ရန်ကုန်တိုင်း မြို့နယ်သုံးခုမှာ အုပ်ချုပ်ရေးမှုးနှစ်ဦးနဲ့ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှုးတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး

ရန်ကုန်၊ဒီဇင်ဘာ ၁၊၂၀၂၁
KK(VOM)
 
ဒီနေ့ ဒီဇင်ဘာ ၁ရက်နေ့မှာ ရန်ကုန်တိုင်းက တိုက်ကြီး၊တွံတေး၊ သာကေတမြို့နယ်တွေက ရပ်ကွက်အုပ်ချုပ်ရေးမှုးနှစ်ဦးနဲ့ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှုတဦး သေနတ်ကိုင်ဆောင်သူတွေ
က ပစ်ခတ်ခဲ့လို့ နှစ်ဦးသေဆုံးခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်ပွားရာမြို့နယ်တွေက သိရပါတယ်။
 
တိုက်ကြီးမြို့နယ်၊ အင်္ဂလားကြီးကျေးရွာအုပ်ချုပ်ရေးမှူးကို ဒီကနေ့ ညနေ ၅း၀၀ နာရီက သေနတ်ကိုင်ဆောင်ထားသူတွေ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ အင်္ဂလာကြီးကျေးရွာနေသူတဦးကပြောပါတယ်။
 
သေဆုံးသူမှာ အင်္ဂလားကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးအောင်ဖြစ်ပြီး အင်္ဂလားကြီးကျေးရွာမှ အင်္ဂလားလေးကျေးရွာကို အလုပ်ကိစွ ဆိုင်ကယ်နဲ့သွားတာမှာ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။
 
ဒီကနေ့ မနက် ၁၀ နာရီခွဲကလည်း တွံတေးမြို့နယ်၊ တွံတေး-မအူပင်သွားကားလမ်းမှာ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးစည်းရုံးရေးမှူးကို သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ရေကျော်လေးကျေးရွာနေသူတဦးက ပြောပါတယ်။
 
“နှစ်ယောက်အပစ်ခံရတာဗျ ဦးလေးဖြစ်သူက သေတယ် တူကတော့ဆေးရုံတင် ထားရတယ် အခြေအနေမကောင်းမကောင်းဘူး သေတာက ပြည်ခိုင်ဖြိုးစည်းရုံးရေးမှုပါ”လို့ သူကပြောပါတယ်။
 
ရေကျော်လေးကျေးရွာ၊ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူး ဦးကျော်ညွှန့် မှာတူဖြစ်သူ နဲ့ မြဂိုးကျေးရွာကို ဆိုင်ကယ်နံဈေး ဝယ်အသွား မိုင်တိုင် (၁၈/၂၉) ကြားမှာ ဆိုင်ကယ်နဲ့နောက်တစီးနဲ့ လိုက်လာသူနှစ်ဦးက သေနတ် နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
အလားတူ သာကေတမြို့နယ်၊ (၆/အနောက်ရပ်ကွက်)၊ ဝေဇယန္တာ (၁၃) လမ်းမှာလည်း ဒီကနေ့မနက် ၈နာရီက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကို သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။
 
သေဆုံးသူဟာ သာကေတမြို့နယ် ၆/အရှေ့ရပ်ကွက် ရာအိမ်မှူးဦးဝင်းကြိုင်ဆိုသူဖြစ်ပြီး ဝေဇယန္တာ ၁၃ လမ်းက ထူးလက်ဘက်ရည်ဆိုင်မှာထိုင်နေတုန်း သေနတ်ပစ်ခတ်ခံရလို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ နှစ်ဖက်ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #တွံတေး #သာကေတ #တိုက်ကြီး

Related posts

Leave a Comment

VOM News

FREE
VIEW