရသူ ဦးသောင်းဦးဟာ အသက် ၅၀ ဝန်းကျင်အရွယ်ရှိပြီး န.စ.က လက်ထက်ခန့်အပ်ခံထားရတဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးလည်းဖြစ်တယ်လို့သိရပါတယ်။   အဲ့ဒီအုပ်ချုပ်ရေးမှူးဟာ သြဂုတ်လထဲမှာပဲ နူတ်ထွက်စာတင်ထားသူဖြစ်တယ်လို့လည်း သိရပါတယ်။   အုပ်ချုပ်ရေးမှူး အသတ်ခံရတဲ့အပေါ် မည်သည့်အဖွဲ့အစည်းက လုပ်သလဲဆိုတာ…

Read More

ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ရုံးချိန်း ထပ်မံရွှေ့ဆိုင်း

နေပြည်တော်၊ စက်တင်ဘာ ၆-၂၀၂၁ KT(VOM)   ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်နဲ့ဒေါက်တာမျိုးအောင်တို့ရုံးချိန်းကို စက်တင်ဘာ ၁၃ /၁၄ ရက်နေ့ကိုရွှေ့ဆိုင်းထားတယ်လို့ တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါတယ်။   “အမေနဲ့တွေ့ဖို့အတွက် ၃. ၉.၂၀၂၁ ရှေ့နေတွေအကုန်လုံး လက်မှတ်ဝိုင်းထိုးလိုက်ပါတယ်၊ရန်ကုန်ကရှေ့နေတွေဆီကလည်း လက်မှတ်တွေလှမ်းတောင်းပြီးတင်ပြထားပါတယ်၊ ဘာမှတော့မထူးခြားသေးပါဘူး” လို့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။   #voiceofmyanmar #VOM #နေပြည်တော် #ဒေါ်စုရုံးချိန်း

Read More

ရန်ကုန်မြို့က ယာဥ်ထိန်းရုံးနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေမှာ ဗုံးတွေတွေ့

ရန်ကုန်၊စက်တင်ဘာ ၆-၂၀၂၁ KK(VOM)   ရန်ကုန်မြို့ရှိ ဗဟန်း၊ အလုံ၊ စမ်းချောင်းနဲ့ကြည့်မြင်တိုင်မြို့နယ်တို့က ယာဥ်ထိန်းရုံးတွေနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ လက်လုပ်မိုင်းနဲ့ဗုံးတွေတွေ့ရှိလို့ စစ်တပ်နဲ့ရဲတွေက ဒီကနေ့မနက်ပိုင်းကစတင်ပြီး လိုက်လံဖယ်ရှားနေတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။   ” မြန်မာပလာဇာမီးပွိုင့်မှာ ကားပေါ်ကဆင်းလာပြီး မီးပွိုင့်ထိန်းချုပ်ခုံကို အထုတ်ချလို့ စစ်တပ်က သေနတ်နဲ့ပစ်တာ ထွက်ပြေးသွားတယ်၊ အထုတ်ကိုဖြေကြည့်တော့ လက်လုပ်မိုင်းတွေဖြစ်နေတယ်”လို့ ပလာဇာအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။   စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းပေါ် Spiritဆိုင်ရှေ့လမ်းလယ်ကျွန်းရှိ CCTV တိုင်ခြေရင်းမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်လုံးကို ဒီကနေ့မနက် ၇နာရီကတွေ့ရှိခဲ့ပြီး စစ်တပ်နဲ့ရဲတွေက လာရောက်ဖယ်ရှားခဲ့တယ်လို့ မုန့်တောင်ရပ်ကွက်နေသူတစ်ဦးက ပြောပါ တယ်။   အလုံမြို့နယ်၊ အလုံလမ်းနဲ့ပြည်လမ်းထောင့်ရှိ ယာဥ်ထိန်းရုံး ထိန်းချုပ်ခုံမှာလည်း ဒီကနေ့မနက် ၆နာရီခွဲက ဗုံးတစ်လုံးတွေ့လို့ စစ်တပ်က လာရောက်ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။   ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့သစ်ပင်အောက်မှာလည်း အထုတ်တစ်ထုတ်အတွင်းကနေ လက်လုပ်မိုင်းတစ်လုံးကိုတွေ့ရှိခဲ့တယ်လို့ ကမ်းနားလမ်းမှာနေထိုင်သူတစ်ဦးက…

Read More
VOM News

FREE
VIEW