“ဆရာတို့ ထမင်းကျွေးနေလို့၊ ထမင်းစားဖို့အတွက် မဟုတ်တာလုပ်ချင်တဲ့စိတ်တွေ ပျောက်သွားခဲ့ရပါတယ်”

နေပြည်တော်၊ ဒီဇင်ဘာ- ၄- ၂၀၂၁
KT(VOM)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မန္တလေးလမ်း၊ အမှတ် ၅၄၁၃ (ဂ) မှာရှိတဲ့ ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး က အနီးဝန်းကျင်မှာနေထိုင်ကြတဲ့ စီးပွားရေးအဆင်မပြေ၊ အလုပ်အကိုင်အဆင်မပြေလို့ စားရေးသောက်ရေး ခက်ခဲ့နေကြတဲ့ ပြည်သူတွေကို ထမင်းအလကား ကျွေးနေတာ တစ်နှစ်ကျော်ရှိပြီဖြစ်တယ်လို့ အလှူရှင်ဖြစ်တဲ့ ဦးစိုးလှမြင့်က VOM ကိုပြောပါတယ်။

“ ပြည်သူတွေအခက်အခဲရှိနေချိန် ပြည်သူကို ပြည်သူက ပြန်ကူညီတာပါ။ စပြီးကြွေးစဉ်က လူ ၄၀/၅၀ လောက်ရှိမယ်လို့ ခန့်မှန်းခဲ့တာပေါ့နော် စနစ်တကျကျွေးတာကြောင့် လူ ၁၀၀ ကျော်၂၀၀ လောက် ဖြစ်လာပါတယ်။ အဝကျွေးတာပါ ကျွန်တော်ဒါနပြုလှူဒါန်းနေတာ ဒီနေ့ဆို ရက်ပေါင်း ၄၈၆ ရက်ရှိပါပြီ” လို့ ဦးစိုးလှမြင့်ကပြောပါတယ်။

ညနေပိုင်းမှာ ထမင်းကျွေးတဲ့ အလှူကိုလုပ်လာတာ ရက်ပေါင်း ၄၈၇ ရက်ရှိနေပြီဖြစ်ပြီး၊ ပြည်သူတွေက စားဝတ်နေရေး ပိုပြီး ခက်ခဲလာကြတဲ့အတွက် မနက်ပိုင်း ထမင်းကျွေးတဲ့ အစီအစဉ်ကိုတိုးပြီး ပြုလုပ်လာတာကတော့ ၄၇ ရက်ရှိပြီလို့ သိရပါတယ်။

ဦးစိုးလှမြင့်ဟာ ထိုက်သူပန် တိုင်းရင်းဆေးထုတ်လုပ်ရေး ကို ဦးဆောင်သူဖြစ်ပြီး အခက်အ ခဲဖြစ်နေတဲ့ ပြည်သူတွေအတွက်ရည်ရွယ်ကာ ပိတ်ရက်မရှိတဲ့ ထိုက်သူပန် ကုသိုလ်ဖြစ် အခမဲ့ ဆေးခန်းလည်း ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

“ထိုက်သူပန်ကုသိုလ်ဖြစ်ဆေးခန်းဖွင့်ထားပါတယ်။ ဆရာဝန်တစ်ယောက်ထိုင်ပါတယ်။ ECG စက်တွေရှိပါတယ်။ ဆေးခန်းကို ၂၀၁၇ ကစဖွင့်တာပါ။ ပိတ်ရက်မရှိပါဘူး Covid ကာလမှာလည်း ဖွင့်ပါတယ်။ ဆေးခန်းကတော့၊ နေ့ထူးနေမြတ်တွေမှာ နေပြည်တော်အနီးဝန်းကျင်က ရွာတွေကို ဆေးကုပေး ပါတယ်။ သွားဆရာဝန်၊ မျက်စိကုဆရာဝန်၊ အထွေထွေရောဂါကုဆရာဝန်တွေပါပါတယ်။ ဆံပင်ညှပ်ချ င်တဲ့သူတွေအတွက် ဆံပင်ညှပ်ဆရာတွေပါပါတယ်။ ကျန်းမာရေးဌာနနဲ့ တိုင်ပင်ပြီး ဘယ်ရွာတွေကို သွားသင့်တယ်ဆိုတဲ့ လမ်းညွှန်မှုခံယူပါတယ်” လို့ ဦးစိုးလှမြင့်က ပြောပါတယ်။

ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးရဲ့ ထမင်းကျွေးတဲ့ အလှူပြုလုပ်လာတာ မကြာမီရက်ပိုင်း အတွင်းမှာ ရက်ပေါင်း ၅၀၀ ပြည့်တော့မှာ ဖြစ်တဲ့အတွက် ရက် ၅၀၀ ပြည့် အထိမ်းအမှတ်မှာ စောင် အထည် ၁၀၀၀ ကျော်ကို လှူဒါန်းပြီး ကြက်သားဒံပေါက်ကျွေးသွားမယ်လို့လည်း သိရပါတယ်။

ကျတော်တို့ ထမင်းကျွေးခဲ့စဉ်က လူတစ်ယောက်က ပြောတာပေါ့နော် “ဆရာတို့ ထမင်းကျွေးနေလို့ ထမင်းစားဖို့အတွက် မဟုတ်တာလုပ်ချင်တဲ့စိတ်တွေ ပျောက်သွားခဲ့တာပါ” လို့ ပြောတော့ စိတ်ထဲမှာ တော်တော်ပီတိဖြစ်မိပါတယ်။ ဒါ့ကြောင့်လည်း လှူဖို့ ဆက်ပြီးဖြစ်လာတာပါလို့ ဦးစိုးလှမြင့် ကပြောပါတယ်။

ထိုက်သူပန် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးကနေ ထမင်းကျွေးတဲ့အစီအစဉ်ကို ရေရှည်သွားမှာဖြစ်တာကြောင့် အလှူရှင်တွေကိုလည်း လက်ခံပေးနေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ထိုက်သူပန် #ထမင်းကျွေးအလှူ #Naypyitaw #နေပြည်တော်

Youtube Link – https://youtu.be/KtrZEWslYZk

Related posts

Leave a Comment

VOM News

FREE
VIEW