မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ဆုတောင်း

ဗာတီကန်၊ အောက်တိုဘာ-၄-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာနိုင်ငံငြိမ်းချမ်းဖို့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က စိန့်ပီတာရင်ပြင်မှာ အောက်တိုဘာ ၃ ရက်ကပြုလုပ်တဲ့ ဆုတောင်းပွဲမှာ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။
 
မကြာသေးမီကာလတွေအတွင်း အဆင်မပြေမှု နာကျင်မှုတွေခံစားခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ဘုရားသခင်ထံမှ ငြိမ်းချမ်းရေးလက်ဆောင် ချီးမြှင့်ပေးဖို့ ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့ပါတယ်။
 
မြန်မာနိုင်ငံမှာနေထိုင်သူတွေရဲ့ နာကျင်မှုတွေနဲ့ သေဆုံးမှုတွေအတွက် မျက်ရည်တွေထပ်မရှိစေဖို့၊ လာမယ့်ငြိမ်းချမ်းရေးအတွက် အခက်အခဲတွေကိုကျော်လွှားပြီး အတူတကွလုပ်ဆောင်ကြဖို့ ပုပ်ရဟန်းမင်းကြီးက ဆုတောင်းခဲ့ပါတယ်။
 
၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံကိုလာရောက်ဖူးသူ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းတွေနဲ့ပတ်သက်ပြီး မကြာခနဆိုသလို ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
 
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ပဋိပက္ခတွေကြောင့် လူ ၁၁၁၄ သေဆုံးပြီး ၈၀၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
 
Ref: UCA News
Photo: Vatican
#voiceofmyanmar #VOM #ဗာတီကန

Related posts

Leave a Comment

VOM News

FREE
VIEW