တပ်ကြီးကျေးရွာက ဆီးမီးခွက်လုပ်ငန်း

အောက်တိုဘာ ၄ -၂၀၂၁
SA (VOM)

စစ်ကိုင်းတိုင်း၊ တပ်ကြီးကျေးရွာမှာ ရိုးရာဆီးမီးခွက်နဲ့ အလှဆင်ဆီမီးခွက်လုပ်ငန်း လုပ်ကိုင်တဲ့ အိမ်ခြေရာနဲ့ချီရှိနေပါတယ်။

ဆီမီးခွက်တွေကိုတော့ တော်သလင်းလနဲ့ သီတင်းကျွတ်လတွေမှာ အများဆုံးပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

တပ်ကြီးကျေးရွာမှာ ဆီမီးခွက်လုပ်ငန်း လုပ်ကိုင်တဲ့ အိမ်ခြေ တစ်ရာကျော်ရှိသလို တစ်ရက်ကို တစ်အိမ်မှာ ဆီမီးခွက် အရေအတွက် တစ်ထောင်ကျော် ထွက်တယ်လို့လည်း သိရပါတယ်။

တပ်ကြီးကျေးရွာက ထွက်ရှိတဲ့ ဆီမီးခွက်တွေကိုတော့ တောင်ကြီးမြို့၊ လားရှိုးမြို့၊ မြစ်ကြီးနားမြို့၊ မန္တလေးမြို့၊ သာစည်မြို့နဲ့ လှိုင်းတက်မြို့ ပဲခူးမြို့တို့ကို ဖောက်သည်ဈေးနဲ့ ပို့ဆောင်ပေးရတယ်လို့ သိရပါတယ်။

ကိုဗစ်ကာလအတွင်းမှာလည်း ဆီမီးခွက်လုပ်ငန်းကတော့ အရောင်းအဝယ် လျော့ကျသွားတာမျိုး မရှိသလို ရောင်းအားကောင်းနေဆဲပဲလို့ ဆီမီးခွက်လုပ်ငန်းလုပ်ကိုင်သူတဦးကပြောပါတယ်။

ဆေးရောင်ခြယ်သ မထားတဲ့ ဆီမီးခွက် တစ်ထောင်အရေအတွက်ပါတဲ့ ခြင်းတစ်ခြင်းကို တစ်သောင်းခွဲကျပ် ကျသင့်ပြီး ဆေးရောင်ခြယ်ထားတဲ့ ဆီမီးခွက် ခွက်ရေတစ်ထောင်ကို သုံးသောင်းခွဲကျပ်ကျတယ်လို့လည်း သိရပါတယ်။

နိုင်ငံခြားဖြစ် အလှဆင်ဆီမီးခွက်တွေပေါ်လာပေမယ့်လည်း မြန်မာ့ရိုးရာ ဆီမီးခွက်နဲ့ ပူဇော်တဲ့ရိုးရာကတော့ တိမ်ကောမသွားသေးဘူးလို့လည်း ဆီမီးခွက်လုပ်ကိုင်သူတွေက ပြောပါတယ်။

#voiceofmyanmar #VOM #တပ်ကြီး #ဆီမီးခွက်လုပ်ငန်း

Youtube Link – https://youtu.be/GHOGcsa808M

Related posts

Leave a Comment

VOM News

FREE
VIEW