တရုတ်နိုင်ငံရဲ့ ဒုံးပျံစမ်းသပ်မှု စစ်အေးခေတ်လက်နက်ပြိုင်ဆိုင်လိုဖြစ်ဖို့ နီးကပ်နေ

၀ါရှင်တန်၊ အောက်တိုဘာ-၂၈-၂၀၂၁
မျိုးဆက်(VOM)
 
တရုတ်နိုင်ငံက အသံထက်မြန်တဲ့ သံသယဖြစ်ဖွယ် ဒုံးပျံစမ်းသပ်မှုသည် စစ်အေးခေတ်ကကဲ့သို့ လက်နက်ပြိုင်ဆိုင်မှုတွေဖြစ်ဖို့ နီးကပ်နေပြီဖြစ်ကြောင်း အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးတဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
တရုတ်စစ်ဘက်ဟာ အလျှင်အမြန်ချဲ့ထွင်မှုတွေပြုလုပ်နေတယ်လို့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ မာ့ခ်မီလီက ဘလွန်းဘာ့သတင်းဌာနနဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုပါတယ်။
 
တရုတ်နိုင်ငံရဲ့ အဲဒီဒုံးပျံစမ်းသပ်မှုဟာ အမေရိကန်ကို အံ့အားသင့်စေခဲ့တယ်လို့ ဖိုင်နယ်ရှယ်တိုင်းမ်သတင်းဌာနကလည်း ဖော်ပြထားပါတယ်။
 
တရုတ်နိုင်ငံကတော့ ဘယ်လိုဒုံးပျံမျိုးကိုမှ မစမ်းသပ်ဘူးလို့ ပြောဆိုထားပြီး ဒါဟာအာကာယာဉ်စမ်းသပ်မှုဖြစ်တယ်လို့ ဆိုပါတယ်။
 
မိမိတို့သိထားတာကတော့ ဒါဟာအသံထက်မြန်တဲ့ ဒုံးပျံစမ်းသပ်မှုဆိုတာ အလွန်ထင်ရှားတယ်လို့ ဗိုလ်ချုပ်ကြီး မိုက်မီလီက ဆိုပါတယ်။ ဒါဟာစစ်အေးခေတ်လက်နက်ပြိုင်ဆိုင်မှုလိုဖြစ်ဖို့ နီးကပ်နေပြီလို့ သူကပြောပါတယ်။
 
ဒါဟာ ယခုနှစ်နွေရာသီမှာ တရုတ်နိုင်ငံက ဒုံးပျံစမ်းသပ်မှုနှစ်ခုပြုလုပ်တယ်ဆိုတာကို အမေရိကန်က ပထမဆုံးအကြိမ်တရား၀င် အသိအမှတ်ပြုလိုက်တာဖြစ်ပြီး အဲဒီဒုံးပျံတွေဟာ အမေရိကန်ရဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ကျော်လွှားနိုင်ပြီး နျူကလီးယားတပ်ဆင်နိုင်တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။
 
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW